Powered By Blogger

Friday, June 26, 2015

အများဆိုင်ရာ ဟောကိန်းမှ တစ်ဦးချင်း ဘ၀ခရီးအတွက် သဘောတရားကို ဆွဲထုတ်တဲ့ အခါ



အများဆိုင်ရာ ဟောကိန်းမှ တစ်ဦးချင်း ဘ၀ခရီးအတွက် သဘောတရားကို ဆွဲထုတ်တဲ့ အခါ
------------------
ဗေဒင်ကို လိုင်းပူးကာစက သူလို ကိုယ်လိုပါပဲ အများဆိုင်ရာ ဗေဒင်သဘော အတိတ်နမိတ်သဘောတွေကို စိတ်ဝင်စားခဲ့ တာပါပဲဗျာ...နောက်တော့  ကိုယ့် ရှေ့ က ကိုယ့် ကြားဆရာ မြင်ဆရာ ဆရာသ္ခင်တွေရဲ့  ဖယိုဖရဲ အဖြစ်တွေကို ကြည့် ပြီးတော့ ရယ် ။ (ကိုယ့် အတ္တသဘောကြောင့် ) ကိုယ့် ဘ၀ဖြစ်တည်မှု့ ကို ထိခိုက် နိုင်ခြေတွေ ရှိလာနိုင်တာတွေကို တွက်ပြီးတော့ ရယ်။  ပြီးတော့  ကိုယ် ဟာ အများကို ဗေဒင်နဲ့ အန်တာတိမ့် မန့် ဆန်ဆန် ဖျော်ဖြေရေးလို လုပ်နေတဲ့ အူကြောင်ကြောင်ကောင်လို့  အထင် မခံနိုင်တာရယ်။  ဗေဒင်ကို စိတ်ဝင်စားလားအောင် လူတွေကို ဆွယ်နေသလိုမျိုးလို့  အထင်မခံနိုင်တာရယ် ။ စသဖြင့် တွေ  တွေးပြီး အများဆိုင်ရာ ဗေဒင်သဘောတွေ တွက်ကိန်းတွေ နမိတ်ဖတ်တာတွေ မလုပ်တော့ တာပါပဲ ။ ကိုယ့် စီလာတဲ့ သူတွေရဲ့ ကိုယ်ရေးကိုယ်တာသဘော ၀မ်းဘိုင်ဝမ်းသဘော နောက်ကိုသာ အာရုံပြုလိုက်တော့ တယ်...



ဒါပေမယ့် အများဆိုင်ရာသဘောတွေကို တိတ်တခိုးတွက် စောင့် ကြည့် တာမျိုးတော့ လုပ်ချင်စိတ်ပေါက်လာရင် လုပ်ကြည့် တတ်ပါတယ် င်္ဒီလို လုပ်ကြည့် တာက လည်း ကိုယ့် စီလာတဲ့ သူတွေ အတွက် ခန့် မှန်းကိန်းတွေ ပြောပြတဲ့ အခါ တစ်ဖက်တစ်လမ်းက အထောက်အကူရအောင်ဆိုတဲ့ သဘောလောက်ပါပဲ

အများအတွက် ခန့် မှန်းကိန်းတွေ မပြောတတ်ပါဘူး တစ်ခါတစ်လေတော့  ယေဘူယျဆန်တဲ့  မဟာဘုတ် မရဏအကြောင်းတော့  အပျင်းပြေပြောတတ်ပြန်ပါတယ် ဆိုပါတော့  ၄ ကြွင်းနှစ်မှာ စနေနံ မရဏ ထိုင်သွားလို့ ဓါတ်လိုက်ရှောမယ့် သူတွေ ပေါမယ့် ပုံပဲ လို့ ကြိုပြီး ထောက်ကြည့် ပြတဲ့ အခါ  တိုက်ဆိုင်မှု့ အရ ၂၀၁၄ မှာ ဓါတ်လိုက်ရှောတဲ့ လူဦးရေဟာ အရင်နှစ်တွေထက် သတိထားမိလောက်အောင်ကိုး အများကြီးဖြစ်နေတာ ဖတ်ရလို့  တစ်ချို့ က မှန်တယ်လို့ ပြန်ပြောလာပါတယ်

