Powered By Blogger

Friday, June 26, 2015

သိမ်ဝင်ချည်မန်းကွင်းထဲမှာ န၀င်းထိုင်ရင် ပြန်ရတဲ့ သက်ရောက်မှု့ က


သိမ်ဝင်ချည်မန်းကွင်းထဲမှာ န၀င်းထိုင်ရင် ပြန်ရတဲ့ သက်ရောက်မှု့ က
----
ပယောဂတွေ စုန်းတိုက်နတ်တိုက်တွေကိစ္စတော့ ကျနော်က လိုင်းမပူးတော့ ပဲ ရှောင်ခဲ့ လို့  ကိုယ့် ကိုယ် တိုက်မတိုက်တွေဘာတွေ မသိဘူး ဒီနေ့ အထိကတော့  အေးဆေးပဲပေါ့  သူများ အပူးအခွာတွေကိုလည်း စစချင်းမှာ လာကြုံကြပေမယ့်  ကျနော်က ပုတ်ထုတ်ခဲ့ လို့  နောက်တော့ လာမပတ်သက်ကြတော့ ဘူး အဲ့ တော့  အဲ့ လိုင်းတွေ ကျနော့် ဆီမှာ လာမပတ်သက်ကြတော့ ဘူး..



နောက်ထူးခြားလာတာတွေက စိတ်ကတောင့် တရင် အဲ့ တောင့် တမိတာတွေကလည်း ''''ကိုယ့် ဘ၀အတွက်တကယ်လိုတာတွေ ဖြစ်နေရင် '' သိပ်မကြာခင် ရရလာလေ့ ရှိလာတယ်....အဲ့ ထဲမှာ ငွေကြေးတွေနဲ့  ပစ္စည်းတွေ အနဲဆုံး တစ်ခုခုစားချင်လိုက်တာဆိုတာမျိုးတွေးလိုက်တာနဲ့ ရရလာလေ့ ရှိလာတယ်

ပြီးတော့ ဘာမှ မယ်မယ်ရရ မကျင့် ရပဲ အာစက်လျှာစက် တစ်ချို့ ရလာတယ် ..တစ်ခါတစ်လေ သီအိုရီဘေ့ စစ်တွေ ဘာမှ မပါပါဘဲ စိတ်ကဖြတ်ကနဲ ပေါ်လာတဲ့  ယတြာတွေ ပေးလိုက်တာတာင် အကြောတဲ့ သွားတတ်တယ်

ကိုယ်နဲ့ ပတ်သက်လာတဲ့ သူဟာ ကိုယ်က စေတနာထားခဲ့ ရဲ့ သားနဲ့ အဲ့ သူက ကိုယ့် အပေါ်ကောက်ကျစ်သွားတယ်လို့  ခံစားမိလိုက်ပြီး တစ်စုံတစ်ယောက်ကို စိတ်ကအရမ်းဆိုးမိလိုက်တာနဲ့  အဲ့ တစ်စုံတစ်ယောက်ဟာဖယိုဖရဲတွေဖြစ်သွားတတ်တာ သတိထားမိလာတယ် ...
( ၀မ်းတွင်းစုန်းပုံစံလိုဖြစ်လာလို့ ကျနော်က အဲ့ ဒါကို မကြိုက်ဘူးး ဒီသိမ်ဝင်မထိုင်ခင်က ဆရာကြီးတို့ ဆရာတို့ က မှာတယ် ဒေါသစိတ်ကိုလျှော့ ပါ လူတိုင်းအပေါ်မေတ္တာထားပါလို့ မှာတယ် သူငယ်ချင်းက လူကမှန်သလောက် သူ့ ကို မရိုးသားတော့ ဘူးဆိုရင်စိတ်ထွက်လွယ်လို့  သူ့ ကိုပိုသတိပေးခဲ့ တယ.်)

