'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
လေးဘီးကားသမားဘ၀မှာ.... ( ၃ )
လေးဘီးကားသမားဘ၀မှာ.... ( ၃ )
---------------------
အကျိုးပေးချင်ပုံ မရတဲ့ အလုပ်သဘောမျိုးက အဖုအထစ်မျိုးစုံတွေနဲ့  စတိုးပြီး စကတည်းက ယဉ်သကိုးသဘောတွေ ကြုံရတတ်တာ ရှိတာကိုလဲ အဲ့ ကားဆွဲခဲ့ ချိန်က ကာလတွေက ရင်ဆိုင်ခဲ့ ရတာတွေ ပြန်တွေးရင် ပေါ်လာမျိုးပေါ့ လေ၊ ကားဝယ်မယ်လို့ ထုခွဲရောင်းချငွေဖေါ်ထားတာတွေ ပထမအချီမှာကို ငွေကြေငြာ်ခံရလို့  ဒုတိယအကြော့ မလိုအပ်ပဲ အသားလွတ် ထပ်ကုန်သွားခဲ့ ရတာက ကာလပေါက်ဈေး သိန်းဂဏန်းထက် နောက်ထပ် သုံးလေးသောင်း အပိုကုန်သွားခဲ့ ရတယ်ပေါ့ လေ..
ဒါနဲ့ ကားဘော်ဒီရုံကနေ ဆင်းလာ ကိုယ့် လက်ထဲရောက် မောင်းတတ်ခါစမှာ ကိုယ့် ကားအကြော သူများကား ကားအကြောတွေ နားမလည်သေး အကွေ့ တွေမှာ မယူတတ်သေးချိန် အိမ်ကို မောင်းချလာပြီး အိမ်ထဲမှာ မင်္ဂလာယူပြီး ညသိပ်မယ်ဆိုပြီး ကိုယ့် အိမ်ခန်းပိစိလေးထဲ မောင်းအသွင်းမှာ ဘေးတံခါးတွေနဲ့  ကားခေါင်းဝင်ခွေ့ လိုက်တာ တစ်တောင်ကျော်လောက်ကြီး ပိန်ပြီး အစင်းရာကြီး ဖြစ်သွားပါလေရောဗျာ..အဲ့ မှာ ကားဘော်ဒီရုံကို ပြန်ဝင်ရပါရော ဖြစ်သွားပါရောဗျား..။ ကားစဆွဲတဲ့  ပထမနေ့ မှာညနေ တစ်ပိုင်းလေးတင် ကားဆွဲကောင်းလို့ ပိုက်ဆံတွေ အများကြီး ရလိုက်လို့  ပျော်နေတဲ့  အပျော်လေး ဘယ်ကျပျောက်သွားမှန်းမသိ ဖြစ်ကုန်တာပေါ့ လေ..ဘာပဲဖြစ်ဖြစ် မားသားကြီးကရော ဖားသားကြီးကပါ သူတို့ သား ကားဆွဲနေတဲ့ အလုပ်ရှိနေပြီဆိုပြီး သူများတွေကို အလုပ်လုပ်နေပြီဆိုတဲ့ အကြောင်း အကြောင်းပြလို့ ရပြီဆိုပြီး ပျော်နေတော့ တာပေါ့ လေ...ကားမောင်းတော့ မှ အပွန်းအပဲ့ လေးတော့ တစ်ခါတစ်လေ ဖြစ်တတ်တာပေါ့ လေလောက်နဲ့ ပြီးသွားတာမျိုးပေါ့  အမှန်တော့  သည်းထိပ်ရင်ဖိုဖြစ်ရတဲ့  ယာဉ်တိုက်မှု့ တွေ ခုမှ စတုန်းရှိသေးဆိုတာ နောက်မှ သိလာတာမျိုးပါပဲဗျား...
