'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, October 11, 2016
'' တိမ်တွေနေတဲ့ အရပ်...'' ( ကျိုက်ထီးရိုးအကြောင်း)
'' တိမ်တွေနေတဲ့ အရပ်...''
--
ခရီးတစ်ခေါက်ထွက်ပြီး ရေးစရာကုန်ကြမ်းတွေက ပြန်တွေးလိုက်ရင် ကုန်ကိုမကုန်နိုင်ဘူးလိုဖြစ်နေပြီ..ဟိုနေ့ က သတင်းထဲမှာ ကျိုက်ထီးရိုးမှာ ကောင်းကင် ကေဘယ်ကြိုးဆင်နေတာ အတော်ပြီးနေပြီလို့ ဆိုတယ်
ရသေ့ တောင်ကနေ စ ဆင်နေတာလို့ လည်းပါတယ် သတင်းအရဆို ရသေ့ တောင်အထိ ကား
အဲ့ ကနေလမ်းလျှောက်မတက်ချင်ရင် ကောင်းကင်ကေဘယ်ကြိုးဓါတ်ရထားလုံးလေးနဲ့ တက်ပေါ့ လေ..
ဒီလိုဆိုတော့  လူပိုသက်သာသွားတာပေါ့ လေ..အဲ့  ကေဘယ်လ်ကြိုး ဆင်ပြီးလို့ ဖွင့် ရင် အဲ့ ဒါလေး သွားစီးဦးမှပဲလို့ တောင် တွေးမိလိုက်သေးတယ် တောတွေတောင်တွေကို အပေါ်စီးမြင်ကွင်းကျယ်ကနေ တောင်ကြည့် မြောက်ကြည့် ပေါ့ လေ..
အရင်က အိမ်မိဘ အလုပ်သဘောအရ မြန်မာပြည် အလယ်ပိုင်း ခရီးတွေ အများကြီး ထွက်ခဲ့ ရတုန်းကတည်းက မြန်မာပြည်အလယ်ပိုင်းက တန်ခိုးကြီးဘုရား အတော်များများရောက်ဖူးခဲ့ တယ်
ပုဂံ ရွှေစက်တော် ပုပ္ပားဆို တောင်ကလပ်ရော တောင်မကြီးပေါ်ရော မန္တလေးရောက်တိုင်း ဘုရားစုံ လည်ဖူးတာ မန္တလေးတောင်တော် တောင်သမန် အင်းဝ စစ်ကိုင်း မင်းကွန်း မေမြို့  မိုးကုတ် ပင်းတယ
အင်းလေး ဖိုးဝင်းတောင် အတော့် ကို များတယ် မကွေးမြသလွန် မင်းဘူးစက္ကတဲ နဂါးပွက်တောင် ကျောင်းတော်ရာ ပြည်ရွှေဆံတော်တို့  မင်းကြီးတောင် ရွှေနတ်တောင်တို့ ဆို ဆွေဘုရားမျိုးဘုရားတွေလိုတောင်ဖြစ်ခဲ့ တာမျိုးပဲ.
.ကြိုကြားလစ်တာက ကျနော်တို့ က တညင်လို့ ခေါ်တဲ့ သံလျင်ရေလယ်ဘုရား ကျိုက်ခေါက်ဘုရားပွဲတော် နဲ့  ပဲခူးဘုရားစုံပေါ့  ပဲခူးဆို ကျနော်တို့ က ကိုသိန်း နဲ့ ကိုသန်း ဘုရားလို့ နောက်ခေါ်တဲ့  ကိုးသိန်းကိုးသန်းဘုရားတောင် မကျန်ဘူး အဲ့ ဘုရားနားက ချောင်းသေးလေးရေ ဆင်းချိုးတာလည်းပါသေး နောက် မဟာစေတီ ဖက်ပါသွားလိုက်ကြသေးပေါ့  အောက်ဖက်ဆို ပုသိန်နယ် ရေကြည်ရေနောက် မော်တင်စွန်း ကျိုက်ထီးရိုး မြသပိတ်တောင် သာမည တွေပေါ့ လေ.. အဲ့ မှာ ဘုရားတွေမှာ ဗေဒင်သယ်တွေ့ လည်း လမ်းကြုံဆိုပြီး ၀င်ဝင်မေးကြ ကျောက်တုံးတွေ့ ဝင်မကြပေါ့ လေ....
အဲ့ လို ဘုရားတွေ အတော်နှံ့ ခဲ့ တာမှာ သဘောအကျဆုံး နေရာက ပုပ္ပား ပုဂံနဲ့  ကျိုက်ထီးရိုးကိုတော့  သဘောအကျဆုံးပါပဲ...ပုဂံညောင်ဦး ကို သဘောကျတာက မြင်ကွင်းကျယ်ကြီးဖြစ်နေတာ အညာရနံ့ စစ်စစ်ကို ရတာရယ် အညာရဲ့ ညနေစောင်းလေးတွေဟာ တစ်မျိုး သာယာလှတာရယ် အညာရဲ့ ညချမ်းတွေဟာအေးပြီဆိုအတော့ ကိုအေးတာမျိုးတွေရယ်ကြောင့် ပေါ့ လေ.
.နောက်အညာစကားပြောလေသံတွေကိုသဘောကျမိတာလည်းပါတယ်...ပုပ္ပားတစ်ဝိုက်ကိုတော့ 
တစ်ချက်တည်းပြောရရင် တောင်အမြင့် ကြောင့် ပါပဲဗျာ...
