Powered By Blogger
Friday, June 26, 2015
အထားအသို
အထားအသို
---
ကျနော်တို့ န၀င်းရိုက်ဖို့  စီစဉ်တဲ့ အခါ မွေးနံကိုယ်စား တစ်တောင်လောက်ကို
န၀င်းထိုင်မယ့် သူရှေ့ မှာ ချထားလေ့ ရှိပါတယ် ဗုဒ္ဒဟူးသားဆို ရွက်လှညွန့်  တစ်တောင်လောက်ပေါ့ 
အဲ့ မွေးနံကိုယ်စားကို ကန့် လန့် ချထားတဲ့ အခါ အဲ့ မွေးနံ ကိုယ်စားရဲ့ အောက်မှာ ခံပေးထားတာက န၀င်းထိုင်တဲ့ သူ ရဲ့ မွေးနံရဲ့  ခိုက် နံပါ  ဥပမာ ဗုဒ္ဒဟူးသား အဓိပတိဖွားရဲ့ ခိုက်က ဇော်စိမ်း ၈ ရွက်ဆို ၂ ပုံ ခွဲပြီး မွေးနံအောက် ဘယ်ညာ တစ်ထွာလောက်ခွာပြီး ခံပါတယ် ဗုဒ္ဒဟူးသား ရာဇဖွားရဲ့ ခိုက် ဆို သီဟို  ၆ရွက် နဲ့  ဒါန်း ၇ ရွက် ကို မွေးနံအောက် ဘယ်ညာ တစ်ထွာလောက်ခွာ ခံထားပါတယ်
ဒါဟာ ဆရာကြီးဆီကရော ဆရာ့ ဆီကပါ  သင်ယူခဲ့ တဲ့  အထားအသိုစတိုင်ပါ
မွေးနံ အပေါ်ကနေ အဲ့ ခိုက် အရွက်တွေ မတင်ပါဘူး...မတင်ရတဲ့  အကြောင်းက တြိရန်းနံရော ခိုက် အမြစ်နံရော စတုရန်းပါ မွေးနံရဲ့  အောက်နင်းကြမ်း ပစ္စည်း နံ ၃ နံ ဖြစ်လို့ ပါပဲဗျာ...
န၀င်းလာထိုင်တဲ သူ့ အများစုကတော့  ဒီပညာရပ်သဘော စနစ်တွေ ကို မသိသူများလို့  ဘယ်လိုထားထား မသိကြတာများပါတယ် တီးမိခေါက်မိသူတွေကတော့  သိချင်သိနိုင်ပါတယ်
တင်ပြီး လုပ်ရင် ဘာဖြစ်မလဲ ဘာဖြစ်တတ်လဲဆိုတဲ့ စစ်တမ်းတော့ မလုပ်ဖူးခဲ့ ပါဘူး တွေးဆချက်အရ ပညာတွေသုံးရတဲ့ နေရာမှာ နေရာအထားသို စနစ်မကျဘူး မစင်ကြယ်ဘူးပေါ့ လောက်ပဲ တွေးဆနိုင်ပါတယ်ဗျား
ပြီးတော့ ခြေမန်းကွင်းစွတ်ရင် ( အကယ်၍ ၃ကွင်းသုံးရင် ဘယ်စလွယ်တစ်ကွင်း ညာစလွယ်တစ်ကွင်း ရှေ့ ကို ပုတီးလည်ပင်းစွဲသလိုတစ်ကွင်း စတိုင်စွပ်ပါတယ် (ဗျင်ကြီးလိုလိုဘာလိုလိုပေါ့ ) ၅ကွင်းသုံးရင် ဘယ် ၂ ညာ ၂ စလွယ် နဲ့ ရှေ့ ချ ၁ ပါ...၁ကွင်းထဲသုံးရင်တော့  ဘယ်ဖြစ်စေညာဖြစ်စေ
လက်ဖွဲ့ ကြိုးသိုင်းသလို စလွယ်သိုင်းပါတယ်
အဲ့ ဒါလည်း ရည်ရွယ်ချက်ရှိပါတယ် လူ့ ဘော်ဒီမှာ ပြေးနေတဲ့  ဓါတ်လှိုင်းတွေဟာ ပုံမှန်ကံဖြစ်နေစဉ်မှာ မြေကြီးကနေ ကောင်းကင်သဘော သွေးလည်ပတ်နေတဲ့ စတိုင်အတိုင်း အထက်အောက် လည်ပတ်နေပါတယ်ပုံမှန်မဟုတ်တာ့ ဘူးဆိုရင် ဓါတ်လှိုင်းတွေဟာ အပေါ်တက်အောက်ဆင်းတင်
မကတော့ ဘဲ ဘေးတွေကို ဖြာထွက်ကုန်ပြီး ဓါတ်လှိုင်းအတိုအရှည်တွေ အ၀န်း အ၀ိုင်းဖြာထွက်နေပုံတွေဖြစ်လာပြီး ဓါတ်လှိုင်း ရှုတ်ထွေးမှု့ တွေဖြစ်လာပါတယ်
စုန်ချီဆန်ချီ ပြန်လည်ပတ်သွားပါတယ်.. ဒီသဘောကြောင့်  စလွယ်သိုင်း ခြေမန်းကွင်းစွတ်စေတာဖြစ်ပါတယ်
( တပွဲတိုး စွတ်ချင်သလိုစွတ်ပြီး ချက်ချင်းပြန်ချွတ်တဲ့ စွတ်ချွတ်နဲ့ မဆိုင်ပါဘူး  ဒါတောင် တကယ်က စွတ်ချွတ်ကို စလွယ်သိုင်းစွတ်ပြီးမှ ချွတ်ချတာမျိုးပဲ လုပ်လေ့ ရှိပါတယ် )..
သဘောက ခြေမန်းကွင်းတွေ စွတ်အရွက်တွေခင်း အရွက်တွေနဲ့ ရိုက် န၀င်းထိုင်တာဟာ ယတြာခြေယုံသက်သက် သဘောထက်ပိုတယ်ဆိုတဲ့  သဘောပါဗျား
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..