ဒီတော့ ကျနော်က ထပ်ပြောတာက ဒီ ဓါတ်လိုက်ရှောတဲ့ နှုံးဟာ အရင်ကလည်း ဒီနှုံးအတိုင်း ရှိနေ နိုင်တယ် အခုက ဒီ ၂၀၁၄ မှ ဂျာနယ်တွေ လက်ချက်နဲ့  သတင်းတွေ တက်တက်လာလို့  ကျနော်တို့ ဖတ်ရတာ များနေလို့  ဓါတ်လိုက်ရှောနှုံးများတယ်လို့ ထင်နေတာလည်းဖြစ်နိုင်တယ် ကျနော်ပြောခဲ့ တာက ပြောကြည့် လိုက်တဲ့ သဘောလောက်ပါပဲ  ပြီးတော့  ၂၀၁၄ ၄ကြွင်းနှစ်မှာ ဓါတ်လိုက်သေတာ ကောဇာမဟာဘုတ်က မရဏနံ အားကြောင့် လားဆိုတာ မသေခြာဘူး ကျနော်က လွန်ခဲ့ တဲ့  ၈ နှစ် က ဒီလိုပဲ ၄ကြွင်းနှစ်မှာ ဒီလို ဓါတ်လိုက်သေနှုံး မြင့် နေ မနေ ပြန် မလေ့ လာဖြစ်ခဲ့ ဘူး လို့ ပြန်ပြောလိုက်ပါတယ်

ဒီလိုပဲ ကိုယ့် ဟာကိုယ် ပညာခွင့် စောင့် ကြည့် သဘောအရ ၁၆။ ၉ ။ ၁၉၄၅ မွေး ၅ကြွင်း ရာဇဖွား အင်္ဂါသမီး အခု အသက် ၇၁ထဲ တနင်္ဂနွေမရဏ သက်ရောက်ဖြတ်ရင် ဘာဖြစ်နိုင်လဲကို တွေးဘူးပါတယ် ဒီလိုတွေးတဲ့ အခါ တနင်္ဂနွေသက်ရောက်ဟာ ၅ကြွင်းနှစ်မွေးအတွက် မရဏ ဖြစ်သွားရင်
မူလ မင်္ဂလာဂြိုလ်သဘောကနေ တနင်္ဂနွေနံတွေဖြစ်တဲ့  အိမ်ပြဿနာကိစ္စ အမွေလုပွဲံ အိမ်ကနေ မူလနေဆဲ နေရာကနေ အထွက်ပြရတာတွေ အိမ်ပေါ်ကို အမှု့ ရောက်လာတာမျိုးတွေ  အိမ်ထောင်ရေးပြဿနာ ညီအစ်ကိုမောင်နှမခြင်းပြဿနာ တနင်္ဂနွေနံအားကြီးတဲ့ အူလမ်းကြောင်းဆိုင်ရရောဂါ အူအတက်ယောင်တာ အစာအိမ်ယောင်တာ မိန်းမဆို သားအိမ်ပိုင်းဆိုင်ရာပြဿနာ ကျားဆို အူကျတာ အစာအိမ်ရောဂါ အူမကြီးပြဿနာ စအိုပိုင်းပြဿနာ စတဲ့ ရောဂါ တစ်ခုခုကြောင့်  ဆေးရုံတက်ရတတ်တာ သင်းကွဲ အုပ်စုကွဲ အုပ်စုတွင်း တိုက်ပွဲသဘောတွေ အဆောက်အဦးအရှုတ်ထုတ်ကိစ္စတွေ အမိ အဘကိစ္စတွေ စသဖြင့် တနင်္ဂနွေနံ နဲ့ ပတ်သက်တာတွေ တစ်ခုမဟုတ် တစ်ခု အာရုံနောက်စရာတွေကြုံနိုင်တာ သားသမီးရှိရင်သားသမီးထဲမှာ အိမ်ထောင်ရေးကိစ္စတွေကြုံလာတတ်တာ တွေပေါ့ 

