Powered By Blogger

Monday, October 3, 2016

ငရဲနဲ့ အပါယ်ဘုံကိုကြောက်မိရာကနေ




ငရဲနဲ့ အပါယ်ဘုံကိုကြောက်မိရာကနေ
---
.ကျောင်းပြီးသွားတော့ လောလောဆယ်သဘောအရ မိဘပွဲရုံမှာ ၀င်ကူလုပ်ပေါ့ လေ၊ အဲ့ မှာ ပွဲရုံက အိမ်နဲ့  လေးငါးမိုင်လောက်ဝေးတဲ့ အရပ်မှာ ၊ အဲ့ ကို တစ်ကိုယ်တော် စက်ဘီးနင်းသွားရလေ့ ရှိတယ်၊ အဲ့ မှာ လမ်းကြောက ပွဲရုံရှိရာ အရပ်ကို ဦးတည်နင်းချိန်မှာ ကားတွေကလည်း ကိုယ် နင်းနေတဲ့  လမ်းကြောအတိုင်းဆိုတော့  ကားတွေက ကိုယ့် ကျောဖက်ကနေ လာနေပြီး ကိုယ့် ကိုယ် ဖြတ်ကျော်သွားကြတာမျိုး ပွဲရုံကနေ အိမ်ပြန်နင်းပြန်တော့ လည်း နောက်ကလာနေတဲ့  ကားတွေကို ကိုယ်က ကျောပေး နင်းနေရတာမျိုးပေါ့ ...အခြေအနေက ကိုယ်စက်ဘီးနင်းတုန်း အချိန်မရွေး ကိုယ့် နောက်ကနေ ကားဝင်တိုက်ပြီး သေသွားနိုင်တဲ့  အခြေအနေမျိုးပေါ့ လေ..

အဲ့ အခြေအနေက ပွဲရုံနဲ့ အိမ် အသွားအပြန် တစ်နေ့ ကို အနဲဆုံး နှစ်ကြိမ် ကြုံနေရတဲ့ အခြေအနေပေါ့ ၊ ပထမမှာ စက်ဘီးကို မှန်မှန်ပဲ လမ်းဘေးကပ်နိုင်သမျှ ကပ်နင်းပါတယ်၊ အလုပ်နဲ့ အိမ်က အတော်လေးဝေးတာမို့  ခြေတော့ညောင်းပါတယ်. ပြီးတော နေ့ တဓူဝ ပုံမှန် နင်းရတဲ့ သဘောမို့ ဘေးဝဲယာမြင်ကွင်းတွေက ဒါတွေပဲမို့  စက်ဘီးနင်းရတာ နဲနဲတော့  ပျင်းစရာကောင်းပါတယ် ၊

အဲ့ မှာ အဲ့ ချိန်က နားကျပ်နဲ့ နားထောင်ရတဲ့ဝေါ့ မန်း ကက်ဆက်လေးတွေ စပေါ်လာပါပြီ..
ဒီတော့  အပျင်းလည်းပြေ ခြေထောက်ညောင်းတာလဲ မေ့  ကိုယ်ကြိုက်နှစ်သက်ရာ သီချင်းလေးတွေလည်း နားထောင်ရ သဘောနဲ့  ဝေါ့ မန်းလေး လွယ် နားကျပ်လေး နားတပ် သီချင်းလေးဖွင့် တောင်တွေး မြောက်တွေးနဲ့  စက်ဘီးနင်းတော့  အတော် အဆင်ပြေသွားပါရောဗျာ...ပွဲရုံကို ရောက်လို့ ရောက်မှန်းမသိ ရောက်သွားပေါ့ လေ..

နားက သီချင်းထဲ အာရုံရောက်သွားတော့  ညောင်းတာတွေ မောတာတွေမေ့ ပေါ့ 
ဘေးဘီက အသံဗလံတွေလည်း နားကျပ်ကြောင့် မကြားရပေါ့  နောက်ကလာနေတဲ့ ကား
တွေလည်း ကိုယ့် ကို ကျော်တက်တက်သွားတာ သတိမထားမိတော့ ဘူးဆိုတော့  လန့် တာတွေဘာတွေ မဖြစ်မိတော့ ဘူးပေါ့ လေ...

ကိုယ့် ဟာကိုယ်တော့  ဝေါ့ မန်းလေးနဲ့ နားကျပ်လေးတပ် သီချင်းလေးနားထောင်ရင်း စက်ဘီးလေးသာသာယာယာလေး နင်းသွားနေတာ စမတ်ကို ဂွမ်လို့  လေကို တိုက်နေတာပဲပေါ့ လေ...

