'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, October 3, 2016
အိမ်ရှင်း လူရှင်းနည်းပညာ
အိမ်ရှင်း လူရှင်းနည်းပညာ
---
အိမ်ရှင်းလူရှင်းဆိုတာ န၀င်းရိုက်တဲ့ ပညာမှာ ရှိသေးတယ်..ဒီနည်းကို ဆရာနဲ့ ကျနော်တို့ ပညာသင်သားကလေးတွေ တွဲပြီး ယတြာပညာတွေ တအားလုပ်နေချိန်က သုံးခဲ့ တယ် ၊ နောက်တော့  အသီးသီး ကိုယ်တိုင်တွေလှုပ်ရှားတဲ့ အခါမှာလည်း တစ်ခါတစ်လေ သုံးခဲ့ တယ်..( အောက်ဒိုး လိုက်ပေးနေတုန်းကပေါ့ လေ) နောက်တော့  ဘယ်အောက်ဒိုးမှ ထွက် ယတြာလိုက်မလုပ်ပေးတော့ တဲ့ အခါမှာတော့ မသုံးဖြစ်တော့ သလောက်ဖြစ်သွားတယ်. အခုရေးပြတာက မှတ်တမ်းလေးသဘောနဲ့  မဖတ်ဖူးသေးရင်ဖတ်ဖူးအောင်လို့ ပါ
ဒီနည်းက အိမ်ထောင်ဦးစီးကို သူ့ အိမ်မှာလိုက်ပြီး န၀င်းထိုင်ပေးတာပါ ပုံမှန် န၀င်းထိုင်သလိုပါပဲ အရွက်တွေခင်း အရွက်တွေ ဘုရားစင်တင် ချည်မန်းကွင်းစလွယ်သိုင်းပေါ့ လေ..( န၀င်းပွဲက ဆရာလုပ်သူအိမ်မှာ ပြန်ထွန်းပါတယ်)
ဘာအလုပ်ပိုသွားလဲဆိုတော့  လူက ဘုရားစင်ရှေ့ မှာ န၀င်းထိုင်နေတုန်း ဘုရားစင်ပေါ်တင်ထားတဲ့  သူ့ ကို ရိုက်ရမယ့်  ဆောင်ပန်းအညွန့် တွေ ယူပြီး အမွှေးနံ့ သာရေတွေနဲ့  သူ့ အိမ်ကို အရင်လိုက်ပက်ဖြန်းရပါတယ်..
ပထမ ဘုရားစင်တစ်ဝိုက်ဖြန်းတယ် ပြီးရင် နောက်ဖေးဖက်ကိုသွား အဲ့ ကနေ အိမ်ဝရှိရာ အရပ်ကို မျက်နှာပြန်မူပြီး ပက်ဖြန်းပါတယ် အဲ့ လို ဖြန်းတဲ့ အခါ လက်နဲ့ ကလော်ထုတ်သလို လိုက်ပက်ဖြန်းရပါတယ် (အိမ်ထဲက မသန့် တဲ့ အညစ်အကြေးတွေ ပက်ထုတ် ခတ်ထုတ်တဲ့ သဘောပေါ့ .
နှစ်လွှာနေရင် အပေါ်လွှာကို အရင်တက်ဖြန်း ပြီးရင် အောက်လွှာဆင်း ဆက်ဖြန်းရပါတယ်.. အဲ့ လို ဖြန်းနေချိန်မှာ ဖြန်းပေးနေတဲ့ လူ (၀ါ) ဆရာ ရှေ့ မှာ လူ အိမ်သားတွေ ပိတ်ရပ်မနေရပါဘူး ဓါတ်ခိုက်သွားတတ်ပါတယ် (ဓါတ်ခိုက်တယ်ဆိုတာ ရုတ်တရက်နေထိုင်မကောင်းဖြစ်သွားတာမျိုးပါ)
အဲ့ လို အိမ်ရှင်းပြီးတော မှ ဘုရားစင်ရှေ့ မှာထိုင်နေတဲ့  အိမ်ထောင်ဦးစီးကို အဲ့ အိမ်ဖြန်းတဲ့ ဆောင်ပန်းအညွန့် အပါအ၀င် ပုံမှန်အတိုင်း န၀င်းရိုက်ပေးရပါတယ်..။
ရိုက်ပြီးသွားတဲ့ အခါ အမှိုက်လိုဖြစ်သွားတဲ့  အရွက်တွေချည်ထားတဲ့ အထုပ်နဲ့  မီးရှို့ ဖို့ ချည်မန်းကွင်းကို အိမ်ပြင်တစ်ခါထဲထုပ်ပါတယ် အမှိုက်ထုပ်ကို လမ်းက ကြုံရာအမှိုက်ပုံပစ်ပါတယ်..မီးရှို့ ဖို့ ချန်ထားတဲ့  ချည်မန်းကွင်းကို စောစောက န၀င်းထိုင်ခဲ့ တဲ့ အိမ်ထောင်ဦးစီးရဲ့  မွေးနံသားမှာ ပတ်ပြီး ပွဲထွန်းမယ့် ဆရာအိမ်ကိုယူခဲ့ ရပါတယ်..တနင်္လာသား ဆို ကံ့ ကော်ရိုးလေးမှာ ပတ်သယ်ခဲ့ တာမျိုးပေါ့  ဆရာအိမ်ရောက်တော့  ချည်မန်းကွင်းကို ဆီမီးရှို့  န၀င်းပွဲပါ တစ်ပြိုင်နက်ထဲထွန်းပေါ့ လေ..
