'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, October 3, 2016
ကားန၀င်းရှင်းခြင်း (၀ါ) ကားကို န၀င်းရိုက်ခြင်း
ကားန၀င်းရှင်းခြင်း (၀ါ) ကားကို န၀င်းရိုက်ခြင်း
---------------------------------------
ကားကို ချည်မန်းကွင်းကြီးစွပ်ပြီး လူကို န၀င်းရှင်းသလို ရှင်းတဲ့ စတိုင်က...
--------
ပထမဆုံးတော့  ကားကို စွပ်လို့ ရတဲ့  ချည်မန်းကြီးတစ်ကွင်း အရင်လုပ်ထားရပါတယ် ( လူ နှစ်ယောက်က ကားရဲ့  ဘယ်ညာကနေ အဲ့ ချည်မန်းကွင်းကို မြှောကိကိုင်ပေးလိုက်ရင် ကားက လွတ်လွတ်ကျွတ်ကျွတ် မောင်းထွက်သွားနိုင်တဲ့ အထိ ချည်မန်းကွင်းအကျယ် ရှိနေအောင်မှန်းလုပ်ရပါတယ်...( အတော်မှ အတော်ရှည်တဲ့ ချည်မန်းကွင်းပါ) ( ကြိုး တစ်ပိုင်းက မြေကြီးထိ နောက် တစ်ပိုင်းက ကားခေါင်မိုးဖျားလေးမှာတင်ထားတယ်)
-----------
ဘယ်နေ့ မဆို ကား ဆိုတဲ့  တနင်္လာနံ န၀င်းရောက်ချိန်.. ကြာသာပတေးတိုင် (၀ါ) ဂုရုတိုင်မှာ ကားကို န၀င်းရှင်းပါတယ်
--------------------
ပထမ ချည်မန်းကွင်းကို လူစွပ်သလို ကားကို စွပ်လိုက်ပါတယ် ( ကြိုး တစ်ပိုင်းက မြေကြီးထိ နောက် တစ်ပိုင်းက ကားခေါင်မိုးဖျားလေးမှာတင်ထားတယ်)
-----------
ကား ကို တနင်္လာနံကောက်ထားတာ ဖြစ်လို့  အလယ်ညွန့်  ဇော်စိမ်း (၀ါ) ဇီး အင်္ဂါနံ့ အညွန့်  ၈ ညွန့် က ဆောင်ပန်း အညွန့်  အုန်း ညွန့်  ၆ ညွန့် က နင်းကြမ်း အညွန့် အဖြစ်သုံးပါတယ်
------------------------
ဆောင်ပန်း ဇောစိမ်း ၈ ညွန့် ကို ဖလားထဲထည့်  ရေထည့်  ရေမွေး အမွှေးနံ့ သာရေတွေထည့်  အဆင်သင့် လုပ်လိုက်ပါတယ်..ပြီးရင် ကားစက်ဖုံးပေါ်ခဏတင်လိုက်တာ (သို့ ) လွတ်ရာ သင့် ရာမှ ခဏထားလိုက်ပါတယ် ( တစ်ယောက်ယောက်က ကိုင်ပေးထားလည်းဖြစ်ပါတယ်)
-----------------------
နင်းကြမ်း အုန်း ၆ လက်ကိုတော့  ကား ရှေ့ ဘီး ဘယ်ညာ ၂နှစ် ဘီးမှာ တစ်ဘီးစီမှာ ၂ ညွန့်  စီ နဲ့  နောက်ဘီး ၂ ဘီး တစ်ဘီးစီမှာ ၁ ညွန့် စီ ဘီအောက်တွေမှာ ညှပ်လိုက်ပါတယ် အညွန့်  အဖျားတွေက မောင်းထွက်မယ် ဖက် အရှေ့ တွေချည်း ဦးတည်ထားပါတယ် ( တနင်္လာသားရဲ့  ခြေထောက်အောက်မှာ နင်းကြမ်း အုန်းညွန့် တွေကို နင်းထားတဲ့ အတိုင်းပေါ့ 
--------------------------
ကား တနင်္လာ နံ ရဲ့  ကိုယ်စား တနင်္လာနံ အညွန့်  ကံ့ ကော်ညွန့်  တစ်တောင်လောက်က ကားဖင်နားမှာမြေပေါ်မှ ကန့် လန့် ချထားလိုက်ပါတယ်
-----------------------
ပြီးရင် အဲ့ ကားကို မောင်းထွက်ပေးမယ့်  ယာဉ်မောင်းက ကားထဲနေရာဝင်ယူ ပြူတင်းပေါက်လေးတွေ ဟထား စက်ကို စလိုးလေးဖွင့် ထားရပါတယ်....
