Powered By Blogger
Friday, June 26, 2015
့သန္ဓေစိတ်ထု အက်ကြောင်း
သန္ဓေစိတ်ထု အက်ကြောင်း
-------
အင်္ဂလန်မှာ ဗြိတိန်ကနေ ခွဲထွက်ဖို့  ဆန္ဒခံယူတော့  မခွဲဖို့ ဖက်က နိုင်သွားလို့  ဘုရင်မကြီးနဲ့  အင်္ဂလန်သားတွေ ဟူးးး ကနဲ သက်ပြင်းချသွားရတယ် ဒါပေမယ့်  အိပ်မက်ဆိုးက ဆက်မက်နေရဆဲပဲ နိုင်သွားတဲ့ ရလာဒ်က မြင်မကောင်းအောင် မဲအပြတ်အသတ်ကြီး ကွာမနေတော့ ပဲ  အနိင်မဲနဲ့  အရှုံးမဲရလာဒ်ဟာ မတိမ်းမယိမ်းလေးပဲကွာနေလို့ ပဲ  ဒါဟာ ခွဲထွက်လိုနေသူတွေ ကိုယ့် တိုင်းပြည်ကိုယ်ပြန်လုပ်ချင်နေသူတွေ ရှိနေတဲ့ အင်အားထုကြီးဟာ မသေးဘူး ဆိုတဲ့ လက္ခဏာပဲ  ဒါဟာ တစ်ချိန်ချိန်မှာ အင်္ဂလန်ကနေ ပြန်ခွဲထွက်ဖြစ်လိမ့် မယ်ဆိုတဲ့  ရှေ့ ပြေး လက္ခဏာတွေသေဘာ အက်ကြောင်းတွေသဘာလို့ ဆိုတယ်  ဒီလို ခွဲထွက်ချင်စိတ်တွေကို ခွဲထွက်လိုတဲ့  ဒေသကလူတွေက မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက် လက်ဆင့် ကမ်းသွားကြမှာပဲဆိုတာကိုလည်း ကြိုတွေးထားကြတယ်  နောင်အနာဂတ်မှာ ခွဲထွက်ဖြစ်သွားနိုင်တယ်လို့ လည်းတွေးဆထားကြတယ်လို့ ဆိုတယ်
ဒီအဖြစ်အပျက် ဖြစ်နေတဲ့  အင်္ဂလန်ရဲ့  ဥပဒေတွေ စီးပွားရေးသဘော လူနေမှု့ သဘောကိုကြည့် ရင် ပြန်ခွဲထွက်လိုသူတွေရဲ့ ဒေသ နဲ့ ပင်မကျွန်းကြီးပေါ်က အင်္ဂလန်နဲ့  အဆင့် အတန်းတွေ လုပ်ပိုင်ခွင့် တွေ လူ့ အခွင့် အရေးတွေ စီးပွားသဘောတွေ ပညာရေးတွေ စသဖြင့် တွေဟာ တကယ်တော့  အတူတူလိုပါပဲ ဘာမှမကွာပါဘူး ဒါဆို ဘာလို့ များ ဘယ်လိုစိတ်တွေကများ ပြန်ခွဲထွက်ချင်နေတဲ့  လူထုအင်အားမဲရလာဒ်က ထင်ထားတာထက်များနေရပါသလဲလို့  တွေးဆကြတဲ့ အခါ ကိုယ့် လူမျိုး ကိုယ့် မင်းကိုယ့် ချင်း ကိုယ့် ဒေသနဲ့ ကိုယ် လွတ်လပ်တဲ့ စီမံဖန်တီးနိုင်ခွင့် သဘောကို တပ်မက်နေကြတဲ့ စိတ်ကနေ တွန်းအားဖြစ်နေတာလို့ သုံးသပ်ကြပါတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..