Powered By Blogger

Friday, June 26, 2015

မေးခွန်းတွေတစ်ချို့ မှာ



မေးခွန်းတွေတစ်ချို့ မှာကိုက ခေတ်စနစ်ကို ထင်ဟတ်နေတာတွေပါတယ်.....ကျနော်လုပ်လာသမျှ သက်တမ်းမှာ စကားပြန်တွေနဲ့ လာသမျှ အမေရိကားက ဥရောပက ဂျပန်က စလုံးက ဘယ်နိုင်ငံခြားသားမှ  ကားဝယ်ရင် ကောင်းမကောင်း ၀င်ကိန်း ရှိမရှိ မေးတာမျိုး တစ်ခါမှ မခံခဲ့ ရဘူး...ကိုယ့် ပြည်တွင်းသားတွေကချည်း မေးတာ..ထူးဆန်းတယ် ပြည်တွင်းသား ဘောစိတွေကပါ ကားဝယ်ရင် ကားအသစ်လဲရင် ကောင်းမကောင်းတဲ့ ....

အဲ့ ဒီ့ ကားဝယ်ရင်ကောင်းမကောင်း ဆိုတဲ့ မေးခွန်းက ဘယ်ကစဖြစ်လာတာလဲ ဘာလို့  အဲ့ လိုမေးချင်စိတ်ပေါက်ရတာလဲ ဘာကိုကြောက်လို့ လဲ ဘာတွေမြင်သိထားလို့ လဲ ဘာတွေကြုံဖူးထားလို့ လဲ တစ်ခုခုကို ကြောက်လို့ ပါဆိုရင် အဲ့ ဒီတစ်ခုခု ဆိုတဲ့ အကြောက်တရားက ဘာလဲ ပိုက်ဆံနဲ့ ဆိုင်လား အသက်နဲ့ ဆိုင်လို့ လား..ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်ကြားမှာတော့  ကားဝင်ကိန်းရှိမရှိတွေ ကားဝယ်ရင်ကောင်းမကောင်းဆိုတဲ့ မေးခွန်းမျိုးတွေ မပေါ်လောက်သေးဘူး....စသဖြင့် ပေါ့ ....မေးခွန်းလေးတစ်ခု ရဲ့ ဇာစ်မြစ်ကို လိုက်တွေးရတာ ပျော်စရာကောင်းတယ်...နောက်.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..