-----------------------------------
အဲ့ လို အဆင်သင့် ဖြစ်ပြီဆိုရင်.... စောစောက ဇော်စိမ်း ဖလားကိုယူ ကားခေါင်းရှေ့  ကားနဲ့  မျက်နှာချင်းဆိုင်ရပ် ဘယ်လက်ကဖလားကိုင် ညာလက်နဲ့  ကားကို အဲ ဖလားထဲက ဇော်စိမ်းတွေနဲ့ အမွှေးနံ့ သာရည်တွေ ပက်ဖြန်းပေးရတာပါတယ်...ကားကို လက်ယျာရစ်တစ်ပတ်ဖြန်းပေးရတာပါ ( လက်ယျာရစ် ဆိုတာ ကားကို လူ့ ညာဖက်အခြမ်းထား ပတ်တာကိုဆိုလိုတာ)
----------------
အဲ့ လိုဖြန်းပေးသူဟာ ၁။ ဆရာကိုယ်တိုင် ။၂။ တနင်္လာနံရဲ့ အပေါ်အညွန့်  သုံးလုံး ဖြစ်တဲ့  သောကြာ၊ အင်္ဂါ ၊စနေ နေ့ သားသမီးတွေထဲက တစ်ယောက်ယောက်။ ၃။ ဆရာရဲ့  ကြီးကြပ်မှု့ အောက်က ဘယ်နေ့ သားမဆို။ က ဖြန်းပေးလို့ ရပါတယ်..( အုံနာကိုယ်တိုင် ထဖြန်းလဲရပါတယ်) (သဘောက ကားဘော်ဒီကို အဲ့ ဆောင်ပန်း အရွက်တွေနဲ့  လူကို ရိုက်သလို တဘုံးဘုံး တဘိုင်းဘိုင်း ရိုက်စရာမလိုဘူးသဘောပေါ့ )
--------------
ကားကို ညာရစ်ပတ်လာရင်း မူလကားခေါင်းနေရာကို ပြန်ရောက်တဲ့ အခါ ဒီဇော်စိမ်းညွန့် ကို ကားခေါင်းရှေ့ မှာအောက်စိုက်ကိုင်လိုက်ပြီး ဖလားထဲက ကျန်တဲ့ အမွှေးနံ့ သာရည်တွေ ဇော်စိမ်းပေါ်ကနေ လောင်းချလိုက်ပြီး ဖြန်းခြင်းအလုပ်ကို အဆုံးသပ်လိုက်ပါတယ်
-----------------
ပြီးရင် လူ နှစ်ယောက် ကားမှာစွပ်ထားတဲ့  ချည်မန်းကွင်း ကို ကားဘေး ဘယ်ညာက ကားခေါင်မိုး လွတ်အောင် မြှောက်ကိုင်မပေးလိုက်ပါတယ်...သဘောက ကားက မောင်းထွက်သွားရင် ကြိုးတန်းလေး တစ်တန်းအောက်က ထွက်သွားရသလိုမျိုးပေါ့ 
-----------------------
အဲ့ လို မပေးလိုက်ပြီး ယာဉ်မောင်းကို မောင်းထွက်သွားလို့ ရပြီဆိုတော့  ကားဆရာက ခပ်ဖြည်းဖြည်းလေး မောင်းထွက်သွားတော့  လူနှစ်ယောက် လက်ထဲမှာ ချည်မန်းကွင်းလေး မ မြှောက်လျက်သား ကျန်ခဲ့ တာပေါ့ လေ
--------------------
အဲ့ မှာ ကားက နင်းထွက်သွားတဲ့  နင်းကြမ်း အုန်း ၆ ညွန့်  + ဆောင်ပန်းဇော်စိမ်း ၈ ညွန့်  + ကားကိုယ်စား ကံ့ ကော် ကို စောစောက ချည်မန်းကွင်းကြီးထဲ ထည့် တုပ်လိုက်တော့  ကားန၀င်းရှင်းတဲ့ ကိစ္စပြီးပါပြီပေါ့ လေ နောက်တော့  အဲ့ ကားအတွက် န၀င်းပွဲတစ်ပွဲထွန်းပေးပေါ့ လေ...
