တစ်ခါက
---
မသေကောင်းမပျောက်ကောင်း ဆိုတဲ့ အခြေအနေတွေနဲ့ ခဏခဏရင်ဆိုင်ပြီး ကျော်ဖြတ်ခဲ့ ရတယ်..သေခြင်းတရားဆိုတာ ကိုယ်နဲ့ အတော်နီးသားလို့ ဆိုရမလား ကိုယ့် အတွင်းထဲမှာလို့ ပြောရမလားပဲ..၊
သေခြင်းနဲ့ ခဏခဏ နီးခဲ့ ဘူးတော့  နေရခိုက်လေးခဏပါ မသေခင် သိပ်ဒုက္ခ မရောက်ရင်ပြီးရောဆိုပြီး ဘ၀ကို ခပ်ပါးပါးလေး စိတ်ထားမိလာတော့တယ်။
ငယ်ငယ်က အဆုပ်အအေးက ခဏခဏအပတ်ခံရတယ် ကိုယ်ခံအားက သိပ်မကောင်းတော့ လေ၊ အဲ့ မှာ အာသီးကလည်း ခဏခဏယောင်တယ်ပေါ့ ၊ အာသီးယောင်တဲ့ ဝေဒနာဟာ သိပ်ခံရခက်တယ် ရေမြိုချရတာတောင်သိပ်ခက်ခဲတယ် အာခေါင်တစ်ခုလုံးနာကျင်လွန်းနေလို့ ငြိမ်ငြိမ်လေးနေပြီး အသက်ကို ဖြည်းဖြည်းလေးရူနေရတဲ့ အနေအထားမျိုးတွေ အဲ့ အခြေအနေမျိုးဆို ကိုယ်ပူရှိန်က ရာကျော်ပြီ ရေအေးဖတ်တွေ တစ်ကိုယ်လုံးကပ်လိုက်ခွာလိုက်လုပ်နေရပြီ.
၅တန်း၆တန်းလောက်မှာတော့  အပြင်းထန်ဆုံး အာသီးယောင်ခဲ့ ဘူးတယ် အပူရှိန်တွေ တက်လွန်းလို့ နုံးချိနေချက်က အိပ်ယာကကို မထနိုင်တော့ဘူးဖြစ်သွားတယ်။ ၊ အဲ့ မှာ အရပ်ထဲက အမျိုးသမီး ဆရာဝန်က အိမ်လိုက်လာပြီး ဆေးပေးပေါ့ လေ..၊ အဲ့ ဆေးထဲမှာ အဲ့ ခေတ်က အသုံးများတဲ့ တက်ထရာဆိုင်ကလင်း ဆေးတောင့် တွေပါတယ်.၊ ပုလင်းပုလေးနဲ့ ဆေးပတ်လည်အောင်တစ်နေ့  သုံးကြိမ်နဲ့  တစ်ခါသောက် တစ်တောင့် ပါတယ်ပေါ့ လေ..။
အဲ့ မှာ ပထမရက်က ချွေးတွေကပါတွေအများကြီးထွက်လိုက်တော့  ကိုယ်ပူရှိန်တွေ( ကျချက်က ဘော်ဒီက ဆေးစက်စက်တောင်ပြန်ဖြစ်သွားတယ်) .အာသီးယောင်နေတာလေး နဲနဲကျသွားတယ် ဒုတိယ ရက်ညနေပိုင်လည်းကျရော. ကိုယ်ရဲ့ ညာဖက်ခြမ်းက ဟိုနေရာ ဒီနေရာက ယားလာတယ်.၊ အဲ့ မှာ ယားနေတဲ့  ကိုယ့် ဘော်ဒီကိုလိုက်စမ်းကြည့် တော့  ညာဖက်ခြမ်း လက်ဖျံပေါ်၊၊ ညာဖက်ခြမ်း ရင်ဘတ်မှာ ၊ညာဖက်ခြမ်း ဂုတ်ပေါ်မှာ၊ ညာဖက်ခြမ်း ပေါင်ပေါ်မှာ. ကျပ်စေ့ ပြားထက် နဲနဲ ကျယ်တဲ့  အမဲကွက်ကြီးတွေ ဖြစ်နေတော့ တယ် ( မီးသွေးရောင်လောက်ကို မဲနေပြီး မွေးရာပါ အမှတ်ကြီးတွေပါလာသလိုမျိုး)
အဲ့ အမဲကွက်တွေရဲ့ အနားသပ်တွေမှာ အနီရောင်ကွင်းလေးလို့ ဖြစ်လို့  သိပ်ယားနေတဲ့  အဲ့ နေရာတွေက ဖြစ်နေတယ်၊ အဲ့ မှာ ဆေးခန်းက ဆရာဝန်မကို အိမ်ကအမေက ပြန်ပြေးခေါ်တော့  ဆရာဝန်မက ရေးကြီးသုပ်ပြာနဲ့ လိုက်လာ စစ်လိုက်တော့ ...ဆေးပြင်းလွန်းလို့  အရေပြားတွေလောင်သွားပုံရတယ်ဆိုပြီး ဆေးတစ်လုံးထိုးပေး ဂလူးကိုးတွေချိတ်ပေးပေါ့ လေ.. အပူတော့ ပြန်မတက်တော့ ဘူး အာသီးယောင်နေတာလည်း အယောင်တော့ ဆက်လျော့ သွားတယ်..
