-----
ရောဂါဖြစ်နိုင်ခြေတွေ ဖြစ်ရခြင်းအကြောင်းတွေ ကာကွယ်တာကပိုကောင်းကြောင်းတွေ ဘယ်လောက်ပြောပြော
တစ်ချိန်ချိန်တော့  ရောဂါ တစ်ခုခုလာတာပါပဲ.ဒီတော့  ရောဂါကုဖို့ ဆေးကလိုပြီ...မကုပဲနဲ့ တော့  အလွယ်နဲ့ အသေ မခံနိုင်ဘူးလေ
ရောဂါအလိုက် ဆေးနည်းတွေတော့ စုံမှာပေါ့  ဆရာဝန်အမျိုးစားတွေလည်းအစုံပဲ
ဟောကိန်းတွေ ထုတ်တယ် ဖြစ်နိုင်ခြေ ကံကြမ္မာတွေ တွက်ထုတ်တယ် လောကီပညာဘက်ကနေ
လောကီဘ၀နေနည်းတွေပြောပြတယ်..
.
ဘယ်လောက်ပြောပြော တစ်ချိန်ချိန်မှာ ကိုယ်မလိုချင်တဲ့  အခြေအနေတစ်ခု ဆိုက်ရောက်လာတာပါပဲ...
ဒီတော့  ယတြာလိုပြီ...တစ်ခုခုနဲ့ မခုခံမတွန်းလှန်ပဲနဲ့ တော့  ကံကြမ္မာအောက်မှာ ဒူးမထောက်ချင်ဘူးလေ
ကံကြမ္မာစတိုင်တွေမတူတော့  ယတြာနည်းတွေကတော့  စုံမှာပေါ့ ..ကောင်းမှု့ ကုသိုလ်တွေနဲ့ ဘာသာရေးလုပ်တာတောင် ဘုရားယတြာလို့ တစ်ချို့ က ယတြာထဲ စွဲစိလိုက်သေးတယ်
ရောဂါကတော့ ယုံတယ် မယုံဘူးတွေနဲ့ သွားပြောလို့ မရဘူး...ရောဂါတကယ်ဖြစ်နေရဲ့ သားနဲ့ ဆေးမကုလို့ အဆင်မသင့် ရင် ရှောမှာ ရောဂါက ရုပ်သဘောဖက်အားကြီးတယ်
ယတြာကတော့  ယုံတာမယုံတာတွေတော့ ရှိမှာပေါ့ နာမ်ခံစားမှု့ ကလည်း ပိုများတတ်တယ် ...အခြေအနေတစ်ခုကို ကံဆိုးတယ် မဆိုးသေးဘူးလို့ သုံးသပ်ပုံက အမြင်မတူတတ်ကြဘူး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..