လူ့ သမိုင်းစဉ်..
----------
လက်လှမ်းမီးသမျှ သမိုင်းမှတ်တမ်းတွေအရဆိုရင် ပုဂံအင်းဝစစ်ကိုင်းညောင်ရမ်းတာင်ငူ ကုန်းဘောင် အင်္ဂလိပ် ဂျပန် စစ်ကြို စစ်ပြီး စသဖြင့်  စသဖြင့် ပေါ့ လေ ဒီလိုပဲ ''ခေတ်''..တွေ လို့ ဆိုပြီး လူအမျိုးမျိုး ဘ၀အမျိုးမျိုး အုပ်ချုပ်သူအမျိုးမျိုး နဲ့  ခေတ်တွေ ခေတ်တွေ ဖြစ်သွားတာမျိုးပဲ ဒါကိုပဲ သမိုင်းစဉ်ကြီးလို့ ဆိုတယ်...
အဲ့ ခေတ်တွေထဲမှာ လူတွေ လူတွေ အသွင်အမျိုးမျိုး နဲ့ မွေးလာတယ် နေတယ် သေသွားကြတယ်...လူတွေကြောင့်  ဖြစ်လာတဲ့  ခေတ်တွေကတော့ ခေါင်းစဉ်တွေ အမျိုးမျိုးနဲ့  ဆက်သွားနေတယ်....အခုကျနော်တို့ ကြုံတွေ့ နေရတဲ့ ခေတ်က စစ်အာဏာရှင် ခေတ်ပေါ့ ....အဲ့ ခေတ်ထဲမှာပဲ လူတွေ မွေးလာလိုက် နေလိုက် သေသွားလိုက်ပါပဲ အရင်ခေတ်တွေလိုပါပဲ...
ဒီ စစ်အာဏာရှင်ခေတ်လည်း ဘယ်လောက်ပဲ ဆွဲစိထားထား နောက် ခေါင်းစဉ်ခေတ်တစ်ခုကို ပြောင်းရဦးမှာပါပဲ အဲ့ နောက်ခေါင်းစဉ်တစ်ခု ထဲမှာလည်း လူတွေ မွေးလာလိုက်နေလိုက် သေလိုက်ဖြစ်ဦးမှာပါပဲ...ကမ္ဘာပျက်တဲ့ အထိ တစ်ခေတ်ပြီးတစ်ခေတ်ပေါ့ လေ......
ကိုယ်နေတုန်းလေး ဘာလုပ်ပြီး မသေခင် နေသွားတယ်ဆိုတာက တစ်ဦးချင်းစိတ်တိုင်းကျရွေးခြယ်မှု့ သဘောကိုယ့် သမိုင်းပဲ...အညတရသမိုင်းဖြစ်ချင်ဖြစ်မယ် စပျစ်သီးအပုပ်တွေ အကောင်းတွေ သမိုင်းဖြစ်ချင်ဖြစ်မယ်..အဲ့ ကိစ္စက နောက်လူတွေ သဘောပဲ...ကိုယ့် သမိုင်းကို ကိုယ် ဘယ်လောက် စိတ်လုံသလဲက ကိုယ့် စိတ်အတိုင်းပဲ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..