--------------
ကားပိုင်ရှင်ရဲ့  သဒ္ဒါပေါက်မှု့ ( ငွေကြေး သဘော+ ကားတန်ဘိုး ) အပေါ်မူတည်ပြီး ချည်မန်းကွင်း ၃ ကွင်း သုံးတာလည်းရှိပါတယ် လူမှာ လုပ်သလိုပဲ တစ်ကွင်း က န၀င်းပွဲနဲ့ အတူ မီးရှို့  ဖို့ တစ်ကွင်းကါ ကျန် ၂ ကွင်းက ဆောင်ပန်းနင်းကြမ်း မွေးနံအတွက် ၂ကွင်းပေါ့ 
------------------------------
သတိထားရတဲ့ အချက်က အဲ့ ကားရှင်းနေချိန်မှာ အဲ့ ကားနောက်မှာ တစ်ခြားကားတစ်စီးစီး ဆိုင်ကယ်တစ်စီးစီး ရှိနေရင် အဲ့  ကားတွေဆိုင်ကယ်တွေမှာ ဓါတ်သွားခိုက်လို့  အဲ့ ကားတွေ ထိခိုက်ပျက်ဆီးမှု့ လေတွေ ရက်ပိုင်းအတွင်းကြုံတတ်လေ့ ရှိတဲ့ အချက်ပါ ( အဲ့ ဒါကြောင့်  ကားရှင်းတဲ့  နေရာမှာ သွားသွားရှင်းကြတာ ) သဘောက ကားနှစ်စီး ရှေ့ ဆင့် နောက်ဆင့် ရပ်တာမျိုး ကိုယ့် ကား ကိုယ့် ဆိုင်ကယ်တွေ အဲ့ ကားန၀င်းရှင်းနေချိန်မှာ သွားမရပ်ထားနဲ့ သဘောပါ
------------
ကျနော်တို့ တွေ ကားပိစိလေးတွေက စပြီး တစ်ခါများ လော်လီကားကြီးတွေကိုတောင် ရှင်းခဲ့ ရဘူးတယ် ချည်မန်းကွင်းကို လူနှစ်ယောက်လုပ် ၀ါးလုံတွေနဲ့ ထောင်...ဟားးး..ပဲ...ပင်ပမ်းလိုက်တာဆိုတာ..ခိခ
====================
အခုရေးရတာလည်း ဖတ်ဖတ်ကိုမော.....ငိငိ
----------------------------
ကားရှင်း ဒုတိယ နည်းက.... သပြေ ၉ ညွန့်  နဲ့  ရှင်းတာပါ... ၉ က မြတ်ဘုရားရဲ့  ဂုဏ်တော် ၉ပါး သဘော န၀င်းပညာရဲ့ ဂုဏ်သတ္တိ သဘောကို ယူတာပါ
ကား တနင်္လာနံ န၀င်းချိန်ရောက်ရင် သပြေညွန့် နဲ့  အမွှေးနံ့ သာရည်နဲ့  န၀င်းပွဲကနေ စုထားတဲ့ န၀င်ရေနဲ့ ကားတစ်ပတ်ဖြန်းပေးတာပါ
ဘာချည်မန်းကွင်း နင်းကြမ်း အုန်းတွေဘာတွေ ဘာမှ မပါပါဘူး ပြီးမှ အဲ့ ကားနံပတ်နဲ့  န၀င်းပွဲတစ်ပွဲ ညနေမှာထွန်းပေးတာပါ ...
----------------------
အဲ့ မှာ အခါတိုင်ကို သုံးပြီဆိုတဲ့ က တနင်္လာနံ ကား န၀င်းတိုင်ထိပ်ရောက်ချိန်ကို စောင့် နေစရာမလိုပဲ ကားတနင်္လာ နံ
မူလ။ စုတ် ၊ စီးပွား ၊ (၀ါ) မူလ ၊ ဆပွတ် အညွန့်  ရောက်နေချိန်အခါ စန္ဒရောတိုင် သူရဇ္ဖတိုင်၊ ဗုဒ္ဓဟူးတိုင်တွေမှာလည်း ကားရှင်းလို့ ရပါတယ်ဗျား
ဒါက ကျနော်ထွင်တာ ကား တနင်္လာနံရဲ '့'မတွန့် စေရနဲ '' ပေါ့ ပေါ့ ပါးပါး န၀င်းရှင်းသွားတဲ့ သဘော အများလုပ်လို့ လွယ်အောင်။
ပထမနည်းက ဟိတ်ဟန် အဟန့် ကြီးတယ် တော်ယုံကြေးနဲ့  မလုပ်ပေးနိုင်လို့ ပေါ့ ဗျား
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..