'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, October 11, 2016
ကျုက်ထီးရိုး (၁) (၂) (၃)
ကျုက်ထီးရိုး (၁)
===============
ခုတစ်ခေါက် ကျိုက်ထီးရိုးရောက်တော့ ကြားရက်ဖြစ်နေတာရယ် မိုးရွာနေတာရယ် သီတင်းကျွတ်လပြည့် က လိုသေးတာရယ်ကြောင့်  လူတော်တော်ပါးနေတဲ့ သဘောရှိပါတယ် ၊ တက်ခဲ့ သမျှ အခေါက်တွေထဲမှာ ဒီတစ်ခေါက်က လူ အရှင်းဆုံး အခေါက်လိုဖြစ်နေလို့  ပတ်ဝန်းကျင်တစ်ခုလုံးဟာ ရှင်းလင်းနေသလိုဖြစ်နေလို့ မျက်စိမနောက်လှပဲ အတော့် ကို စိတ်လွတ်လပ်မှု့ ကို ရခဲ့ တဲ့ အခေါက်ပေါ့ ဗျာ..မိုးမြူငွေ့ တွေက ကိုယ့် အနားတင် လာပတ်နေသလိုဖြစ်နေလို့ အဲ့ မိုးတိမ်မြူတွေကို ရှုရတာလည်း တစ်မျိုးလေး ခံစားမှု့ တွေရပါတယ် ၊ ကား နောက်ဆုံးရပ်ပေးတဲ့ နေရာကနေ ကြိုဆိုပါ၏ ဆိုတဲ့ မုဒ်ဦးအ၀အထိ ဈေးသည်က အလွန်ပါး၊ အရင်တွေ့ နေကျ အလှုခံတွေ မရှိ အော်လံသံမကြားရသလို ရင်ပြင်တော်ပေါ်မှာလည်း သီတင်းကျွတ်လပြည့် နေ့ အတွက် ပြင်ဆင်နေတုန်း မို့  လူ့ ကိုရှင်းလို့ ပေါ့ ..အများဆုံးတွေ့ ခဲ့ ရတာ ပြည်တွင်းဘုရားဖူးတွေထက်
တိုး အုပ်စုလေးတွေ နဲနဲပါးပါးလောက်ပါပဲ...
ဒီတော့ ဆံတော်ရှင်ကျောက်တုံးတော်ကြီးကို အရင်တုန်းကလိုပဲ ရွှေဆိုင်းကပ်လှုပူဇော်တော့  ကိုယ့် နဲ့ တစ်ခြားတစ်ယောက်ပဲ ရှိနေတဲ့  အားလုံးပေါင်းမှ ၂ ယောက်ထဲ ရှိနေတဲ့  အချိန်ဖြစ်နေပါရောဗျာ...မိုးလေအေးအေးတွေက တဟူးဟူးနဲ့ လူကို လွင့် မတတ်တိုက်နေလို့  ခြေကို အတော် ကုပ်ထားရတဲ့ အနေအထားပေါ့ ...အရင်တုန်းက အဲ့ ကျောက်တုံးတော်ကြီးကို ရွှေဆိုင်းကပ်လှုချိန်တွေမှာ
အဲ့ ကျောက်တုံးကြီးနားမှာ လူက အနဲဆုံး ၁၀ယောက်လောက် ကျပ်ကျပ်သပ်သပ်တိုးဝှေ့ ကပ်ခဲ့ ရတော့  ဘယ်ဖက်ကို လျှောဆင်းသွားတဲ့  စောက်က ဘယ်လောက်စောင်းနေလဲ သတိမထားမိသလို ကိုယ့် ဘယ်ဖက်မှာလည်း လူတွေ ရှိနေသေးလို့  ဟိုဘက်ဖက်စောက်ကို အသေအခြာ လှမ်းမကြည့် မိပဲ ကိုယ့် လက်ထဲက ရွှေဆိုင်းလေးသာ လေထဲလွင့် မပါသွားအောင် ဂရုတစိုက် ကြိုးဖြည်ကပ်ခဲ့  ပြီးရင် မတ်တတ်ရပ်ကန်တော့  ပြန်ခဲ့ ပေါ့ ..