အဲ့ လိုနဲ့  နှစ်လသုံးလလောက်ရောက်တော့  စက်ဘီးနင်းနေရင်း ဖြတ်ကနဲ အတွေး တစ်ချက်ဝင်လာတာက အခုနေ ငါ့ ကို နောက်ကနေ ကားဝင်တိုက်သွားရင်တော့  သေပြီ

ငါက တောင်တွေး မြောက်တွေး ပေါက်ကရတွေတွေးရင်း စက်ဘီး နင်းနေတုန်း နဲ့  သေရင် အပါယ်ဘုံတို့ ငရဲဘုံတို့ တန်းရောက်သွားမှာလို တွေးမိပြီး ကျောက စိမ့် ကနဲဖြစ် လန့် သွားပါရောဗျာ.. အဲ့ မှာ ဘုရားစာတစ်ခုခု ရွတ်နင်းဖို့  တွေးမိတော့တာပါပဲ.. ဘုရားစာသာတွေးမိတာ ရှည်ရှည်ဝေးဝေး ဂါထာတွေ တစ်ပုဒ်မှမရဘူး..ဒါနဲ ခပ်တိုတိုတွေ စိတ်ကရွတ်နင်းပေါ့ 

ဘုရားစာ တိုစိလေးတွေ စိတ်က ရွတ်နင်းတယ်သာဆိုတယ် တကယ်ကြတော့ ပါးစပ်က တံတွေးကခြောက်လာတာမျိုး နားက သီချင်းကလဲ ဖွင့် လျက်သားလေးဆိုတော့  အာရုံက ရောထွေးပြီး ပိုတောင် ဇာတ်ထုတ်ရှုတ်နေသေးတာမျိုးပဲ ပြီးတော့ ကိုယ်က နဂိုကကို စာရွတ်ကခပ်ပျင်းပျင်း....

အဲ့ မှာ တွေးမိရင်းက စလုပ်တာ '' ၀င်လေ....ဗုဒ္ဓေါ ထွက်လေ...အရဟံ.'' ...ပေါ့ ပေါ့ ပါးပါးလေးပဲ စက်ဘီးလေးနင်းရင် အသက်လေးမှန်မှန်ရူရင်း ၀င်သက် ထွက်သက်လေးမှာ အဲ့  ဘုရား ဂုဏ်တော် နှစ်ပါးလေး ထည့် မှန်မှန်နင်းတာ..သာသာယာယာလေးပေါ့  စိတ်ထဲမှာ ငါ ဘုရားစာ မှတ်နင်းနေတာပဲဆိုတဲ့ အသိက အခုနေ ငါ စက်ဘီးနင်းနေတုန်း နောက်ကနေ
ကားဝင်တိုက်လို့  ရုတ်တရက်သေသွားရင်တောင် ဘုရားစာမှတ်နေတုန်းမို့  အပါယ်တော့ တန်းမကျလောက်တော့ဘူး ကောင်းရာတော့ ရောက်မှာပဲ ဆိုတဲ့ အသိက စိတ်ကို လုံသွားစေရောဗျာ....

အဲ့ လို အတွေးနဲ့ ကိုယ့် ဟာကိုယ် သဘောတွေကျပြီး အလုပ်အသွားအပြန် စက်ဘီးနင်းတိုင်း ..၀င်လေ....ဗုဒ္ဓေါ ထွက်လေ...အရဟံ..နဲ့  မှတ်ပြီးနင်းတာ နှစ်ကိုပေါက်ရောပဲ...အဲ့ မှာ ထင်မှတ်မထားတဲ့ တွေးမထားမိတဲ့  ကောင်းကျိုးတွေပါ ရခဲ့ ရောဗျား...နောက်တော့  ဒီ ၀င်သက် ထွက်သက်မှာ ဗုဒ္ဓေါ အရဟံ..အမှတ်ကို တစ်ခြားနေရာတွေမှာပါ ထည့် မှတ်တာမျိုးတွေ တွေးပြီး လုပ်တော့တာပေါ့ လေ ဥပမာ အိပ်ခါနီးလေးမှာ အသက်ကို မှန်မှန်ရူပြီး မှတ်အိပ်တာမျိုးပေါ့  အဲ့ လိုမှတ်အိပ်ပျော်သွားတော့  အိပ်နေတုန်း ငလျင်လှုပ် အိမ်ပြိုကျ အုပ်ပိသေလည်း ပြဿနာမရှိတော့ ဘူးဆိုတဲ့  စိတ်က စိတ်လုံသွားတယ်ပေါ့ လေ...။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..