နောက်တစ်ချက်က အတော်များများ ဖြစ်ချင်နေတဲ့  ငွေရလွယ်တာမျိုး နဲ့  ဘိုင်ပြတ်သွားတယ်ဆိုတာတွေ မဖြစ်တော့ ဘူး......နောက်တစ်ချက်ကကိုယ့် ဘ၀အတွက် ထူးခြားတစ်ခုခုတွေ ဖြစ်တော့ မယ်ဆိုရင် လှိုင်းတွေအရင်ရိုက်ခတ်လာတာမျိုးတွေ ကြုံရပြီးကြိုသိလာတတ်ပါတယ်

ပြန်ပေးခဲ့ ရတာက အရက်သေစာ နဲ့  မိန်းမအပျော်သဘောပါ (အိမ်ရာအတည်တကျထူထောင်တာနဲ့ မဆိုင်ပါ) တောင့် တရင် ဖြစ်လာတတ်တဲ့ စိတ်စွမ်းအင်တစ်ချို့ ရလာသလိုကလည်း ထူးဆန်းချက်က အဲ့ ဒီ တစ်ခါ သာ ကျနော့် ဘ၀မှာ အဓိဌာန်ပုတီး ၉ရက်စိတ်ဖူးတာကလွဲလို့  ဒီနေ့ အထိ ဥပုဒ်မစောင့် ဖူးသေး အဓိဌာန်ပုတီးထပ်မစိတ်ဖူးသေး အသားမရှောင်ဖူးသေးဘူး...

သဘောက စိတ်စွမ်းအင် တစ်ချို့  မယ်မယ်ရရ မကျင့် ရ အားမထုတ်ရပဲ ရချင်ရင် ဒီနည်းက အလွယ်လေးရနိုင်တယ်ပေါ့ လေ....အဲ့  အဲ့ ဒါထိုင်ပြီး တစ်ခါတစ်လေပဲ အရက်လေးတစ်ပက်လောက်တော့ ကစ်လိုက်မယ်ဆိုလို့ ကတော့  နေ့ ချင်းမကူးပဲ သွေးပါအံသွားနိုင်ပါတယ်...ပုံမှန်ဘ၀ကနေ ဖယိုဖရဲတွေဖြစ်သွားနိုင်တယ်

(ထိုင်နေတဲ့ ၉ ရက်မှာ အဖျက်က ကာမစိတ်တွေ ပုံမှန်ထက် အလွန်ထိုးတက်လာတာမျိုးပါ...နောက် အဖျက်တစ်ချို့ ရှိပါတယ်)

သိမ်ဝင်ချည်မန်းကွင်းထဲမှာ အဓိဌာန် ၉ ရက် ပုတီးစိတ်တာကို ဘာန၀င်းမှ ပေးမထိုင်းပေးပဲ  အဲ့  သိမ်ဝင်ချည်မန်းကွင်းကြီးပဲ လုပ်ပေးလိုက်ပြီး အလွတ် ၉ရင်လောက် ထိုင် ပုတီးစိတ်ကြည့် လိုက်ပါ လို့  ဘိုးတော်လိုလို သာသနာပြုတော့ မလိုလို ဘုရားတွေလျှောက်တည်နေသလိုလို လူတစ်ယောက်ကို ပေးလိုက်လို့  (စမ်းကြည့် ခဲ့ တာပါ )  အဲ့ လူက ကျေးဇူးတွေတင်ပြီး ရိုးရိုးလေးပဲ ထိုင်ပုတီးစိတ်ပြီးနောက်မှာ  အရင်က လူရာမ၀င်သလို ဖြစ်နေတဲ့ သဘော ငွေကြေး ဖတ်သီဖတ်သီဖြစ်နေတဲ့ သဘော သူများခိုင်းဖတ်ဖြစ်နေတဲ့ သဘောကနေ  အရင်ထက် လူရာဝင်လာတယ်  လာဘ်ရွှင်လာတယ် လူစည်လာတယ် ......နောက်တော့ သူ့ ဟာသူ သီလပျက်သွားတော့ အရင်လိုပဲ ဒုံရင်း ဒုံရင်းပြန်ဖြစ်သွားတယ်..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..