ဒီနည်းပညာက တော်ယုံ ခင်မင်းရင်းနှီးစွဲနဲ့ လိုက်မလုပ်ပေးတတ်သလို အခကြေးငွေသဘောထက် ဒီပညာကို အလွန်အားကိုယုံကြည်တဲ့ မိသားစုတွေကိုသာ လိုက်လုပ်ပေးခဲ့ ကြတာများပါတယ် ( ဆရာကို အလွန်အားကိုးတဲ့ မိသားစုမျိုးဆိုပိုမှန်မယ်) ( အခကြေးငွေအကြောင်းကို ပြောစရာမလိုလောက်အောင် ဆရာက အားပြန်နာယူရလောက်အောင် ပေးတတ်တဲ့  မိသားစုတွေလို့ လည်းဆိုနိုင်ပါတယ်..
ဒီ လူရှင်း အိမ်ရှင်းနည်းပညာဟာ အိမ်တစ်အိမ်လုံး ဗရုပ်သုတ်ခဖြစ်နေတာတွေေ၇ာ အတိုက်အခိုက်သဘောတွေရော ပိတ်စို့ နေခြင်းသဘောတွေပါ တစ်ပြိုင်နက်ထဲ ရှင်းထုပ်ပစ်လိုက်တဲ့ သဘောဖြစ်လို့ အတော်တော့ အစွမ်းထက်ပါတယ်
ကိုယ့် အိမ်ကိုယ် အဲ့ လို လုပ်လို့ ရတယ်လို့ ပါ
---------------------------------------------
ကားရှင်း လူရှင်း လည်း အိမ်ရှင်းလူရှင်း နည်းပညာအတိုင်း ရှင်းလို့ ရပါတယ် ( အဲ့ လိုလဲ ရှင်းပေးခဲ့ ကြလေ့ ရှိပါတယ်...
ဒီနည်းမှာတော့  ကားရှင် လူကို န၀င်းထိုင်နေတုန်း သူ့ ကားကို သပြေညွန့် နဲ့  အမွှေးနံ့ သာရည်နဲ့  သွားပက်ဖြန်းပေးလိုက်တာပါ ပြီးမှ ကားရှင်လူကို န၀င်းရိုက်ပေးလိုက်ပြီး သူ့ ကားသူပြန်မောင်းထွက်သွားပေါ့ လေ
အဲ့ မှာ အခါတိုင်သဘောစိတ်မပူဖို့ က ဆိုပါတော့  တနင်္လာသား ကို ဂုရုတိုင်မှာ ( ကြာသာပတေးတိုင် တနင်္လာနံ န၀င်းရောက်ချိန်) ကားရှင်းလူရှင်း လုပ်ပေးပြီဆိုတဲ့ အခါ ကား ရော လူပါ န၀င်းမှာရှိနေပေမယ့် 
သောရီဆိုတဲ့  စနေတိုင်မှာ လူ ဗုဒ္ဓဟူးသားက န၀င်းနေရာမှာ ရှိနေပြီ ကားတနင်္လာက တိုင်အောက်မှာ ဖြစ်နေမှာပဲ...ဒါပေမယ့်  အဲ့ ကားကို သပြေညွန့် နဲ့  နံ့ သာရေနဲ့ အရင်သွားပက်ဖြန်းပေးလို့ ရပါတယ်..
ကားချည်း သပ်သပ်ရှင်းတဲ့ အခါမှာတော့  ကားဆိုတဲ့ တနင်္လာနံ တိုင်အထက်ရောက်နေချိန်တွေမှာသာ ရှင်းတယ်ပေါ့ ဗျာ.
---------------------
လုပ်ခဲ့ ဖူးသမျှ ကစားခဲ့ ဖူးသမျှ ယတြာပေါင်းစုံတွေ သတိရရင် ရသလောက် ပြန်ပြန်ရေးပြနေတာပါဗျား
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..