Powered By Blogger

Friday, June 26, 2015

စိတ်ချိန်း


စိတ်ချိန်း
---
ကြုံနေရတဲ့  ခေတ်သဘောအရကို စိတ်မွန်းကျပ်မှု့ တွေ ကိုယ့် နည်းကိုယ့် ဟန် ကိုယ်စီ မွမ်းနေကြတာမို့  အဲ့ ဒါကို ဖြေလျှော့ ချတဲ့ အခါ ဒဲ့ ကြီး ဖြစ်ပြီးရင် ပျက်မှာဆိုပြီးတန်းပြီး ဓမ္မလုပ်နေလို့  အပူမလျော့ လွယ်တတ်ဖူး.

(တရားပွဲထဲတောင်သွားနားထောင်နေတာတောင် ကြာလာတော့  ခါးညောင်းနေတာနဲ့ တြားတောင် နားဆက်က ခပ်ပြတ်ပြတ်ရယ်ဖျင်ကပူ လူစော်ကနံ ခါးကညှောင်း ဒူးကနာ ခြေထောက်ကကျင် ရေကငတ် နှာကမွှန်ချင်လာ မျက်လုံးက ငိုက်သေး အိမ်ကိုနောက်ဆံကငင်.....ငိငိ).



ကိုယ်တွေရဲ့  သံသရာနဲ့ ချည်ဖြစ်ဖြစ်လာတဲ့ အတ္တဥခွံက ပါးပါးလေးမှတ်လို့  ဂင်္ဂါဝါဠုသဲစုမကတွေရော နှစ်ကျိတ်ရှစ်ဆူကုန်သောတွေရော ဘုရားလေးဆူတွေရော ပွင့် တော်မူသွားပြီးလို့ ကျွတ်တန်းဝင်သွားတယ်ဆိုတဲ့ လူပေါင်းအင်ဖနက်တီနတ်ဗြဟ္မာပေါင်း အင်ဖနက်တီတွေထဲ ကိုယ် မပါသေးပုံထောက်ရင် ကိုယ့် အတ္တက တော်တော်ကြီးမှ တော်တော့် ကိုထူပုံရတယ်လေ.

ပြီးတော့  နောင်ဘုရားပွင့် လို့ ဘုရားနဲ့ ဒဲ့ တိုးတာတောင် သြော်...ဘုရားနောက်တစ်ဆူ ပွင့် ပြန်ပြီလားဆိုပြီး ကျွတ်တန်းက ထပ်မ၀င်ပြန်နိုင်သေးပဲ .အင်း..အင်းး..နောက်တစ်ဆူ ဘုရားပွင့် တော့ လည်း ကောင်းသားပဲ ဆိုပြီး...ကိုယ့် အလုပ်ကိုယ်ဆက်လုပ်နေဦးမှာလား မပြောနိုင်သေးဘူး...

တစ်ခါတစ်လေ စာဖြစ်ပျက်တွေချည်း အရှု့ များသွားလို့  ကိုယ်လုပ်နေတာတွေ အကုန်လုံးက နောက်တော့ ပျက်မှာပါ ထားခဲ့ ရမှာပါဆိုပြီး လက်တွေ့ ကြတော့  ရိပ်သာလည်း မခိုနိုင်သေး ဓမ္မကလည်း ဓားမနဲ့ ခပ်ရောရောဖြစ်နေလို့  ရှာနေရတာ ဘာအတွက်မှန်း မသိတော့ ပဲ ၀ါးတားတားတွေဖြစ်လာပြီး
တရားရသလိုလိုနဲ့  စိတ်ဓါတ်တွေဘာတွေက ကျလာချင်ချင် ....ငိငိ

ဒီတော့ ဒီဘ၀လေးထဲ ခဏနေရတုန်း တွေးပုံလေး နဲနဲ စစပြီး ပြောင်းမြင်ပေးမှ ဒီလောက်မွမ်းကျပ်မှု့ တွေများနေတဲ့ ဘ၀လေးထဲ နဲနဲပါးပါးကစပြီး စိတ်က စပေါ့ ပါးသွားတာမျိုးပဲ.

..တော်တော်များများက ကိုယ့် ဟာကိုယ် ကိချင်နေတာ...အဖန် ၅၀၀ကြီးသွား ဖတ်ထားမိလို့ ကြားဘူးမိထားလို့ ကိုယ့် ဟာကိုယ် မကိရဲကြတာဖြစ်ပုံရတယ်..ကိုယ့် ဟာကိုယ် ကိ လိုက်လို့  နောင်ဘ၀ နတ်ပြည်ရောက်မယ်များဆိုခဲ့ လို့ ကတော့ .........ခ်ခ်

အဲ့ တော့ ..ကံပေးလို့  ကားလေးတစ်စီးလောက် ရှိထားတာလည်း မဆိုးပါဘူး..ကောင်းတာပေါ့  ဟိုနားဒီနား ထသွား ထလာလေး မဆိုးဘူးပေါ့  အဆင်ပြေရင် ကားမရှိတသေးတဲ့ သူတွေကို ပဲထုပြလို့ ရတာပေါ့ ...

ကားမရှိတော့ လည်း အင်းးး..ဆီဖိုးတွေအခွန်ဖိုးတွေ စောင့် ရှောက်ခစားရိပ်တွေ သက်သာတာပေါ့  ရေနစ်မှာမကြောက်ရ ဘဲဥကိုမဖားရတော့ ဘူးပေါ့  သူများလက်ချက်မိသွားမှာတွေ ကိုယ့် ကားနဲ ကိုယ် ၀ုန်းဒိုင်းအုံးဂွမ်းနဲ့  အက်စီးဒန့် ဖြစ်ပြီး ရှောဘရားသားပြသွားနိုင်တွေ မဖြစ်လွယ်တော့ ဘူးပေါ့ ....

ဆိုလိုတာက ကား သုံးခြင်း မသုံးခြင်း အခြေအနေတစ်ခုတည်းကို ပဲ တွေးပုံပြောင်းလိုက်တဲ့ အခါ ကားအပေါ်မှာ မှီပြီး ဖြစ်လာတဲ့  ခံစားမှု့ တွေ အတော်လျော့ သွားမယ်...အဲ့ ဒီ့ လျော့ သွားတဲ့ စိတ်က မွမ်းကျပ်နေတဲ့ ဘ၀ထဲမှာ နေသာထိုင်သာ ဖြစ်လာစေတယ် ဒီသဘော.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..