လူက ငွေရလွယ်တဲ့ ကုသိုလ်ကံလေးပါနေပုံရတော့  ပျင်းပျင်းနဲ့ ကားထဆွဲတာတောင် ပိုက်ဆံက ရလာတာလွယ်လွယ်နေတယ်. အဲ့ တော့  ရလွယ်တော့  သုံးလို့ လွယ်နေပြီး ကားဆွဲရတာ ပျော်နေတော့ တာပေါ့ လေ.. ကားကိုလည်း ရေဆေးရတာ အမောပေါ့ ( အမှန်က မိဘကို ကားကို ဒီလို ဂရုစိုက်ပါတယ် အလုပ်တွေလုပ်နေပါတယ် ဆိုတဲ့ ပုံနဲ့  အဆေးပြနေတာမျိုးက ပိုများနေတာမျိုး ငိငိ) ရေဆေးတာ နေ့ တိုင်းလိုလို ဆိုတော့  လမ်းထဲက လူတွေတစ်ချို့ တောင် အာရုံတွေနောက်လာပုံရပါတယ် ပြုံးစိစိနဲ့  ကြည့် သွားတာ ခံရသေးတယ် တစ်ချို့ လမ်းထဲက ဘော်ဒါတွေဆိုရယ်ကျဲကျဲနဲ့  ပေါ်တင်တောင်နောက်သွားသေး
တာမျိုး '' ဟျောင်..တော်ရုံလုပ်ပါဟ ကားအအေးပတ်နေဦး '' တွေ ဘာတွေပေါ့ လေ...ခ်..၊
ကားဆွဲတော့ မှ တတ်လာတာက အရက်ကို လူ အိနြေ္ဒ မပျက်အောင် ဖေါက်သည် ငပွေး ဘီးကျဲကြီးတွေနဲ့  တစ်ခါတစ်လေ ရောကစ်တတ်လာတာ ( ကိုယ့် ဒီဂရီ ခံနိုင်စွမ်းရည် ဘရိပ်ကို ကိုယ့် ဟာကိုယ် ကန့် သတ်လာတတ်တာမျိုး) အဲ့ တော့  ဆေးလိပ်မသောက်လို့  ကားမောင်းရင် ပျင်းလို့ နဲ့ တစ်ခါတစ်လေ အရက်ကစ်ပြီး အိမ်ပြန်ရင် အနံ့ မထွက်အောင်ဆိုပြီး ကွမ်းယာလေးဝါးနေတတ်တာတွေ တတ်လာခဲ့ ပါရောဗျား...
နဲနဲထွေပြီး အိမ်ကားသိမ်း အိမ်ပြန်အ၀င်နေ့ တွေဆို အိမ်က မသိအောင်နဲ့  အမူးမြန်မြန်ပြေအောင်ဆိုပြီး မိုးရွာနေတာတောင် ရွှံ့ တွေဗွက်တွေပေလာလို့ ဆိုပြီး မိုးရွာထဲ ကားကို ရေထွက်ဆေးနေတာ အဲ့ နေ့ မျိုးဆို ပိုကြာကြာဆေးမိနေတတ်တဲ့ နေ့ မျိုးတွေပေါ့ လေ...အမေကတော့ ဟဲ့  အအေးပတ်နေမယ် နဲနဲပါးပါးဆေးတော်ပြီပေါ့ တွေ ဘာတွေတော့ လှမ်းပြောတာပေါ့ လေ..( အမေတွေဆိုတာ အဲ့ လို ရှိပြန်တယ်..ပိုက်ဆံရလာရင် အမေ့ ဆီပေးလိုက်ရင် ရေမနေပါဘူး
ပြုံးပြီး အဖေ့ ကို လှမ်းပေးလိုက်တာပဲ ဖအေကလဲ အဲ့ ပိုက်ဆံ သူ့ အံဆွဲကြီးထဲက ဖလားသပ်သပ်လေထဲ ထည့် ထားလိုက်တာပဲ
( အမှန်တော့ နေ့ စဉ်ရငွေကို နောက်မှ လချုပ်စာရင်း ရေပေါင်းပြတော့ တာမျိုး ဟီးဟီး )...။ တစ်ပတ်ထက် တစ်ပတ် ကားနဲ့ လူနဲ့  ကားဆွဲတဲ့  အထာ နဲ့ က လမိုင်းကပ်လာ ဘယ်အချိန် ဘယ်နေရာက ခွင်တွေ ရှိတယ်ဆိုတာ သိလာလေလေ လုပ်ချင်သလို လုပ်နေပြီးမှ အချိန်ပိုင်းလေး အဲ့ နေရာတွေ သွားဆွဲလိုက်ရင် တစ်နေကုန် ရှာစာမျိုးရတတ်လာတော့  လူက အားချိန်တွေ ပိုရလာတာမျိုးတွေဖြစ်လာတယ်...
