Powered By Blogger

Friday, June 26, 2015

ပညာသုံး အတွေး သဘော


ပညာသုံး အတွေး သဘော
----
မွေးနှစ်ရော မွေးချိန်အရပါ မရဏအိမ်ရဲ့ သတ္တိက အတော်လေး အံ့ သြစရာကောင်းပါတယ် လက်တွေ့ မြင်ရ သိရတာကိုသာ မဟာဘုတ်နဲ့ တိုက်ဆိုင် မကြည့် ရင် သာမန်သဘောလောက်ပဲ ထင်စရာရှိပါတယ်  ဆိုပါတော့ တကယ် ဖြစ်ခဲ့ တာတွေထဲက တစ်ခုက

အစာအိမ်က ပြဿနာရှာတာခံရတာချင်းအတူတူတောင် ၅ကြွင်းက နာတာရှည်သဘော ဆန်ပြီး ချက်ချင်း သေလွယ်ပျက်လွယ် မဖြစ်တတ်ပေမယ့်  အစာအိမ်သွေးကြောပေါက်တာ ပိတ်မရတော့ ပဲ သွေးထွက်လွန်ပြီး ကွိသွားချက်က နောက်ကနေ သွေးလိုက်သွင်းတာတောင်မမှီတော့ လောက်အောင် ဖြစ်သွားတာဟာ  ၃ကြွင်းမွေးတွေရဲ့  သောကြာနံ မရဏ သွေးနီဥုပြဿနာ သဘောဆိုတာ သတိပြုထားလိုက်လို့ ရသလို

၁ကြွင်းရဲ့ အစာအိမ်ပြဿနာက  လေ ပြဿနာ ဦးစီးနေတာ ၀မ်းကိုက်ပိုးသဘောဆန်တာ သုညရဲ့ အစာအိမ်က စိတ်လှုပ်ရှားမှု့ ကလာတတ်တာ ဆေးသောက်တာလွန်သွားတာမျိုး  ၂ကြွင်းက အစာအိမ်လိုလိုကနေ အူမကြီးဘက် သွားရစ်တာ ၆ကြွင်းကတော့  အစာအိမ်လို့ အမည်တပ်ရခက်ပြီးဖြစ်ခဲတာ ၄ကြွင်းအစာအိမ်က အစာအိမ်ပိုးကြောင် သဘော နဲ့ သွေးအဆိပ်သွေးချုပ်သဘောကနေလာတတ်တာ။

ဒီတော့  ဗိုက်ခွဲတာချင်းအတူတူ ၄ကြွင်းနဲ့ ၃ကြွင်းတွေက လိုရလိုမယ် အရံသင့် အဖြစ် သွေး အပိုရှိမယ့် နေရာလေးကြိုပြီးတွေးထားဖို့ လိုကောင်းလိုမယ်ဆိုတဲ့  ပညာအသုံး အတွေး သဘော ရလာပါတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..