Powered By Blogger
Friday, June 26, 2015
ရိုးသားတယ်ဆိုတဲ့ သူတွေမှာ..
ရိုးသားတယ်ဆိုတဲ့ သူတွေမှာ..
---
ရိုးသားသူ ဆိုတဲ့ ဂုဏ်ရည်က ဘာလဲလို့ စတွေးပြီး ရိုးသားသူလို့ တံဆိပ်အတပ်ခံရတဲ့ သူတွေ ကို ကြည့် တဲ့ အခါ....သူတွေတွေမှာ တူညီပြီး ထင်ရှားရှိနေတဲ့ အချက်တွေက ...
သူတို့ တွေဟာ သူတို့ ကြောင့်  သူများတွေ ဒုက္ခရောက်သွားမှာကို စိုးရိမ်ကြတယ် သူတို့ ရဖို့ အတွက်ဆိုပြီး သူများတွေအပေါ်မှာ နင်းပြီး ပိုက်ဆံမရှာတတ်ကြဘူး သူတို့ ကိုယ်တိုင် ဒုက္ခရောက်တဲ့ အခါမှာ သူတို့ ယုံတဲ့ ဘုရားတို့  ကံတို့ ကိုပဲ လွယ်လွယ် ပုံချလိုက်တတ်ကြတယ် ...သူတို့ ဟာ အလကားနေရင်း စိတ်တိုနေခဲတယ်
သူတို့ ဟာ ပျော်ပျော်ပါးပါးနေထိုင်ရတဲ့ ဘ၀ကိုကြိုက်တတ်တယ် သူတို့ ဟာ အလွန် အမင်းကြွယ်ဝတာ မျိုးထက် မရှိမရှား ဘုရားသွား ကျောင်းတက် အေးချမ်းတဲ့  မိသားစုဘ၀လေးမျိုးကို ပိုတောင့် တတတ်ကြတယ်  သူတို့ ဟာ သူတို့ ဒုက္ခရောက်ချိန်မှာ သူတိုတွေ မြင်လေ့ ရှိတဲ့ အမြင်က  ဘုရားက ဒီလောက်ပဲပေးထားလို့ တို့ ဘုရားသခင် အလိုတော်အတိုင်းပဲတို့  ငါက ကုသိုလ်နဲခဲ့ တာကိုးတို့  အတိတ်ကံမကောင်းလို့ တို့ ဆိုပြီး ကိုယ့် ကိုယ်ကိုသာအရင် ပြန်မြင်လိုက်လေ့ ရှိတယ် သူတို့ ယုံကြည်ရာကို ရိုးရိုးသားသားပဲ ယုံကြည်ထားတတ်ကြတယ်
 လူပီပီ ချစ်တတ်မုန်းတတ်ပေမယ့်  အများအားဖြင့် ချစ်တတ် မေတ္တာထားတတ်တဲ့ စိတ်က ပိုများနေတတ်တာ သနားစရာမြင်ရင် နောက်ကြောင်းမကြည့် ပဲ သနားစိတ်ဝင်လွယ်သွားတာမျိုးတွေ ခွင်လွှတ် လွယ်တာမျိုးတွေ စိတ်သိပ်နာသွားရင်တာ့ တနုံ့ နုံ့ ခံစားပြီး နာနေတတ်ကြတာ
သူများကြီးပွားနေတာမြင်ရင် ဘာကြောင့် ကြီးပွားကြောင်း စမ်းစစ်နေလေ့ မရှိပဲ  ကုသိုလ်ကောင်းကြလိုက်တာလို့ ပဲ အလွယ်ပြောပြီး ၀မ်းသာပေးလိုက်တတ်တာ ကိုယ့် ဟင်းတုံးကို ကိုယ်အငတ်ခံပြီး ကိုယ်သဒ္ဒါတဲ့ သူကို ကိုယ်သနားမိတဲ့ သူကို ဖဲ့ ပေးလိုက်ဖို့ ဝန်မလေးတာမျိုးတွေမှာ တူနေတာတွေ့ ရတယ်
-------------
အမငီး..အာ့ မျိုးဆို ..နာက မရိုးတရိုးကြီးလိုလိုပဲ..အဟီးးးးးခ်ခ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..