ဒီတစ်ခေါက်တော့ လူက ကျောက်တုံးကြီး အနားမှာ ၂ ယောက်ထဲ ဟိုတစ်ယောက်က ညာဖက် ကျောက်ပြင်ညီ မှာနေရာယူ ရွှေဆိုင်းကပ်နေတော့  ကျနော်က ဘယ်ဖက် ဆင်ခြေလျှော ဖက်နေရာယူ လိုက်ရတာပေါ့ လေ.. အဲ့ တော့ မှ အောက်ခံကျောက်တုံးက ရေစိုစိုမှာ ခြေကုပ်ရင်း ဘယ်ဖက် နိမ့် ဆင်းသွားတဲ့  ဆင်ခြေလျှောကို ဘယ်လောက်တောင် စောင်းပြီး ဆင်းသွားလဲလို့  အမှတ်တမဲ့  လှမ်းကြည့် လိုက်တာ....မွေးမေလေ့ ..အားပါး..အတော်စောင်းဆင်းသွားတာဟ...လို့  စိတ်ထဲဖြစ်သွားပြီး..လှပ်ကနဲ ရင်ထဲပေါ့ ...အဟီးး.....အဲ့ တော့ မှာ ညာဖက်ကို အတော်လေး ပြန်ရွှေ့ ပြီး ရွှေဆိုင်းကပ်လိုက်ရတော့တာပါပဲဗျား...ခိခိ..
ကပ်နေရင်းတွေးလိုက်သေးတယ် ခုနေ အောက်ကရေစိုနဲ့ ခြေချော်သွားလို့ ကတော့  ဘေးမှာ ဆွဲထိမ်းပေးမယ့်  လူမရှိတာနဲ့  တန်းပြီး ဟိုဖက် ချောက်ထဲတန်းကျ ...သေပြီဆြာ့ ..ပေါ့ လေ. ခန့် မှန်းခြေအရ ဘယ်ဖက်လျှောဆင်းသွားတဲ့  အောက်ခံကျောက်တုံး စောက်အမြင့် က အနဲဆုံး ၁၀ပေ ၁၅ပေလောက် အမြင့် ရှိလောက်မယ်လေ.....ဟီးဟီး... :P 😁
့်
=================================================
ကျိုက်ထီးရိုး ( ၂)
============
နောက်ဆံတင်းစရာ မရှိခြင်း အကန့် အသတ်မဲ့ သဘော တိုင်းထွာမနေရခြင်းသဘော အခြေအနေမျိုးတွေက လူ့ စိတ်ကို သိပ်ကိုလွတ်လပ်ပေါ့ ပါးစေတဲ့ သဘောရှိပါတယ် ၊ ကျောင်းသားဘ၀တုန်းက သူငယ်ချင်း ငါးယောက် စုပြီး ၂ညအိပ် ၃ရက် ခရီးအဖြစ် ကျိုက်ထီးရိုးတက်တုန်းကကြုံရတဲ့ အဆိုးဆုံး အခက်အခဲက ဒီခရီးမှာ သုံးစွဲဖို့ ချိန်ထားတဲ့ ငွေကို တိုင်းထွာသုံးစွဲနေရတဲ့ အခြေအနေပါပဲဗျာ..အဲ့ လို တွက်ချက်သုံးနေရင်းက
တောင် အပြန်ကားခထဲက ပါသွားလို့  ရင်ပြင်တစ်ခုလုံးကို ပတ်ပြီး ကိုယ့် မြို့ နယ်က အသိတွေ တွေ့ နိုးနိုးနဲ့ ဒေါင်းတောက်အောင်လိုက်ရှာခဲ့ ရသေးတယ်၊ ကံကောင်းလို့  ဘော်ဒါအုပ်စုတစ်ခု နဲ့ သွားတိုးလို့  ကျေးဇူးရှင်တွေက သူတို့ ပါလာတဲ့  ငွေထဲက ခွဲပေးလို့  အသက်ရူချောင်သွားတော့ တယ်..အဲ့ မှာ တစ်သက်မှတ်သွားတော့ တာပါပဲ ၊ ဟိုင်းဝေးခရီးထွက်ရင် အသွားအပြန် ခန့် မှန်းကုန်ကျစားရိတ်ထက် လေးငါးဆ ဆောင်မသွားနိုင်ပဲ ဘယ်တော့ မှ မထွက်တော့ ဘူးပေါ့ လေ၊ နောက်တစ်ခုက ဘယ်နေ့ အရောက်ပြန်မှ ဖြစ်မယ်ဆိုတာမျိုးဆိုရင်လည်း ဘယ်ခရီးမှ မထွက်ဘူးပေါ့ လေ..ထွက်ပြီဆို နောက်ကြောင်းမှာ ကျန်ခဲ့ တာတွေ
ခေါင်းထဲ အာရုံမရှိ ၊ အသွားခရီးစဉ်ဆို ပစ်မှတ်ကို ရောက်ချင်တဲ့ အချိန်ရောက်ပါစေ ဘယ်အချိန်ပြန်ဆိုတာ ခန့် မှန်းလောက်ကလွဲလို့  အသေဆုပ်မထား ဆိုတာမျိုးတွေ အချိန်ယူ တွက်ချက် ချိန်ထားပြီးမှ ထ လှုပ်ရှားတာမျိုးပေါ့ ဗျာ...