.လောကကို တောင်ပေါ်က တက်ကြည့် ရတဲ့ မြင်ကွင်းကို သိပ်သဘောကျတယ်လေ...
အဲ့ ထဲတွေမှာမှ ကျိုက်ထီးရိုးကို မြန်မာပြည်အနှံ့ က ဘုရားတွေထဲမှာ သဘောအကျဆုံးဖြစ်မိတာက ကျိုက်ထီးရင်ပြင်တော်ပေါ်ကိုရောက်သွားရင်ပဲ မြန်မာပြည်ထဲမဟုတ်တော့ သလိုလို သီးခြားမြို့ ပြငယ်လေးလိုလို မွမ်းကျပ်လှတဲ့ မြို့ ပြလူနေမှု့ ကွန်ကရစ်တောထဲက လူ့ လောကီ အရှုပ်ထုပ်တွေကနေ သီးခြားကင်းလွတ်နေတဲ့ နေရာလေးလိုလို ခံစားလိုက်ရပြီး စိတ်ကို သိပ်လွတ်လပ်သွားတဲ့ ခံစားမှု့ တွေရတာ ကမ္ဘာ့ အပြင်ဖက် ရောက်နေသလိုလိုပေါ့ ... ပြီးတော့  တကယ်ကို့ တောတောင်သဘာဝ ရနံ့ တွေကို ရနေတာမျိုး......
တောင်အမြင့် ကလည်း သိပ်ကိုမြင့် နေလို့  တိမ်တွေဆိုတာကို အပေါ်စီးကပြန်ကြည့် နေရာတာမျိုးလည်း ဖြစ်နေလို့ အဲ့  အမြင့် က လောကတစ်ခွင်ကို စီးကြည့် ခွင့် ရနေတဲ့ ခံစားမှု့ က သိပ်ကို သဘောကျစရာ
ကောင်းတယ် ပြီးတော့  မြန်မာပြည်အလယ်ပိုင်း အညာဒေသက ပုပ္ပားလို တောင်အမြင့် တွေသဘောနဲ့  ကွဲနေတာက ပုပ္ပားတောင်တော်ဟာ မြင့် တယ်ဆိုဦးတော့  ကျိုက်ထီးရိုးလို တိမ်မြူတွေ အအေးဓါတ်တွေ လူကို ပတ်လည်လာဝိုင်းနေတာမျိုး မရှိတတ်ဘူး ....
ကျိုက်ထီးရိုးတောင်တော်ကတော့  မနက်စောစောတွေ ညနေစောင်း ညဦးတွေ ခုလို မိုးနှောင်းနဲ့ ဆောင်ဦးဝင်ကာလလေးတွေဆို ရင်ပြင်တော်ပေါ်မှာတင် တိမ်မြူငွေတွေ့ က လူနားမှာ ပတ်လည်ဝိုင်းလို့ ပေါ့ ...အေးချက်က သွေးခဲလုအောင် မအေးပေမယ့်  ချင်းစောင်ကြီးခြုံသွားချင်စရာကောင်းလောက်တဲ့ အထိ အအေးဓါတ်က ကျောထဲစိမ့် နေအောင်အထိအေးတတ်လို့ အဲ့ အအေးအရသာကလည်း ကျိုက်ထီးရိုးတက်ပြီး ညဦးတွေ သန်းခေါင်းကျော်တွေ အာရုံဦးတွေကို အမှတ်ရနေတတ်တယ်ပေါ့ လေ.......
ညနေစောင်း နေ၀င်ချိန်တွေဆို ကျိုက်ထီးရိုးတောင်တော်ပေါ်ကနေ ရှု့ ခင်းသာဆိုတဲ့ နေရာလေးကနေ ကျောက်သမ္ဗာန် ဆိုတဲ့  စေတီလေးနေရာကနေ ထိုင်ပြီး ရွှေအိုရောင်နောက်ခံနဲ့  မှိုင်းပြပြ နဲ့ မြူတွေ ယှက်သန်းနေတဲ့ တောင်တန်းကြီးတွေနောက် တဖြည်းဖြည်း ၀င်သွားတဲ့  နေလုံးကြီးကို ငေးကြည့် နေရတာကလည်း တကယ့် လွမ်းစရာမြင်ကွင်းပေါ့ ...
အဲ့ အချိန် ရင်ပြင်တော်ပေါ်မှာ အေးကလည်း အေးလာပြီလေ...အေးစိမ့် နေတဲ့ လေအေးတွေကလည်း လူကို တဟူးဟူးတိုးဝှေ့ လို့ ပေါ့ .....ဆိုရရင် ကျိုက်ထီးရိုးတောင်တော်ဟာ ဘုရားဖူးဖို့ တင်မက တဒင်္ဂ ဘ၀အမောတွေဖြေဖို့ အတွက် ခေတ္တနားခိုရာလေး အဖြစ် အပူသောကတွေကနေ ခဏတာ လွတ်မြောက်ရာ နယ်မြေလေးအဖြစ် နေလို့ သိပ်ကောင်းပြီး တိမ်တွေနေတဲ့ အရပ်လို့ တောင် တင်စားလို့ ရလောက်တယ်ပေါ့ လေ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..