Powered By Blogger
Friday, June 26, 2015
သိမ်ဝင်ချည်မန်းကွင်းထဲမှာ
သိမ်ဝင်ချည်မန်းကွင်းထဲမှာ
--------------------
အဲ့ ဒါ ကျနော့် ဝေါပေါ်တက်လာတာလေး ယူလာတာဗျား.. သူရဇ္ဇထဲမှာ ဆရာတစ်ယောက်ဆောင်းပါးရေးခဲ့ တာ  ကျနော်ရေးပြဘူးတဲ့ သိမ်ဝင်ချည်မန်းကွင်းထဲမှာ အဓိဌာန် နဲ့  ၉ရက်ထိုင်ခဲ့ တယ်ဆိုတာ ဒီနည်းပညာပါပဲဗျာ..အဲ့ ဒီ့  ၁၀၈ထုံး ချည်က သိမ်ဝင်အပ်ချည်နဲ့ လုပ်တာပါ...အဲ့ တုန်းက ဆရာက ဆရာကြီးက မင်းတို့ ထိုင်ချင်ထိုင်ကြည့် ကြဆိုပြီး  ညွှန်လိုက်တယ် မင်းတို့ ထိုင်ကြမလားလို့ ဆိုတော့  ကျနော် နဲ့ အောင်ကြင်နဲ့ က ဘာမှန်းမသိပေမယ့်  ဆရာက ကောင်းမယ်ထင်ရင် ဒူးကြတာပေါ့  ဆိုပြီး ထိုင်မယ်လုပ်လိုက်ကြတာ့ 
တကယ်ထိုင်တော့  ကျနော်တို့  ၂ ယောက်ကို အားကျပြီး နောက် သူငယ်ချင်းတပည့်  ၂ ယောက်နဲ့  ၄ ယောက် အဲ့ မှာ နောက် ၂ယောက်က စည်းပေါက်ပြီး ၂ရက် နဲ့ ပျက်သွားတယ်.သူငယ်ချင်းက တစ်ကြိမ်ထဲနဲ့ စလယ်ဆုံး အောင်မြင်အောင် ထိုင်နိုင်သွားတယ် ကျနော်က ၇ ရက်မြောက်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ပျက်သွားပြီး ဒုတိယကြော့ ကြမှ အောင်မြင်တယ် အစအဆုံး ဆရာက လုပ်ပေးသွားတယ်.( ၉ရက်ကာလမှာ အဖျက်သဘောတွေတော့ ကြုံရတယ်) .. ဒီနေ့ အထိ ကျနော်တို့ လည်း ပြန်မမေးဖြစ်လို့ နဲ့ မမေးရဲလို့ မသိတာက ဆရာကိုယ်တိုင်ရော ဒီလို သိမ်ဝင်ခြေမန်းကွင်းနဲ့ ထိုင်ခဲ့ ဘူးသလားဆိုတာပါပဲဗျား..
(ရွှေတိဂုံဘုရား ဒဂုန်ခင်ခင်လေးတန်ဆောင်း ရှေ့ က ဂြိုလ်တိုင်ထောင့်  အထဲ ၀င်သွားတဲ့ အတွင်းမှာ) ထိုင်ခဲ့ ပုံက ပထမနေ့ မှာ ကိုယ့် မွေးနေ့ န၀င်းချိန်မှာန၀င်းထိုင်တာကို အဲ့  ၁၀၈ထုံး သိမ်ဝင်ချည်မန်းကွင်း အကျယ်ကြီး (လယ်ညာ လက်ဆန့် တန်း ကို သုံးပြန် မို့  ပုံမှန်ထက် ၅ ဆလောက် ကြီးတဲ့ ချည်မန်းကွင်း စည်းဝိုင်း အကြီးကြီးဖြစ်သွားတယ်) ထဲမှာ န၀င်းထိုင်ရတယ်..ပွဲမထွန်းသေးဘူး...အဲ့ ချည်မန်းကွင်းထဲကို န၀င်းရိုက်ပေးမယ့် ဆရာ(သို့ )ဆပွတ်က သိမ်ဝင်ချည်မန်းကွင်းစည်းကို မပြီး ခေါင်းလျိုဝင် န၀င်းရိုက် ခြေမန်းကွင်းချွတ် ချီတုတ် အဲ့ အထုတ်ကို ယူပြီး သိမ်ဝင်ချည်မန်းကွင်းကို ပြန်မ ခေါင်းလျို ပြန်ထွက်သွားတယ် ကျနော်တို့ လည်း ခေါင်းလျိုထွက်ပြီမှ အဲ့ ၁၀၈ထုံးကို ကိုယ့် မွေးနံ အသားမှာ ပတ်ထားပြီးသိမ်းပြီး အိမ်ပြန် နောက်မနက်မှာ လာပြီးအဲ့ သိမ်ဝင်ခြေမန်းကွင်းကြီးထဲ ပြန်ဝင်ထိုင် ဂုဏ်တော်ပုင်္တီးစိတ်...
 ၉ ရက်မြောက် မှာ တော့ ကိုယ့် န၀င်းချိန်မှာ အဲ့  ၁၀၈ ထုံး စည်းကွင်းကြီးထဲမှာ န၀င်းပါတွဲထိုင်တယ် အဲ့ နေ့ မှာတော့ န၀င်းပွဲပါပြီ  ထိုင်ပြီး အဲ့ ဘုရားပေါ်မှာပဲ ပွဲထွန်းတယ် သိမ်ဝင်ချည်မန်းကွင်းကြီးကိုရော ရိုးရိုးခြေမန်းကွင်းတစ်ကွင်းကိုပါ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်းလိုက်တယ်........
ထိုင်နေတုန်း စည်းကမ်းက အရက်နဲ့  မိန်းမ ၂ချက်ထဲ ထိမ်းပါလို့ ဆရာကဆိုတယ် ထိုင်တုန်းကရော ထိုင်ပြီးရော စိတ်ကဘာမှမထူးခြားပါဘူး ဒီလိုပဲ စမ်းကြည့် တာမျိုးစိတ်နဲ့ ထိုင်လိုက်တာပါပဲ နောက်တော့  အဲ့ နည်းရဲ့  ကိုယ့် အပေါ်ပြန်သက်ရောက်မှု့ တွေကို တစ်စတစ်စ သိလာတယ်ပေါ့ ဗျာ....(နောက်တစ်ပည့် တစ်ချို့ က စိတ်ဝင်စားပေမယ့်  မထိုင်ရဲကြဘူးဖြစ်သွားတယ်)
တစ်ခြားဘယ်သူတွေ ဒီနည်းပညာနဲ့ ထိုင်ဖူးလဲ မထိုင်ဖူးလဲကကျနော်တို့ က ကိုယ့် ဘော်ဒါတွေနဲ့ ကိုယ့် ဆရာက လွဲရင် ကျန်တဲ့ ကိစ္စတွေ ဗေဒင်လောကအကြောင်းတွေ စိတ်မ၀င်စား မပတ်သက်ခဲ့ တော့ မစပ်စုဖြစ်လို့ မသိဘူး  ကျနော်တို့ သိတာ ကျနော်တို့  လုပ်နေတာတွေနဲ့  ဆရာ့ရဲ့  သာကြောင်းမာကြောင်းဓမ္မကြောင်းတွေလောက်သိတာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..