Powered By Blogger

Monday, October 3, 2016

'' ဒဂေါက်လျှောက်ပြီ ''


ကျနော်တို့ အမျိုးထဲမှာ '' ဒဂေါက်လျှောက်ပြီ '' ဆိုတဲ့ အသုံးအနှုံးတစ်ခုရှိတယ်..အစားတွေသောင်းကြမ်းလို့  ၀မ်းပျက်တာကိုပြောတာ..
ဘယ်လောက်အထိပျက်လည်းဆိုရင် ဆန်ဆေးရေလို ၀ရောကနဲ ပန်းထွက်တတ်တဲ့ အထိ ၀မ်းပျက်သွားတာမျိုးပေါ့ လေ..
( အဲ့  ဒဂေါက်လျှောက်ပြီ ဆိုတဲ့ စကားထဲက ဒဂေါက် ဆိုတာ ဘာကြီးတုန်းလို့ တွေးကြည့် တာ (မေးမကြည့် ခဲ့ ရလို့  ) တွေးလို့ ရသလောက်ကတော့ 
ဝမ်းအကြီးအကျယ်ပျက်သွားရင် အိမ်သာကို ပြေးရင်းကနေကို လမ်းမှာ ၀မ်းမနိုင်ချက်က ပုဆိုးတွေမှာပေ အရည်တွေစီးကျတာ ပေါက်တွေ ဒူးခေါင်းတွေ အထိ တောက်လျှောက်
 စီးကျကုန်တာမျိုး  အဲ့ မှာ ဒဂေါက် ဆိုတာ ဒူးခေါင်းကို ဆိုလိုတာနဲ့ တူပါရဲ့ ပေါ့ လေ...)

အဲ့ ဝမ်းပျက်တဲ့ ကိစ္စကလည်း အပျက်လွန်ရင် သိပ်ကြောက်စရာကောင်းတဲ့ အနေအထားထိ ရောက်သွားတတ်တယ် ( ပျက်ဖူးလို့ ပေါ လေ့).. အလယ်တန်းကျောင်းသားဘဝ
ဝမ်းပျက်တုန်းက အရေကြည်တွေချည်း ဖြစ်လာအောင် ပမ်းရင်းပမ်းရင်းက အိမ်သာအ၀ကနေ  လမ်းမလျှောက်နိုင်တော့ လောက်အောင်အထိ ဖြစ်သွားသလို အသံပါပျက် မျက်တွင်းက ချက်ခြင်း ဟောက်ပက်ဖြစ်လာ အရေပြားတွေ တွန့် လာတဲ့ အထိ
ဝမ်းပျက်သွားရင် ဆေးရုံသာ မှီရာကားနဲ့ ပြေးပေတော့ ဖြစ်သွားတယ်  အဲ့ လောက် ၀မ်းပျက်ပြီဆို အန်တာပါ လိုက်လာတယ်  ဒါကို အထက်လန် အောက်လျှောလို့ လည်း ခေါ်ကြတယ်..ပင်လယ်အူနာလို့ လည်း ခေါ်တယ် အူစင်းသွားတာတဲ့ လျှောတတ်တယ်တဲ့ 
အဲ့ အခြေအနေမှာ ဆေးရုံရောက်ရင်ဓါတ်ဆားရည် တန်းချိန်ရတော့ တာပါပဲ ပုလင်းကို မနဲဘူးပေါ့ လေ...ပထမတစ်လုံးချိတ်နေချိန် တစ်ဝက်ကျိုးလောက်မှာ
ခြေသားလုံးက ကြွက်ထတက်လို့ ထအော်ရသေးတယ် အဲ့ မှာ ဆေးရုံမှာပုလင်းချိတ်နေရင်း ၀မ်းကထပ်နာလာလို့  ပုလင်းတန်းလန်းနဲ့ ဝမ်းသွားရသေးတယ်.အတော်ဒုက္ခများတဲ့ ကိစ္စပေါ့ လေ..
အဲ့ ခေတ်မှာ အဲ့ လို ၀မ်းပျက်ကြတဲ့ ကိစ္စက အတော်အဖြစ်များခဲ့ တဲ့ သဘောရှိတယ်..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..