''''ကိတ်စနချိပြီ ဆင်းလော့ ဆင်းလော့ ...'''
----
အတော်များများဖတ်ဖူးမှာပါ..အော်ရီဂျင်နယ် ပြည်တွင်းဖြစ် ရိုးရာပုံပြင်လား...စိနိတိုင်းက လာတဲ့  ပုံပြင်ကို ဗမာမှု့ ကလုန်းလုပ်ထားတဲ့ ပုံပြင်လားတော့ မသိပါဘူး..စိနလေသံပါနေလို့ ဖတ်ရကာစက ပိုရယ်စရာ ဖြစ်သွားပါတယ်ဗျာ..မူလပုံပြင်လို အတိအကျ မဟုတ်ပေမယ့် ပုံပြင်ရဲ့ သဘောအသွားက ဒီလိုလေးပါ
သူ့ အမည်က ကိုတလုပ်ကြီးပေါ့ လေ စကားပြောရင် ၀ဲတယ်ပေါ့ ...သူက ငှက်ခတ်သမားပေါ့ ..လောဘတကြီးနဲ့  ၀ိတ်ကို မချိမဆန့် တင်တတ်တဲ့  ငှက်ခတ်သမားပါတဲ့  လေလုံးကတော့ 
ကောင်းကင်က မဆင်းပုံရပါတယ်...
တစ်နေတော့  တစ်ဖက်ကမ်းကို ပို့ ပေးဖို့  လူတင်တော့  လှေရဲ့ တင်နိုင်တဲ့ ဝိတ်ထက် ပိုများလာနေလို့ ခရီးသည်တစ်ချို့ က စိတ်ပူပြီး
'''' ဗျို့ ကိုတလုပ်ကြီး နင် လူတင်တာများနေပြီ ဖြစ်ပါ့ မလားဗျ..လှေ ဘေးဘောင်တောင် ရေမြုတ်နေပြီ '''' လို့  လှမ်းသတိပေးလိုက်တော့ ကိုတလုပ်ကြီးက....
...'''' အာ..ရပါလယ်ကွာ...ကိတ်စန မချိသေးပါဘူး. ၀ လှေ အကြောင်း ၀တိလယ် ကိစ်စန်ရှိရင်ပြောမယ် ဘာမှစိတ်မပူနဲ့..''လို့ အေးအေးလူလူပြန်ဖြေရင်း လှေကို ခတ်ပြီး မြစ်တစ်ဖက်ကမ်းကို တအိအိ
နဲ့ ဖြတ်ကူးဖို့ ထွက်လာပါရောတဲ့ 
တအိအိနဲ့ ခတ်လာရင်းက မြစ်လယ်နားလဲရောက်ရော....လူဝိတ်များနေတဲ့  လှေထဲ ရေ၀င်စပြုလာပုံက ပက်ထုတ်လို့ မနိုင် ပွေးညှက်နဲ့ ဖါထားတဲ့ နေရာတွေကပါ ပေါက်စပြုလာတော့ လှေကြမ်းခြေထဲ ရေဒလဟောဖြစ်လာသတဲ့ ..
အဲ့ မှာ သူ့ လှေဇာတ်ထုတ် သူလည်း မနိုင်တော့ ရော..ကိုတလုပ်ကြီး ထအော်ပုံက.
..''''ဟားးးး.ကိတ်စနချိပြီ ဆင်းလော့ ဟေ့ ဆင်းလော့ .ဆင်းလော့  '''''လို့ အော်ပြီး မြစ်ထဲ သူအရင် ဒိုင်ဗင်ပစ်သွားပါရောတဲ့ ဗျား.....ခ်ခ်....
အခုရေကြီးနေလို့  ဆည်တွေကျိုးမှာ စိုးရိမ်နေတဲ့  သူတွေကို မပူပါနဲ့ ပြောတဲ့  ပိုစ်တွေဖတ်ရလို့ 
ဒီပုံပြင်ကို သတိရသွားတာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..