'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, June 26, 2015
ရေရှည်ယတြာအဖြစ် အညွန့် လေး တစ်ခုခု အမြဲလိုလိုလှုထားတာဟာ
ရေရှည်ယတြာအဖြစ် အညွန့် လေး တစ်ခုခု အမြဲလိုလိုလှုထားတာဟာ
------
ပထမဦးဆုံးအကျိုး ၂ ခုက ကုန်ကျစားရိပ်သက်သာပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှု့ ကို ရနေတာပါ နောက်အကျိုးသဘောတွေက...
တစ်ခုခု မဖြစ်ခင် ကြိုတင်သိခွင့် ရလိုက်တတ်လို့  လက်ဦးမှု့ ရနိုင်တာ..
တစ်ခါတစ်လေ တစ်ခုခုဖြစ်မယ့် ကံရှိနေတာတောင် ဘာမှသိပ်မဖြစ်သလို မသိလိုက်ရပဲ ကျော်လွှားသွားတာ
အကြီးကြီးတွေဖြစ်မယ့် အစား အသေးလေး စတိဖြစ်ကြိမ်းကြေပြီး ကျော်သွားတာ
တစ်ပွဲတိုးယတြာတွေ လုပ်ရတဲ့ အခါ ပိုပြီးမြန်ဆန်ထိရောက်လွယ်တာ
တည်ငြိမ်နေတဲ့ ဘ၀အနေအထားကို ရလွယ်နေတာ..
လောကဓံသဘောအရ တစ်စုံတစ်ရာပြဿနာတွေကြုံခဲ့ ရင်လည်း ဖြေရှင်းရလွယ်တာ အကူအပံ့ ရလွယ်တာ...စသဖြင့် 
အကျိုးတွေ ရလွယ်တယ်...
------------
ဒါပေမယ့် ယေဘူယျ အများသဘောကတော
ဆေးခန်းလိုပါပဲ သိပ်ပြီးဘာမှမဖြစ်ခင် (၀ါ) ကိုယ့် ဟာကိုယ် ပါရာလေးသောက်နေနိုင်ရင် ဆေးခန်းကို မေ့ နေတတ်ပြီး
မခံနိုင်အောင်ခေါင်းကိုက်လာမှ ဆေးးခန်းသွားသလိုပေါ့ လေ..
--------
အဲ့ တော့ ဆေးခန်းတွေ ဘယ်လောက်ဖွင့် ဖွင့်  နေ့ စဉ် လူစည်နေတာပေါ့ ဗျာ...ဟဲဟဲ
(ထူးခြားချက်က ကုသိုလ်တွေကြီးနေသူတွေ ကုသိုလ်ရေးတွေဆက်နေသူတွေ နဲ့ ကောင်းမွန်အပြစ်ကင်းတဲ့ ယတြာတစ်ခုခုကိုအမြဲလုပ်မိနေတဲ့ သူတွေကို
ဗေဒင်ဟောပေးရရင် မကောင်းတဲ့ ဟောကိန်းတွေဟာ ဟောကိန်းထဲက ဆိုသလောက် ဖြစ်မလာတတ်တာ..တစ်ခါတစ်ရံဟောကိန်းလွဲတာမျိုးဖြစ်တတ်ပါတယ်...
ရုပ်ကြမ်းစိတ်ကြမ်းတွေသိပ်များနေရင်လည်း ဟောကိန်းက ဆိုတာထက် ပိုပြင်းသွားတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်ဗျား..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..