အစားတွေ ၀ိုင်းစား စကားတွေဝိုင်းဖေါင်ဖွဲ့ ရင်းက ဧ၀ံ မေ သုတံ
-----------
ဂျမ်းရှင်းက ဂိမ်းစက်မှာ ရှုံးပြီး အကြွေးတွေလည်ပင်းခိုက်သွားတဲ့ သူတွေ ရွှေထည်တွေပြုတ်သွားတဲ့ သူတွေ နယ်မှာဆို ခြံဝိုင်းအိမ်ဝိုင်းအထိပါ ပြုတ်သွားတဲ့ သူတွေ အဲ့ အရှုံးသမားတွေထဲမှာ ကားဆွဲနေတဲ့ တက္ကစီဆရာသမားတွေတင်မကဘူး သူရို့ မိန်းမတွေ ဈေးသည်မိန်းမတေါပါ ဂိမ်းစွဲနေလို့  တစ်ချို့  လင်မယားတွေမှာ လင်က ရွဲ့ ပြီး သူပါ လိုက် ဂိမ်း လိုက်တာ လင်မယား ၂ ယောက်စလုံး ဂိမ်းစွဲပြီး အကြွေးတွေပိ ဂိန် သွားတဲ့ အကြောင်းတွေ ထိုင်ပြောနေကြတော့ ....ဂိမ်းစက်ကို ခပ်လှမ်းလှမ်းကသာ မြင်ဘူးတဲ့  ကိုယ်တွေမှာ အံ့ တွေသြလို့ ပေါ့ .....
'''ဟုတ်လား အဲ့ လောက်တောင်ပဲလား '''' အစားတစ်လုပ်ကို ပါးစပ်ထဲကောက်ထဲ့ ရင် အံ့ သြတစ်ကြီးလို့ ဆိုလိုက်တော့  .....ချုပ်လိုက်ရင် နဂိုကတည်းက ငါးပြားတစိတောင် အရှုံးမခံနိုင်လို့  ဂေါ်လီတောင် ပိုက်ဆံကြေးဆို ရှုံးမှာ စိုးလို့  မရိုက်ခဲ့ တာမျိုးက စပြီး ဘာလောင်းကစားမှ ၀င်မပတ်သူတွေ အတွက်ကတော့  ဂိမ်းကနေ တစ်ခါတစ်လေ ကံစွတ်ပြီး အံမယ့် အလှည့် ရောက်နေတုန်း ကိုယ်ကလည်းစကစားမိတုန်း ထရတတ်တဲ ၅ထောင်လောက်ကို စိတ်မ၀င်စားတတ်တာကို ပြန်တွေးမိသလို.....ဂိမ်းစက် အထာနားလည်သူင်္ကြီးတစ်ယောက် (ထောင်ဘူးသလားတောင်မသိ)..ရဲ့  သြ၀ါဒကထာကတော့  နဂိုကတည်းက စက်က ၁၀၀ စားပြီးချိန်မှာ ၂၀လောက်ပြန်ထုတ် အပေးပြလိုက်တဲ့  စတိုင်မျိုး နည်းပညာနဲ့ ကို ဆင်ထားတဲ့  စက်တွေဖြစ်လို့ 
အကြွေစေ့ လော်လီနဲ့ ယူလာတိုက်ကစားလဲ အချိန်တန်ရင် ရှုံးကို ရှုံးရမယ်လို့ ဆိုလာတဲ့ အခါ...
ဒါနဲ့  လျင်မြန်လှသော ဘယ်ညာလက်အစုံ ကျယ်ပြန့် သွက်လက်လှပါသော ပါးစပ်ပေါက်ကြီးတွေရဲ့  သွက်လက်ကျေညက်သာ လှုပ်ရှားမှု့ များနဲ့ အတူ အစားတွေ ၀ိုင်းစား စကားတွေ ၀ိုင်းဖေါင်ဖွဲ့ ရင်းက ဧ၀ံ မေ သုတံ ဤသို့  အံ့ ဖွယ်သုတ ကြားလိုက်ရတဲ့  မှတ်ချက်လေးတစ်ခုက ''''ကျူရှင်သင်စားရတာကလည်း ဈေးရောင်းစားရသလိုပဲ ကာစတန်မာအမျိုးမျိုးနဲ့  ဆက်ဆံရသလိုဖြစ်နေပြီ.'''..လို့  ဆိုလာတဲ့ အခါ.ရယ်ရကောင်းနိုးနိုး..အဲ ရယ်လိုက်တာပဲကောင်းပါတယ်လို့ တွေးပြီး.......'''ဟားးးး.အမငီး..ရှီးးး...ပူထှာ ကြေးအိုးက....ခ်ခ်ခ်'''
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..