တနင်္ဂနွေနံနဲ့ ပတ်သက်သမျှ မကောင်းမှု့ တွေ အကုန်လုံး လိုက်ဖြစ်တာမျိုးတော့ နဲပြီး တစ်ခုခုက ကြီးကျယ်တဲ့ အနေအထားတစ်ခုဖြစ်သွားရင် ကျန်တာတွေက အသေးအမွှားသဘော (သို့ ) တစ်ချို့ ကတော့  ဟိုနဲနဲ ဒီနဲနဲ အစုံ လိုက် အာရုံနောက်တာမျိုးတွေ  ဖြစ်လာတတ်တာတွေက တနင်္ဂနွေ မရဏသက်ရောက်ရဲ့ ခြေဆင်းသဘော......ဒါတွေကို ဘေ့ စစ် ယတြာအဖြစ် ကာကွယ်တဲ့ အရွက်တွေက ခရေညွန့့်တွေပေါ့ လေ ...

ဒါဆို ဘယ်လိုလစိတ်တွေမှာ ဖြစ်နိုင်သလဲဆိုရင် အင်္ဂါ ဆိုတာ သူ့ မွေးလကနေ လေးလ၀န်းကျင်လောက်အတွင်းမှာ အရစ်ခံရလွယ်တာ နောက်တစ်နေရာက ရာဟုလစိတ်နဲ့  တနင်္ဂနွေ မရဏလစိတ်ဖြတ်တဲ့ အခါမှာ အရစ်ခံရတာ တွေဖြစ်လွယ်တဲ့ သဘောပေါ့  ဘယ်လောက်အထိ အရစ်ခံရနိုင်သလဲကတော့ ကာယကံရှင်တွေရဲ့ သံသရာက ကံအကြာင်းတွေကလည်း စကားပြောတတ်ပြန်ပါတယ်..

ဒါဆို လွန်ခဲ့ တဲ့  ဂြိုလ်တစ်ပတ် ဒီလို တနင်္ဂနွေ မရဏသက်ရောက်ဖြစ်နေတဲ့ ၂၀၀၇ အသက် ၆၃ မှာ ဒီအင်္ဂါ ဘာတွေဖြစ်ခဲ့ သလဲ ပြန်တွေးဖို့ လိုမယ်ပေါ့  ထူးခြား အဖြစ်တစ်ခုက ၂၀၀၇ မှာ ကမ္ဘာကျော် ရွှေဝါရောင် တော်လှန်ရေးကြီးဖြစ်ခဲံ့ တာတော့ ရှိသလို ဒီ အင်္ဂါဟာ လွတ်မြောက်ပြီးနောက်ပိုင်း အသက် ၆၇လောက် စနေသက်ရောက်ရဲ့   ပြည်ပခရီးစဉ်တစ်ခုရဲ့ ဆွေးနွေပွဲတစ်ခုရဲ့  စားပွဲခုံမှာ ခရီးပန်းလို့ အော့ အံနေမကောင်း  ခဏဖြစ်ခဲ့ တာဟာ လစိတ်အားဖြင့် အင်္ဂါတွေရဲ့  ဖြစ်တတ်တဲ့ သဘာဝ သူတို့ မွေးလကနေ တတိယမြောက်နဲ့  စတုတ္ထမြောက်လ ထဲမှာ ဖြစ်နေတာတွေ....စသဖြင့် ပေါ့ ..