ဒီလိုပလန်တွေချရတာ တကယ်တော့  သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး အတော်လေးစိတ်ရှည်ရသလို ခရီးသွားဖို့ တွေးထားရင်တောင် အသေဆုပ်ထားလို့ မရဘူး ရက်ရွှေ့ ရနိုင်တယ် ဒါမှမဟုတ် ရုတ်တရက်ပေါ်လာတဲ့ ကိစ္စတစ်ခုခုကြောင့် မသွားဖြစ်တော့ ပဲ ပျက်ချင်ပျက်သွားနိုင်တယ်ဆိုတာပါ ကြိုတွေးထားရသေးတယ် ဒါမှ စိတ်ဖိအားတွေ ဖြစ်မနေမှာပေါ့ လေ..ဒီလိုပေါ့ ပေါ့ ပါးပါးထားထားတဲ့  ပလန်တွေကို
ကိုယ်ဆွဲထားတဲ့ ခရီးမှာ အတူတူလိုက်မယ့်  မောင်နှစ်မညီအစ်ကိုတွေကိုပါ ကြိုပြောထားရသေးတယ် ( အခုတောင် ရက်ရွှေ့ ခဲ့ ရပြီး ဒုတိယမြောက် ပလန် ဘီ ရက် မှာ ကျိုက်ထီးရိုးတက်ခဲ့ ကြတာ) ဒီသဘောတွေက
ဘ၀ဖြတ်သန်းမှု့ အတွေ့ အကြုံတွေကနေ ပြန်စုစည်းတွေးတောပြီး တွက်ချက်လုပ်တဲ့ သဘောပေါ့ လေ....
နောက်ဆံတင်းစရာ မရှိအောင်လည်း အစောကြီးကတည်းက အလုပ်ကို အကျော်ဖြတ်ပစ်ထားလိုက်သလို အိမ်ပြန်ရောက်တဲ့ နေ့ ဟာ ပြန်ရောက်တဲ့ နေ့ ပဲလို့ ပါ တွေးထားပြီး လစ်ကြတာ ။ စိတ် အလွတ်လပ်ဆုံး
အနေအထားရအောင် ကြိုတင် အကွက်တွေဖေါ်ထားပြီးမှ ထလှုပ်ရှားကြတဲ့ အခါမှာ အဓိက အကျဆုံးတွေထဲက အဓိက အကျဆုံးက ငွေ ပါပဲ..အဲ့ ငွေ လုံလောက်နေပြီဆိုတာထက် ပိုသာလွန်အောင် ဆောင်သွားခြင်းက
ခရီးစဉ်တစ်ခုလုံးကို ပျော်စရာ အတိ ဖြစ်အောင် ဖန်တီးပေးတဲ့ အချက်တွေထဲက တစ်ချက်ပေါ့ ၊
ဒီလို ဘုရားဖူးခရီးစဉ်ဆိုတာ စီးပွားသွားရှာတာ အကြွေးသွားတောင်းတာ အလုပ်ကိစ္စကြောင့် သွားရတာမျိုး (၀ါ) ကိုယ့် အတွက် ကိုယ့် စီးပွားသဘောအတွက် သွားရတာမျိုးမဟုတ်ပဲ....ငွေတွေကို စိတ် လွတ်လွတ်လပ်လပ် သုံးဖို့  (၀ါ) ပေးဖို့  သက်သက် သွားရတာမျိုး ပိုဆန်တယ်..ပမာအားဖြင့်  အဲ့ လို ခရီးစဉ်မှာ အမှတ်တရ ပစ္စည်းလေး တစ်ခုခုက ၀ယ်ချင်စရာ သိပ်ကောင်းနေတယ် ဈေးက နဲနဲများနေပုံရတယ် ၀ယ်ကလည်း ၀ယ်လွန်းချင်နေပြီဆို နဲတယ်များတယ် တွက်မနေတော့ ဘူး လူ့ ရဲ့ စိတ်အချမ်းသာဆုံး အချိန် ဆိုတာ ကိုယ်ထင်ရာကိုယ်လုပ်ခွင့် ရလိုက်ချိန်ဟာစိတ်အချမ်းသာဆုံး အချိန်ဖြစ်တယ် လို့ သဘောထားပြီး ၀ယ်ချလိုက်နိုင်တဲ့ အနေအထားမျိုးဟာ ပျော်စရာသိပ်ကောင်းတဲ့  ခရီးတစ်ခုဖြစ်လာတယ်ပေါ့ လေ..