ဆွဲနေတာ သုံးလေးလလောက်အရမှာ တစ်ခါ အဲ့ ပထမဆုံး ပွတ်မိတဲ့  ကားခေါင်းဖက်အခြမ်းပဲ တစ်ခါ ထပ်ခွေ့ ပြန်ရော ဒီတစ်ခါက မှန်ပြီး ပြန်လာချိန်မှာ လမ်းဘးရေမြောင်းကို ကာထားတဲ့  အုပ်ဘောင်ကို အသားလွန်ကြီး ကိုယ့် ဟာကိုယ် ၀င်ခွေ့ လိုက်တာပါပဲ...သွားပေဦးပေါ့  ဘော်ဒီရုံကိုပေါ့ ...အဲ့ မှာ ပိုက်ဆံက အတော် ထွက်သွားပြန်ရော..ဘော်ဒီရုံနဲ့ ဝပ်ရှော့ ဆရာကို ရှာကျွေးနေသလိုကြီးပေါ့ လေ..အဟီး...။
ကားစဆွဲချိန်မှာ ရှေးဦးကားသမား ဆရာ့ ဆရာကြီးတွေရဲ့  ကားပုံပြင်တွေက အများကြီးကြားနာလာရတော့  ကားကို အကျင့် မလုပ်ထားတာက ၀က်သား အမဲသား ဘာညာတွေ လာထားပဲ တင်လို့ ရသမျှ ပိုက်ဆံရရင် အကုန်တင်တယ် ပိုက်ဆံပေးရင် သင်းချိုင်းမကလို့ ဘယ်နေရာခေါ်ခေါ် လိုက်တယ်ပေါ့ လေ.. အဲ သာကေတဖက်က လူမိုက်တွေပေါတယ်ဆိုတဲ့  အစွန်အဖျားရပ်ကွက်တွေတော့  တာ့ တာလုပ်တာများတယ်ပေါ့ လေ..
အဲ့ လို အတင်ကောင်းလို့  တစ်ခါက ၀က်သားတွေ တင်သွားတာ သွေးရေ စက်လက်တွေနဲ့ ဖြစ်ကုန်လို့ အိမ်ချက်ချင်းပြန်မောင်းပြီး ရေအတော်ဆေးချလိုက်ရတယ် ဒါတောင် အညှီနံ့ က အတော်စွဲကျန်ခဲ့ တာက ရေဆေးပြီးတာတောင် ယင်ကောင်တွေက ရောက်လာသေးတယ် အမေက ၀က်သား အမဲသားတွေတော့ မတင်ပါနဲ့ ဟယ်တွေ ဘာတွေတော့ ပြောတာပေါ့ လေ..အဟီး ..
တကယ်က ၀က်သားအမဲသားတွေ တင်တာသာ အိမ်ကိုရေပြန်ဆေးလို့ အမေသိတာ မှောင်ခို ပစ္စည်းတွေ အရက်ဖာတွေ မော်လမြိုင်ရထားနဲ့  မှောင်ခိုလာတဲ့  အလှကပ် ကြွေပြားဖာတွေ လေးထောင့် ဆီပုံးတွေပါ တင်ပြီး
သည်းထိပ်ရငင်ဖိုတွေ ကစ်နေတာ အမေတို့ မသိခဲ့ ဘူးပေါ့ လေ...
အဲ့ ကြွေပြားဖာတွေ စတင်တုန်းက မှောင်ခို ပစ္စည်းထဲ ပါတယ်ဆိုတာ မသိသေးပါဘူး ညနေစောင်းကြီး ရထားဝင်းကြီးရဲ့ ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ ဖင်ထိုးတင်တာ ငှားတုန်းက ကျောက်ပြားဖာလေးတွေပါ အလုံက ဘုန်းကြီးကျောင်းအတွက်ပါ နဲနဲလေးပါဆိုပြီးတင်တာ ဘုန်းကြီးကျောင်းအတွက်ဆိုတော့ ကားခကို ခရီးအကွာအဝေးချိန်ပြီး နဲနဲပဲ လျှော့ ယူလိုက်သေးတာရယ် သူ့ နဲနဲလေးက ကားတစ်ဝက်လောက် တင်တာဖြစ်ပေမယ့်  တစ်ဝက်မကျိုးခင်ကို ပစောက် ဖြစ်နေတဲ့ ကားလေးထုပ်က အလျားလိုက်ကြီး ဆန့် ချင်နေပြီ အဲ့ မှာ လူက မျက်လုံးတွေ ပြူးလာတာပေါ့  လေးကျိုးရင် ဒုက္ခပါပဲပေါ့ လေ.. ဒါပေမယ့် အားနာနေတာနဲ့  မထူးပါဘူးပေါ့ ဗျာ... မောင်းထွက်တော့  ကားက ဖင်တော်တော်ထိုင်နေပြီး ဦးထောင်နေတဲ့ အင်းလေက ပဲ့ ချိတ်လို ဖြစ်နေပြီ အင်ဂျင်က သစ်နေတော့ ဆွဲအားကတော့  အိုကေနေတာပါပဲ
လမ်းရောက်တော့ နေနဲနဲကျလာပြီ ပထမတော့  လေးကျိုးမှာစိုးလို့  ပုံမှန်လေးပဲ မောင်းနေသေးတာ အဲ့ မှာ ခေါင်းခန်းထဲဘေးကနေ အတူတူထိုင်လိုက်လာတဲ့  ကျောက်ပြားကုန်သည်က ကျိုးကြည့် ကြောင်ကြည့် တွေနဲ့  ဂနာက စမငြိမ်တော့ ဘူး
မြန်မြန်လေးမောင်းပေးပါ ငါ့ ညီတွေဘာတွေဖြစ်လာလို့  အဲ့ မှာ မသင်္ကာတော့ လို့  ကြွေပြားဖာတွေက လွတ်ရဲ့ လားလို့ မေးလိုက်တော့ မှ လိုင်းကြေးတော့ ပေးထားပြီးသားပါတဲ့ ....
