Powered By Blogger
Monday, October 3, 2016
'' မရူးချင်သေးရင်မရူးသေးဘူး သဘောပဲနေမလား'' .
'' မရူးချင်သေးရင်မရူးသေးဘူး သဘောပဲနေမလား'' ..ငယ်တုန်းက စက်ဘီးစီးသင်တုန်းကပေါ့ ...ဦးလေးလုပ်သူက သင်ပေးတာ  ကမ်းနားက ဆန်ဂိုထောင်တွေကြား...အဲ့ တုန်းက ပွဲရုံမှာ အလုပ်သဘော သုံးနေတဲ့ 
 အရပ်မမီလို့   ဘားတန်းကို မခွနိုင်တော့  ဘားတန်းအောက်က ခြေသွင်း ခပ်ကာ ခပ်ကာ နဲ့  အရှိန်နဲ့ တွန်းပြေးပြေး နင်း ကျင့် ရတာပေါ့  ဟန်ဒယ် မချိမဆန့် ကြီးကိုလဲ လက်ကထိမ်းရ ကိုယ်ကိုလည်း ထိမ်းရနဲ့ 
တကယ့် ဖယိုဖရဲပဲ...၊  တစ်ခါတော့  ဦးလေးက စက်ဘီးကို တည်ထားပေး ကျနော်က ဘားတန်းအောက်က ခြေသွင်း  နင်းဖို့ အသင့် ပြင်နေတုန်း  သူက လူကြီးအားနဲ့  တွန်းလွှတ်လိုက်တာ ၀ှီးကနဲ စက်ဘီးက ပြေးထွက်သွားတော့  ကျနော်က ဟန်ဒယ်ကို မနိုင်သေးနဲ့ 
ဒယိမ်းဒယိုင်တွေဖြစ်  ဆန်ဂိုထောင်ဝင်တိုက် အပွမ်းအပဲ့ တွေ ဖြစ်ပေါ့ လေ..(နာချက်က မငိုချယုံတမည်ထဲကျန်တော့ တယ်) .အဲ့ ဒါ ဦးလေးလုပ်သူက  တတ်ပြီ ငါ့ တူတဲ့ .. စက်ဘီးစီးသင်တာ နာမှ တတ်တာတဲ့  ..ငင့် ..
( ဟုတ်သလိုလိုပဲ အဲ့ မှာ နောက်တစ်ခါကြတော့  သူတောင်မလိုတော့ ဘူးဖြစ်သွားတယ်..အဲ့ မှာ စက်ဘီးစီးတတ်စဆို သိပ်စီးချင်တာမျိုးပဲ  ဆိုင်က စက်ဘီးကြီးကို မကောမက ယူယူစီးရင်း တစ်နေ့ တော့ 
 မျက်စိအတော်နောက်နေပုံရတယ်နဲ့ တူပါရဲ့  စက်ဘီးယူစီးရနေတုန်း  နောက်က ခွေးလိုက်တာ  ..နင်းပြေးရင် လဲရောဆိုပါတော့   အဲ့ မှာ မထနိုင်ခင် ခွေးကပြေးဟတ်လို့  လက်နဲ့ ကာလိုက်တာ ဘက်ကောက်ဝတ်ကို ခွေးစွယ်တွေခြစ်မိသွားတာ အကွင်းလိုက်လေးပေါ့ လေ..
အဲ့ မှာ ခြောက်လိုက်တော့ ခွေးကပြေးရော..လက်ကောက်ဝတ်ကတော့  သွားရာတွေနဲ့  သွေးတွေစို့ ပြီးကျန်ခဲ့ တော့  အနားက ဆန်ဂိုထောင်က ဂိုထောင်မှူးက  တန်တွေယူလာပေးပြီး ၀ါးပြီးအုံလိုက် ကောင်လေးတဲ့  အဆိပ်ပြေတယ်တဲ့  
ဒါနဲ့  ကိုယ့် ဟာကိုယ် ဆန်တွေဝါးပြီး ခွေးကိုက်ရာပေါ် အုံအုံပေးနေလိုက်တာ  သွေးမထွက်တော့ ပဲ အိုကေသွားရော  ( အိမ်ကသိမှာလည်း စိုးတော့ အဲ့ လိုတွေကိုယ့် ဟာကိုယ်ကြိတ်ဖြေရှင်းခဲ့ ရတာတွေပေါ့ လေ )...တော်သေးတယ် ခွေးက ခွေးကောင်းမို့ လို့ ...     😁 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..