Powered By Blogger

Friday, June 26, 2015

အင်္ဂါသား ၂ ယောက်တို့ သည်...


အင်္ဂါသား ၂ ယောက်တို့ သည်...
---------
ကျနော်တို့ ပတ်ဝန်းကျင်မှာကိုက ကိုယ့် ဘ၀အတွက် လေ့ လာစရာတွေ အများကြီးပဲ....အဲ့ ဒါကိုက မပျင်းရဘူးဖြစ်နေတာမျိုးပဲ..ထူးထူးခြားခြား အမျိုးထဲမှာ ခေတ်ပြိုင် ရွယ်တူ ဦးလေး ၂ယောက်ရှိတယ်..၂ ယောက်စလုံး ဒေါင်ခြားစိုင်းနေအောင် မူးပြဲနေတတ်တဲ့  လူတွေချည်းပဲ စိတ်ကောင်းရှိတာတွေ တူတယ်
လက်ကြော သိပ်မတင်းချင်တာတွေတူတယ် ဖင်ပေါ့ တာတွေတူတယ် မိုက်သွေးကြွတတ်တာတွေ တူတယ်..စိတ်မြန်လက်မြန်ကြတာတူတယ် ၀ူးဝူးဝါးဝါးထထလုပ်တာတူတယ် ပျော်တတ်တာတူ စကားလုံးကြီးကြီးပြောတတ်တာတွေတူတယ် ထေ့ ငေါ့ ပြောတတ်တာတွေတူတယ်...



သိပ်ကွာသွားတာက တစ်ယောက်က မူးလာရင်အိမ်သူ/သားကိုရစ်တယ် အရပ်ကိုဆဲတယ်...အဲ့ ကနေ ခဏခဏပြဿနာတက်တယ် ခဏခဏ သူရိုက် ကိုယ်ရိုက်တွေဖြစ်တယ် ဘိုင်ပြတ်ပြတ်သွားတတ်တယ်.စိတ်လည်းမြန်တယ် ကရာတေးလည်းတတ်ထားတယ် ..တစ်သက်တာမှာ ပုတီးကိုယ်ပိုင်ရှိမသွားဘူး.ကိုယ့် ဖာသာကိုယ့် အတွက်ကိုယ် ဘုရားရှိခိုးခဲတယ်.

.နောက်တစ်ယောက်ကတော့  ထူးဆန်းတယ် မမူးမပြဲချိန်မှာ ဘုရားစာ တတွတ်တွတ်ရွတ်နေတတ်တယ် သီချင်းလိုတောင်အသံအနိမ့် အမြင့် နဲ့ လုပ်ရွတ်လိုက်တတ်သေးတယ်...မူးပြီးသူ့ အိမ်ပြန်ရင် ဘုရားစာရွတ်ပြန်တတ်တယ် ပုတီးကိုင်တတ်တယ်.အိမ်ကိုသိပ်မဖြဲဘူး.စိတ်တော့ မြန်တယ်..ဘိုင်သိပ်ပြတ်သွားလေ့ မရှိသလို ပြဿနာလည်း မဖြစ်သွားဘူး ရန်ပွဲလဲမနွှဲခဲ့ ရဘူး...သူ့ ကို အရက်တိုက်မယ့် သူတွေပေါတယ်....

၂ယောက်စလုံးက အင်္ဂါသားတွေချည်းပဲ ခုတော့  ၂ ယောက်စလုံးရှောသွားပြီ...သူ့ နည်းသူ့ ဟန်နဲ့ တော့ သေပုံလေးမဆိုးဘူးပြောလို့ ရလောက်တယ်..ပုံမှန်ရောဂါတစ်ခုခုနဲ့ ပါပဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..