.( ဂြိုလ်ပုံး အလှုပ်သဘောအရ အင်္ဂါသားသမီးတွေရဲ့  တနင်္ဂနွေ သက်ရောက်ကို လှုပ်ခပ်စေတာတွေထဲက တစ်ခုက အဲ့ ဒီ အင်္ဂါသက်ရောက်ကနေ နောက်တစ်ခါ ၇ ခွင်မြောက် ကို ထပ်ရေတွက်ရင် ရာဟုဂြိုလ်မှာ ဆုံးပါတယ်။  ဒီသဘောကနေ  အရွယ်ရောက် အင်္ဂါတွေဟာ  အသက် ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ စသဖြင့် အသက်ပိုင်းတွေမှာ ရာဟုစန်းလို အရိုက်ခတ်ခံရပြီး လူသိများလာတာ စန်းပွင့် လာတာ အိမ်ထောင်ကျလွယ်တာ ကျပြီးသူတွေ ဖေါင်းဖြစ်လွယ်တာနဲ့ အချစ်ကိစ္စ အိမ်ထောင်ရေးကိစ္စတွေ နိုးထလာလေ့ ရှိတယ် ကိုယ်တိုင် မဟုတ်ရင် သူများအတွက် ၀င်ပေးရတာမျိုးတွေ လို့ ဆိုပါတယ်..အဆင်မသင့် ရင် ကိုယ်က သိက္ခာနဲ့ နေတာတောင်  နာမည်တွေသိက္ခာတွေကို အပုပ်ခတ်ခံရ အထိခိုက်ခံရတတ်တယ်ပေါ့ လေ )

ဒါပေမယ့် ရက် လ နှစ် မွေးချိန် လေးခု သိတောင် ဘာကြီးတော့ ကြိမ်းသေဖြစ်မယ်လို့ ပြောရိုး မရှိတော့ တာဟာ လူတွေရဲ့ အသိရခက်တဲ့ သံသရာက ကံတွေဟာ ဘယ်လို ပုံစံနဲ့ ဘယ်အချိန်မှာ ကြားဖြတ်ဝင်ပြီး အကျိုးသက်ရောက်မယ်ဆိုတာကို ခန့် မှန်းရခက်တာ

(တစ်ခါတစ်လေ အဖြစ်ဆိုးမယ် ထင်ထားရာက ကြားဖြတ်ပြီးကြိမ်းကြသွားတဲ့ အဖြစ်မျိုးတွေ ထူးခြားနမိတ်ကြီးတစ်ခု ၀င်ချလာပြီး တွက်ရိုးအတိုင်း ပုံမှန် လိုက်မဖြစ်တော့ ပဲ ကံတစ်ဆစ်ချိုး ပြောင်းသွားတာမျိုးတွေလည်းရှိတတ်တယ်)

လူတစ်ဦးချင်းစီရဲ့ မတူညီတတ်တဲ့  သီလစင်ကြယ်မှု့ မစင်ကြယ်မှု့ တွေ စိတ်ထား အကောင်းအဆိုးတွေ ဆင်ခြင်တုံတရား အနဲအများသဘောတွေ ကုသိုလ် အကုသိုလ် ဘာသာရေးအား အနဲအများသဘောတွေကြောင့် လည်း ကံကြမ္မာတွေဟာ ကောင်းရာမှဆိုး ဆိုးရာမှကောင်း အဖြစ် အပြောင်းအလဲတစ်ချို့ ကို ဖြစ်သွားတတ်တာ ရိပ်မိသွားလို့  ဘာကြီးဖြစ်မယ် ဘာမဖြစ်ဖူးလို့ မပြောတော့ တာကြာခဲ့ ပြီ ဒါကြောင့် ဗေဒင်တွက်ပေးရတိုင်းဖြစ်တန်ရာခြေတွေ ဖက်သာ ထိုင်ပြောတာမျိုးဖြစ်လာတော့ တာပါပဲဗျာ

ပညာရဲ့  သီအိုရီတွေကို ချက်နေတယ် ဆိုတာ ဒီလိုပါလို့ ဆိုလိုတာပါ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..