ကျနော်သွားနေတဲ့ စတိုင်က ကိုယ့် အလုပ်အပေါ် အမြင်ရှင်းရှင်းထားသွားနေတဲ့ စတိုင်ပါ.........
ဆိုပါတော့  လောကီစိတ်နဲ့ လောကုတ်စိတ်ကို စခွဲတဲ့  အခြေခံစိတ်က လောကီက ရယူခြင်းကို အခြေခံတယ် လောကုတ်ကက စွန့် ပယ်ခြင်းကို အခြေခံတယ်ပေါ့ .......
လောကီရဲ့ ရယူခြင်းကို ၂ မျိုးထပ်ခွဲတယ် ကိုယ်လိုချင်တာကို ရယူလိုတာရယ် ကိုယ်မလိုချင်တာကို မရအောင် လို့ ဆိုတဲ့  သွယ်ဝိုက်ရယူလိုခြင်းသဘောလို့ ထပ်ခွဲတယ် ရယူလိုခြင်းဟာ သံသရာမှာလည်နေဖို့ အစွဲတစ်ခုဖြစ်လာတယ်
လောကုတ်စိတ်သဘောက အရာရာ သုခ ဒုက္ခ သဘောတွေဟာ မတည်ငြိမ်ဘူး မမြဲဘူး ဘာမှ ဆုပ်ထားလို့ မရဘူး ၃၁ ဘုံမှာ ဖြည်တည်ပျက် လည်နေရတာ ဘူတာအိမ်လေး ၃၁အိမ်ရှိတဲ့  ကလေး ကစားစရာ စက်ဝိုင်းပုံ မီးရထားလမ်းပေါ်မှာ ပြေးနေရတဲ့  ရထားလေးသဘောလိုပဲ အဆုံးကို မသတ်နိုင်တော့ ဘူး အဲ့ ဒီင့်္ အခြေအနေမျိုး သံသရာမှာ လည်နေရတာကိုက မဟာဒုက္ခကြီးဖြစ်တယ် အတက် အကျတွေ ငရဲနဲ့ နတ်ဘုံတွေ မှာ ဟိုသွားဖြစ်လိုက် ဒီပြန်ဖြစ်လိုက်နဲ့  မတည်ငြိမ်တာ ထာဝရနေရမယ့်  နေရာလို့  ၃၁ဘုံမှာ မရှိတာကိုက စိတ်ကုန်စရာကို ကောင်းတယ် လို့ စိတ်ဝင်လာပြီး ၃၁ဘုံကနေ ဘယ်ဘုံမှာမှ မရှိတော့ ပဲ အပြီးထွက်သွားချင်စိတ်သဘော
၃၁ဘုံမှာ လည်နေရတာဟာ တစ်ခုခုဖြစ်ချင်နေသေးတဲ့ စိတ်က အစွဲဖြစ်လာတာဖြစ်လို့  အစွဲတွေကို ချက်ချင်းမပယ်နိုင်သေးတောင် စွဲချင်စရာတွေကို တစ်စတစ်စ လျှော့ ချတာမျိုးသဘောလို့ ....
ဒီတော့ လောကီပန်းတိုင်နဲ့ လောကုတ်ပန်းတိုင်က မတူတော့ ဘူး.ကိုယ်လုပ်နေတာက လောကီပန်းတိုင် ခေါင်းစဉ်အောက်မှာဖြစ်နေတာထင်ရှားတယ် ဒီတော့  လောကီကိစ္စတွေ လုပ်ပေးရတဲ့ အခါ လောကုတ်အကြောင်းဘက်က အရင် မတွေးပေးတော့ ဘူး သုခလို့ ထင်နေတာရော ဒုက္ခလို ထင်နေတာရော ဘာမှ မတည်ငြိမ်ဘူး မမြဲဘူးဆိုတာ မေ့ နေလို့  လိုချင်တာ မလိုချင်တာ တစ်ခုခု စိတ်ရှိနေသေးလို့ ကိုယ့် စီလာတာသာဖြစ်တယ် သူသာ တကယ့် လောကုတ်သမား စစ်သွားရင် ကိုယ့် စီလာနေမှာ မဟုတ်တော့ ဘူး
ဒီတော့ ကိစ္စအတော်များများကို ဘယ်တော့ မှ မသေတော့ မယ့် လူလို လောကီနည်းတွေဘက်ကနေ ၀ိုင်းစဉ်းစားပေးလိုက်တယ် လောကီနယ်သားတွေမှာ ရှိနေတဲ့ ကုသိုလ် အကုသိုလ်သဘောတွေကို တွေးပေးတယ် အကုသိုလ်ကို ရှောင်မရရင်တောင် နဲနိုင်သမျှ နဲသွားအောင် သံသရာမှာ ၀ဋ်ကြွေးတုံ့ တင်ကြီးလွန်းနိုင်တဲ့  အလွန်ကြီးကျယ်တဲ့  ငရဲသားသက်တမ်းကြာလွန်းနိုင်တဲ့  အကုသိုလ်မျိုးတွေ မလုပ်ဖြစ်ရင်ပြီးရော သဘောထားပေးလိုက်တယ် ကုသိုလ်လေးများနိုင်သမျှ များအောင် တွေးပေးလိုက်တယ် ဒါ ကျနော်သွားနေတဲ့  စတိုင်ပါပဲဗျာ...................
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..