=================
ကျိုက်ထီးရိုး (၃)
==========
ဖွရွာထဲက နိုင်ငံရေး ဝေဖန်စာတွေလျှောက် ဖတ်လိုက်တာ ထွက်ခဲ့ တဲ ဟိုင်းဝေး ခရီး ဖီလင်လေးတောင် နေလာနှင်းပျောက် ဖြစ်တော့ မလို့ အဟီး...
အဲ ကြုံတုန်းလေး အလေ့ အကျင့် မရှိထားရင် ရုတ်တရက် ထလုပ်တဲ့ အခါ မချောင်ဘူးဆိုတဲ့ အကြောင်းက ဒီလိုလေး...ကားနဲ့ တက်ပြီး နောက်ဆုံးကားရပ်ပေးတဲ့ နေရာကနေ ရင်ပြင်တော်ပေါ် တက်တဲ့ လမ်းက
စိတ်ထဲမှာ ခပ်နီးနီးပဲ ထင်ထားတာ... အဲ့ ကားဂိတ်ဆုံးရပ်ပေးတဲ့ နေရာမှာ ( မရောက်တာကြာပြီဆိုတော့  နဲနဲ မေ့ နေပြီလေ.) ..အဲ့ မှာ အဲ့ အနားမှာ အထမ်းသမားတွေ စောင့် နေတာလည်းမြင်သားပေါ့ လေ..
ဒါပေမယ့်  အဲ့ နေရာကနေ ရင်ပြင်တော်ပေါ် ဆိုတာ နီးနီးလေး အထမ်းမလိုပါဘူးပေါ့ လေ ( အထမ်းကိုထင်နေတာက ဟိုးတောင်ခြေကနေ လမ်းလျှောက်တက်ရင်သာ လူကြီး လူအို
ဒူး မကောင်းသူတွေ အတွက်လောက်ပဲ လိုလောက်တယ် ထင်နေတာ )...
အဲ့ မှာ အဲ့ ကားဂတ်ဆုံးရပ်ပေးတဲ့ နေရာကနေ ကြိုဆိုပါ၏ ဆိုတဲ့  မုဒ်ဦးကြီးအ၀ အထိ လမ်းလျှောက်တက်တာ....လမ်းက ကွန်ကရစ်ခင်းထားတဲ့ လမ်း မော့ မော့ ကြီးတက်ရတာ ပထမတော့  အေးဆေးပဲ
တော်တောလေးလည်း လျှောက်တက် သွားလိုက်ရော ခြေသားလုံးသားတွေ ချက်ချင်း တောင့် တက်လာပြီး လှမ်းနေတဲ့  ခြေထောက်က လေးလာရောဗျာ.(နောက်တောင်ပြန်ဆွဲချင်လာသလိုလို ခြေထောက်က
မြေကြီးနဲ့  ကပ်နေသလိုလို .ငိငိ) လူပါချက်ချင်း အမောဝင်လာတာမျိုး..ချွေးတွေဆိုတာ ချက်ချင်းကို ရွှဲနစ်လာတာ ( ဒါမျိုး ချွေးဒလဟော မထွက်တာက ကြာပြီလေ)... ( ဒါတောင် နေမရှိပဲ မိုးတိမ်မြူတွေနဲ့ 
အေးနေသေးတာ နေများ ပူနေရင် ပိုဆိုးမှာ...)..
