'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, October 3, 2016
တြင်းန၀င်း ဓါတ်ဆင်ခြင်းသဘောတရားလေး..
ကိုယ်ပုံသေထိုင်အလုပ်လုပ်တဲ့  စားပွဲနေရာမှာ အပွင့် ဓါတ်စီရင်တာ တစ်ခုက တြင်းန၀င်း ဓါတ်ဆင်ခြင်းလို့ ခေါ်ပါတယ် သက်ရောက်ကောင်းချိန်မှာ ဆင်တာမျိုးပါ....တြင်းန၀င်းဆိုတာ
ဖင်ထိုင်ခြေနင်းနေရာမှာ ကြိစတု နင်းကြမ်းပစ္စည်းတစ်ခုခု ကိုခုထား ခံထားပြီး ကိုယ့်  အထက်မှာတော့  အညွန့်  နံပစ္စည်းတစ်ခုခု ဆင်ထားတာမျိုးပါ..ကံအပွင့် ဓါတ်မြန်အောင်ဆင်ယူတဲ့ သဘောတရားပေါ့ လေ
ဥပမာ ကြာသာပတေးသားသမီး အလုပ်လုပ်နေတဲ့  အထိုင် နေရာ တစ်ဝိုက်မှာ တြိစတု ပညတ်ပစ္စည်းဖြစ်တဲ့  တနင်္ဂနွေနံ+စနေနံ = အင်တုံ သေးသေးလေးတစ်ခု ချထားပြီး
အပေါ်မှာတော့  သောကြာနံ ဟင်္သာရုပ်လေး တွဲလောင်းချိတ်ဆွဲထားလိုက်တာမျိုးပါ
ဒါကို ဆောင်ပန်း နင်းကြမ်း အတွဲ တတွဲ နဲ့  လည်း လုပ်ကြပါသေးတယ်...ဥပမာ အင်္ဂါ +တနင်္လာ စိတ်ခြယ်တွဲ ရတဲ့  သောကြာသားသမီးရဲ့ အလုပ်စားပွဲခြေထောက်တွေကို
ဆေးဖြူရောင်သုပ်ထားပြီး စားပွဲမျက်နှာပြင်ကိုတော့  အစိမ်းရောင်သုတ်တာမျိုး ဖင်ထိုင်နေရာမှာ ကံ့ ကော်သားသေးသေး ချည်ထားပြီး အထက်မြင့် ခေါင်းပေါ်မှာ ဇီးရိုးလေး တွဲလောင်းချိတ်ထားတာမျိုး...
ဒီသဘောကတော့  သက်ရောက်ဆိုးကောင်း ချိန်စရာမလိုပဲ ဓါတ်ဆင်ထားတာမျိုးပါ ဒါကို န၀င်းတစ်လုံးရိုက်ထားတာလို့ ခေါ်ပါတယ် ကာဖွင့် လို့ လည်းခေါ်ပါတယ်
ဒါမှမဟုတ် မတွန့် စေရ တစ်ခုခုကို အထက်မြင့် မှာတွဲလောင်းလေးချည်ထားတာမျိုးလည်း ကစားထားလေ့ ရှိပါတယ် ဥပမာ သောကြာသားသမီးထိုင်အလုပ်လုပ်နေတဲ့ နေရာရဲ့ 
အပေါ်လေးမှာ ပိတုန်းရုပ်လေးတွဲလောင်းချီထားတာမျိုးပါ ဒီလို ထားခြင်းဖြင် ပယောဂတွေ အတိုက်အခိုက်တွေ အင်းပစ်အရိုးမှု့ံ ပစ်တွေ လုပ်ကြံတဲ့ သဘောတွေကနေကာကွယ်ပြီးသားသဘောပါပဲ
သဘောက ကျမ်းရင်းလင်္ကာ ၄၀ထဲကချည်း ထုတ်သုံးနေတဲ့  ယတြာတွေ ဓါတ်ဆင်ခန်းတွေ မနဲဘူးဆိုတဲ့  သဘောပေါ့ 
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..