Powered By Blogger

Friday, June 26, 2015

သန်းခေါင်တော့ ကျော်ခဲ့ ပြီ.......


သန်းခေါင်တော့ ကျော်ခဲ့ ပြီ.......

အိမ်ပြင်ဘက်မှာ မိုးသံတွေ တဖြောက်ဖြောက်နဲ့ ကြားနေရတယ် လေအေးလေးတွေကလည်း တစ်ချက်တစ်ချက် ဝှေ့ ကနဲ ဝှေ့ ကနဲ တိုက်တိုက်သွားတာ အေးကနဲပဲ

လေအေးလေးတွေ ၀င်ဝင်လာတာနဲ့  သွပ်းပြားပေါ် တာလဘတ်ပေါ် ပန်းရုံလေးတွေပေါ် မိုးပေါက်ကျသံလေးတွေနဲ့ က သံစဉ်အေးလေးတစ်ခု နားထဲ သာသာယာယာလေး လာရိုက်ခတ်နေသလိုပါပဲ

လမ်းမဘက်မှာတော့  မိုးမှောင်ကြောင့်  အလင်းဖြော့ နေလို့  စိတ်ခြောက်ခြားချင်စရာကောင်းအောင် နဲနဲမှောင်နေတယ်   လူသွားလူလာရော ကားသံပါ ပြတ်နေလို့  တစ်လောကလုံးငြိမ်နေသလိုပဲ  မိုးသံတွေသာ အဆက်မပြတ်ကြားနေရတယ် ဒီလိုညကြီး တစ်အိမ်လုံးမှာကိုယ့် တစ်ယောက်ထဲ အိပ်မပျော်သေးဘူး ပျော်လု ပျော်ခင်တော့ ဖြစ်နေပြီ  အိပ်ပစ်ရမှာကလည်း ဒီလို မိုးညသံချိုမျိုးလေးနဲ့ ညမျိုးကို နှမျောစရာ မအိပ်ပစ်ရက်.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..