အဲ့ မှာ နောက်တော့ မတတ်နိုင်ဘူး ငါ ယောက်ျားပဲ ငါ တတ်နိုင်တယ်ဆိုပြီး မာနကြီး တစ်ခွဲသားနဲ့  ဇွတ်ကြီး ဆက်လျှောက်တက်လိုက်ရင် ခြေသားလုံးကြွက်တက်သွားမှာစိုးတာနဲ့ 
ဖြေပစ် လက်ပစ်ကြီး သရုပ်ပျက်ပျက်နဲ့  ခဏထိုင်နားပေးလိုက်ရတယ်...လွယ်အိပ်ထဲ ပါလာတဲ့ ရွိုင်ရယ်ဒီ အားဖြည့် အချိုရေလည်း မောနေပေမယ့်  အရမ်းမသောက်ရဲဘူး တစ်ငုံလောက်ပဲ ငုံပေါ့ လေ
အမောဆို့ နေချိန်မှာ ဒါမျိုးက သောက်ချလိုက်ရင် ပိုအမော စို့  ရေနင်လေစို့ ဖြစ်သွားတတ်တယ်လေ. ( နောက်တစ်ချက်က ဖျားပြီးစလေးမှာ ဘော်ဒီဖစ်မဖြစ်သေးခင် ကျိုက်ထီးရိုး ထတက်လိုက်တာကြောင်
့ပုံမှန်ထက် ပိုညောင်းမောသွားတာ လည်း ပါပုံရပါတယ် )
မောမောနဲ့ ထိုင်နေရင်း တွေးလည်း တွေးမိသေးတယ် ဒီလောက် ကုန်းမော့ တွေနဲ့ နဲနဲ ဝေးသေးမှန်း သိရင် အထမ်းစင် ဝေါလေး ဇိမ်နဲ့ စီးထိုင်လိုက် လိုက်ပါတယ် တွေဘာတွေ ...အပြန်ကျရင်တော့ အထမ်းနဲ့ 
ဆင်းရင်ကောင်းမယ်တို့ တွေဘာတွေပေါ့ .. အဲ့ လိုတွေ မောမောနဲ့ လျောက်တွေးတာ..ခ်ခ် နောက်လည်းသတိထားမိတယ် အရင်အသက်ငယ်တုန်းကလို စပိနှုံး နဲ့  တက်လို့ မလွယ်တော့ဘူး စိတ် ဘယ်လောက်
ဆောင်ဆောင် ရှိရင်စွဲ အသက်ကလည်း ညာမရပါဘူး စကားပြောသားတွေ ...၀ိတ်တက်နေတာကလည်း ပြဿနာတစ်ခုပဲပေါ့ လေ......
အဲ့ မှာဗျာ တွေးရင်း ကိုယ့် ကိုယ်တောင် နဲနဲ ရှက်သွားတယ် အဲ့ ကားဂိတ်ဆုံးကနေ ကြိုဆိုပါ၏ မုဒ်ဦးဝအထိ အတက်လမ်းလေးကို လမ်းမှာ သုံးခါလောက် နားယူ ပြီးတက်မှ ရင်ပြင်တော်ပေါ်ခြေချနိုင်တော့ တယ်ဗျား...
ဟိုတုန်းကများ ကားမရှိခင်ကရော ကားရှိလာလည်း ကားမစီးဘူး ဟိုး တောင်ခြေကနေ တောင် ၃၃ လုံးကို နန်းစတော့ တက်ခဲ့ တာ... ဘာညာ ...ဟီးဟီး.....
အဲ ထူးဆန်းချက်က ရင်ပြင်တော်ပေါ်ရောက်တော့  သွေးပူသွားလားတော့ မသိဘူး ဒါမှမဟုတ် လမ်းဝေးဝေး လျှောက်နေမကျပဲ ရုတ်တရက်ကြီး တောင်တက်ခရီးတိုလေး ထလျှောက်လိုက်လို့ 
ခြေထောက် တအားညောင်းသွားဒဏ်ခံလိုက်ရတာ ဝေဒနာ ဂိတ်ဆုံးသွားလို့  ထုံသွားသလားတော့ မသိဘူး ပြန်အဆင်းတွေရော ဘုရားတစ်ဝိုက် ဟိုနားဒီနား တက်လိုက်ဆင်းလိုက်တွေပတ်နေတာရော
လုံးဝ အိုကေ မညောင်းတော့ မမောတော့ ဘူးဗျား... ဟိုး ကျောက်ထပ်ကြီးဖက်တောင် လစ်လိုက်ချင်သေးတာ အဖွဲ့ တွေကြည့် ရတာ ဟန်ပုံ မရတာနဲ့ အသာနေလိုက်ရတယ်... နောက်ကြုံမှပေါ့ လေ ငိငိ
. ပြန်အဆင်း မညောင်း မမောတော့  အထမ်းသမားနဲ့  ဝေါ စီးကြည့် ချင်နေတာ မစီးခဲ့ ရလို့  နဲနဲတောင် မချင့် မရဲ လေးဖြစ်မိနေသေး ဟီးဟီး..။ :P 😁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..