အဲ့ မှာ နားထင်တွေပူသွား ခေါင်းတွေပူတက်လာ နှလုံးက လှပ်လှပ် လှပ်လှပ်တွေဖြစ်နဲ့  ရှိန်းတိမ်းဖိန်းတိမ်းတွေ ဖြစ်လာလို့  ခြေထောက်တွေ တောင် ညောင်းဆင်းသွားလိုက်သေးတယ်
အဲ့ မှာ လူက အတော်လန့် သွားတော့ တာပါပဲ.. အဲ့ မှာ ကားကို စပိတင်တော့ တာပေါ့ လေ...မျက်လုံးဆိုတာ ရှေ့ ကို ကျွတ်ထွက်မတတ်ကိုအဝေးကြီး ပြူးကြည့်  ဗျင်းတော့ တာ ..ရှေ့ က လေးဘီးကားတွေပါ စွတ်ကျော်တက်တော့  ကားဆရာတွေက အော်သတိပေးတာခံရသေးတယ်''ဟျောင့် လေးဘီးကားနော် ဆန်နီမဟုတ်ဘူး '' တွေ ဘာတွေပေါ့ လေ ခ် ငိငိ
သူ့ ဟာသူ ဘာအော်အော် လှည့် ကိုမကြည့် တော့ဘူး ဗျင်းနေတာ ကံကောင်းချင်တော့  မီးပွိုင့် တွေက အစိမ်းတွေနဲ့ ချည်း တိုးတိုးနေတော့  ကားက မီးပွိုင့် တွေမှာ ရပ်မနေရတော့ ဘူးပေါ့ ...ဟိုး ခပ်ဝေးဝေးမှာ လမ်းဘေးရပ်နေတဲ့  ယူနီဖေါင်းဝတ်တွေ စုစု စုစု နဲ့  သူ့ ဟာသူ ရပ်နေကြတာ မြင်လိုက်လဲ လှမ်းတွေ့ လိုက်ရင်ပဲ လူက လိပ်ပြာက မလုံတော့ ဘူး ဘုရားစာတွေ
နာနာရွတ် မျက်နှာကို မှင်လေးနဲ့ နေပေါ့ လေ... အဲ့ လိုကို လန့် နေတာ မလွတ်ကင်းတဲ့ ကုန်တွေ ပါလာတယ်ဆိုတဲ့  အသိစိတ်က အဲ့ လို စိတ်ကို ဖိစီးနေတာမျိုး အလုံမြန်မြန်ရောက်မှ အေးမှာပါဆိုပြီးတော့ လည်း စိတ်က ဖြစ်နေတာ. ...
အလုံရောက်တော့  ဘယ်ဘုန်းကြီးကျောင်းမှ မဟုတ်ဘူး ဂိုထောင်လို လုပ်ထားတဲ့  အိမ်တစ်အိမ်မှာဖင်ထိုး ကားပေါ်က ပစ္စည်းတွေ ချကြတာ ....ချလို့ ကုန်မှ အသက်ရူဖို့ ပြန်သတိရသလို .'' .ဟူး...'' ကနဲ သက်ပြင်းချနိုင်တော့ တယ်...၊ ကုန်သည် ပိုက်ဆံပိုပေးတာတောင် ကျေးဇူးပဲဗျာတွေဘာတွေ ပြန်ပြောမနေနိုင်ပါဘူး (စိတ်ထဲက ကြိတ်တောင် ဆဲနေလိုက်သေး ဟီးဟီး )...ဒီနေရာက မြန်မြန်လစ်မှ ဆိုပြီး တစ်ချိုးထဲ လစ်တော့ တာပေါ့ လေ.....အဲ့ ဒါ မှောင်ခိုပစ္စည်း တင်တဲ့ အခါ ဖြစ်နေတဲ့  မလုံစိတ် ပေါ့ လေ...အတော်ဆိုးတဲ့  စိတ်ဖိအားပါပဲဗျား....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..