------------
လမ်းအလယ် မျဉ်းဝါ ၂ခုကြားမှာ တံခါးလော့ ချပြီး ကားအကောင်းစားကြီးတစ်စီးရပ်ထားတာကို ဘဲဥက ကရိမ်းနဲ့ လာဆွဲနေတာ တွေ့ လိုက်တော့  ကျနော်က သူငယ်ချင်းကို ပြောလိုက်တယ်..ဒါမျိုးတော့ မကျေနပ်စရာ မရှိပါဘူး အိုဗာဖြစ်လွန်းတယ်...မိုးယိုလို့  တစ်အိမ်လုံး စိုရွှဲပျက်ဆီးကုန်တာ ခေါင်းမိုးကစတာ .အဲ့ ကနေ မြေကြီးအထိပါ ဗွက်ထကုန်တဲ့ သဘောပေါ့ လို့ ....
.ဒါနဲ့  ၀ါးလုံးခေါင်းထဲက စပျစ်သီးတစ်ချို့ တို့  စပျစ်မသီးတသီးတစ်ချို့ တို့  ဇွတ်စပျစ်သီးတို့ ရဲ့  ကျမ သာမီးလေးက မြန်မာစာ သိပ်မတတ်ဘူးတို့  မြန်မာစကား သိပ် မပြောတတ်ဖူးတို့ လို့ ကို စကားခြေဆင်းခံပြီး အဓိကပြောချင်တာဖြစ်တဲ့ သူတို့ ပစ္စည်းလေးတွေကို ဘိုစာသင် ကျောင်းထားနိုင်ပါကြောင်းသိစေချင်လို့ ပဲထုပြီးကြွားပြတာကို ဟို သူ့ လေလုံးက သူ့ အရပ်ထက် မြင့် နေတဲ့ လူကြီးက ၀င်စိုးရိမ်ပြနေပုံများ...မြန်မာစာ မြန်မာစကားတောင် ငှက်မျိုးစိတ်တုံးသလို နှစ်အနည်းငယ်အတွင်း..တိမ်ကောပပျောက်သွားတော့ မယ့်  စိုးရိမ်ရေမှတ် နားရောက်နေတဲ့  လန်းကွေ့ သေကြီးနီးနီး ဖြစ်နေသလိုလို ...
မြန်မာစာ မြန်မာစကား သိပ်မပြောတတ်ပါဘူးတို့ ဘာတို့ နဲ့  .ဒီလို ပြောရကောင်းလားတို့ ဘာတို့ နဲ့  ပြဿနာကြီး လုပ်ပြောနေတာလည်း အဲ့ ခေါင်းမိုးနားကပ်နေတဲ့ ပိုးထိုးကြွက်ဖေါက် နှုတ်ခမ်းပဲ မျက်နှာကျက်တွေကြားမှာပဲ ပြဿနာကြီး လုပ်ရေးနေတတ်တာ.ဘယ် ဆင်ခြေဖုံးက အရပ်သားမှ ဘယ်တုန်းကမှ မြန်မာစာတွေစကားတွေအကြောင်း မတတ်ဖူးတွေ တတ်တယ်တွေ ရေးကြီး ခွင်ကျယ်လုပ်ပြီး ပြောသံ မကြားဖူးဘူး..ပြောသံမကြားဆို တကယ့် လူထုတွေ ခမျာလည်း .ဘိုစာကျောင်းနေနေသာသာ အနင်းခံရလွန်းလို ပြားနေချက်က ...အစိုးရကျောင်း ထားပေးရတာတောင်အနိုင်နိင်လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..