Powered By Blogger

Monday, October 3, 2016




န၀င်းရေ
------------
ဆန်တွေ ဆီတွေ လဘက်တွေ ကွမ်းယာ တွေနဲ့  န၀င်းပွဲကို ဘယ်သူမဆို ကိုယ့် အိမ်က မြတ်စွာဘုရားကို ပွဲသက်သက် ပြင်ပြီး မြတ်ဂုဏ်တော်ကို အာရုံပြုပြီး ပူဇော် ပွဲထွန်းနိုင်တယ်ဗျ ( ဆရာကြီး ဦးကြာမြင့် ရဲ့  န၀င်းပွဲ စတိုင်အရပေါ့  )
--------------
(ဆရာကြီး ဦးကြာမြင့် ရဲ့ န၀င်းပွဲ စတိုင်ဆိုတာ အလယ်က လ္ဘက်တွေ
ကွမ်းယာတွေ ရံထားတဲ့  ဖန်ခွက်မှာ '' ရေ ''ကလွဲလို့  အဲ့ ဖန်ခွက်ထဲမှာ ဘာ အရွက်အညွန့် တွေမှ ရှိမနေဘူး...
=-----------------------------------------------------
အဲ့ အလယ် ဖန်ခွက်ထဲက ရေဟာ ပွဲထွန်း ပူဇော်ပြီးရင် '' န၀င်းရေ '' ဖြစ်ခဲ့ ပြီ။။။ ဓါတ်ဖက်ဝင်ရေ ဆေးဖက်ဝင်ရေ ဖြစ်ခဲ့ ပြီ အလွယ်ပြောရရင် အဲ့ န၀င်းရေကို ရေမန်းလိုပဲ လိုရာ သုံးပေရော့  သဘော ဖြစ်ခဲ့ ပြီ
-------------
အလွယ်ဆုံး တစ်နည်းက အိမ်ရှင်း ဆိုင်ရှင်း ကားရှင်း လာဘ်ပွင့် ရှင်း သဘောတွေ မျက်နှာသစ် စတိသောက် သဘောတွေမှာ အဲ့ န၀င်းရေဟာ အစွမ်းထက် ရေစင်သဘောပဲ....
------------
သဘောက န၀င်းစီးပွဲမှာ ပါတဲ့  စီရင်ထားတဲ့  စတိုင်တွေဟာ ဘယ်နေရာမှာ ဘာပစ္စည်း ဆိုတာ သူ့ ဟာနဲ့ သူ ဓါတ်ပညာသဘော အဓိပ္ပါယ် အတိအကျတွေ ရှိတယ် ကြည့် ကောင်းအောင်တွေ ဖေါ်လျိုးသဘောတွေ မဟုတ်ခဲ့ ဘူးဆိုတဲ့ သဘောပါ..
-----------
ပွဲံက ကွမ်းယာတွေ လဘက်တွေ ဆန်တွေ ဆီတွေ တောင် ပွဲထွန်းပြီးရင် န၀င်း ဓါတ်ဖက်ဝင် ပစ္စည်းတွေ ဖြစ်ကုန်တယ် ( ဗေဒင်အကြံသဘော လိုရာ ဥာဏ်ကွန့်  သုံးလေ သဘော) ပဲ...
------------------------

ပွဲထွန်းပြီး ဆန်နဲ့ ဆီက သူ့ ချည်း လှုတန်းပစ်လိုက်လို့ လည်းရသလို ထမင်းဟင်းချက်ပြီး အိမ်ဘုရားလည်းကပ် ကိုယ်လည်း စား သဘောလည်းရပါတယ် 

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..