နောက်နေ့ ကျတော့  အယားသက်သာသွားပေးမယ့်  ဘာဖြစ်ကျန်ခဲ့ လည်း ဆိုတော့  ကိုယ်ရဲ့ ညာဖက်ခြမ်းတွေက အရေပြားတွေပေါ်က အမဲကွက်တွေ က ပျောက်မသွားသေးဘူး အနီရောင်ကွင်းလေးတော့  ရှိတော့ ဘူး တော်သေးတာက ကိုယ့် မျက်နှာပေါ်မှာတော့  အဲ့ အမဲကွက်တွေပေါ်မနေဘူး ( လန့် ပြီးကမန်းကတန်း မှန်ထကြည့် ရသေးတယ်..)..၊ အဲ့ အမဲကွက်တွေ ဖြစ်ကျန်ခဲ့ တာ ၁၀တန်း အထိကို ရှင်းရှင်း မပျောက်ဘူး ( တစ်ဖြည်းဖြည်းတော့  အဲ့ အမဲရောင်အကွက်တွေက အရောင်ကာလာလေး မှိန်မိန်လိုက်လာတယ် အရေပြားတွေ အဟောင်းတွေနေရာ အသစ်တွေ တစ်ဖြည်းဖြည်း အစားဝင်လာလို့ နဲ့ တူပါရဲ့ ))..
အဲ့ လို အမဲရောင်အကွက်တွေ အရောင်ဖျော့ သွားလို့ အိုကေလောက်ပြီးလို့ ထင်နေတုန်း နဲနဲ အအေးပြန်မိလို့  ကလိုရိုဖင်နီကောတို့ တက်ထရာ တို့ တစ်တောင့် လောက်သောက်လိုက်တာနဲ့  ဘော်ဒီက ပြန်ယားလာ အဲ့ အမဲကွက်တွေရဲ့ အနားပတ်လည်မှာ အနီရောင် အကွင်းကြီးပြန်ဖြစ်လာ အဲ့ အမဲကွက်တွေက ပြန်ယားလာတော့ တယ်..ဆရာဝန်မကြီးကတော့  အဲ့  ဆေးတောင့် တွေနဲ့  ဓါတ်မတည့် တော့ဘူးဖြစ်သွားပုံရတယ်လို့ ဆိုတယ်..ကျနော်လည်း ဆက်မသောက်ရဲတော့ ဘူးပေါ့ လေ...အဲ့ မှာ အဲ့ ဆေးတောင့် တွေ အမျိုးအစားနဲ့ သာ ဓါတ်မတည့် သလိုဖြစ်သွားတာ ပင်နစလင်တို့  ပါရာစီတမောလ်အုပ်စုတို့ နဲ့ ကြတော့ အိုကေနေတာပဲ
နောက်တော့ အဲ့ ဆရာဝန်မကြီး ဆေးခန်း ကျနော်နေထိုင်မကောင်းလို့ ပြတိုင်း ဟိုဆေးတွေမတည့် ဘူးနော် ဟုတ်လားသား လို့  မှတ်ထားပြီး တစ်ခြားဆေးဝါးအမျိုးအစားတွေ လှည့် ပေးရတော့ တာပေါ့ လေ... အခုပြန်တည့် နေပြီးလား မတည့် သေးဘူးလားတော့  လက်တည့် မစမ်းရဲတော့ ပါဘူး..။ ဆရာဝန်မကြီးလည်း အိုပြီ...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..