'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
ဟိုတုန်းက လမ်းမတော် တန်ဆောင်တိုင်ပွဲတော်ကြီး အကြောင်း စာတိုစိလေးပါ.... 😁
ဟိုတုန်းက လမ်းမတော် တန်ဆောင်တိုင်ပွဲတော်ကြီး အကြောင်း စာတိုစိလေးပါ.... 😁
---
၈၈ မတိုင်ခင် အနားအထိ ကျနော်တို့ ဖက်မှာ လမ်းထိပ်တိုင်း လိုလိုမှာ စင်ထိုးပြီး ကုလားကားတွေထဲက အဲ့ ခေတ်က လူတွေကြားထဲ ဟော့ ဖြစ်ပြီး
( ဥပမာ အာရာဒါနားဆိုတဲ့  ကုလားကားထဲက '' ကျလိယာ အာရေး.ကျလိယာ '' ဆိုတဲ့ သီချင်းအမြူးမျိုး )..ပေါက်သွားတဲ့ ကုလားသီချင်းမျိုးတွေ နဲ့  အနှစ် ၂၀ စုံတွဲတေးသီချင်း တေးသရုပ်ဖေါ်တွေ ခုနှစ်ထွေအကမျိုးတွေ အငြိမ့် လို ၂ပါးသွားတွေ (မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ ကလည်း စင်ထိုးပြီး ကပွဲလုပ်ခဲ့ ကြတယ် သူ တို့ စင်တော် မဟာကလည်း အတော်ပေါက်ခဲ့ တယ်) တစ်ခန်းရပ် ဟာသလေးတွေ နဲ့  လမ်းထိပ်တိုင်းလိုလိုမှာ ကပွဲစင်တွေ ထိုးကပြကြတဲ့  တန်ဆောင်တိုင်ပွဲတော်ကြီးရယ် ...
အဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးမှာပဲ ( ပလေးဘွိုင် အယ်လ်ပီဂျေ အီးမရှင်း သယ်အေးဆက် တို့ လို ခေတ်ပေါ် စတိတ်ရှိုးစင်တွေ မာဃစင်လို့ ခေါ်ကြတဲ့ မြန်မာသံ အဆိုတော်တွေရဲ့  ဂီတစင်မြင့် တွေပါဝင်ဆင်နွှဲကြတာတိုးမပေါက် ခြေထောက်မြေမထိပါပဲ
ဈေးရောင်းသက်သက်ပွဲတော်မျိုးမဟုတ်ခဲ့ သလို ညဦးကတည်းက ပွဲတော်ဖြစ်လိုက်တာ မနက် ၂ချက်တီး ၃နာရီလောက်အထိတိုင်အောင်ပါပဲ ...ပွဲတော်ကြီးက စည်လွန်းလို့  ပွဲတော်ပြီးမှာတောင် စိုးနေတာမျိုး အထိကို ပျော်စရာကောင်းခဲ့ တာမျိုးပေါ့ လေ..
လမ်းတိုင်းလိုလိုကလည်း အတော် စည်ကားအောင်ကျင်းပကြတဲ့  ပျော်ပျာ်ပါးပါး စည်စည်ကားကား နဲ့  ဘုံကထိန်လှည့် ပွဲတွေကလည်း စည်မှစည်ပေါ့ လေ
( ရန်ကုန်တစ်မြို့ လုံးရဲ့ ဘုံကထိန်ပွဲမှာ ကီလီဈေးကြီးရဲ့  ဘုံကထိန်ကို ဘယ်ဘုံကထိန်မှ မမီအောင်ကြီးကျယ်ခန်းနားခဲ့ တယ် လှုဖွယ်ပစ္စည်းတွေ မဲပေါက်တဲ့ ကျောင်းတိုက်ဆို သူဌေးကျောင်းလေး ဖြစ်သွားလောက်အောင် အကြီးအကျယ်လှုခဲ့ ကြသလို ပဒေသာပင်လှည့် ပွဲတွေမှာ အကအဖွဲ့ အမျိုးစုံနဲ့  ပျော်ပျော်ပါးပါးလှည့် ခဲ့ ကြတယ် ဘေးပရိပ်သတ်ကလည်း
ရောပျော်ပေါ့  ၊
ကျနော်တို့ ဖက်မှာ အဲ့  ဘုံကထိန်ပွဲတွေမစခင်ကို နှစ်ကျိတ်ရှစ်ဆူ လှည့် အပူဇော်ခံပွဲရှိတယ်....ဘယ်လောက်စည်ကားပြီး အချိန်ကြာလဲဆိုရင် မိုးလင်းကတည်းက မြို့ နယ်ထဲက လမ်းပေါက်စေ့  လှည့်  တာ ညကြီးမိုးချုပ်သွားလို့  ကိုယ့် လမ်း မဲကျတဲ့  ရုပ်ပွားတော် ပင့် တဲ့ ကရ၀ိတ်ဖေါင်တော်မှာ လျပ်စစ်မီးပဒေသာတွေ အလှအပတွေ ဆင်ထားပြီး ဆက်လှည့်  အပူဇော်ခံရတာ ည ၁၀နာရီ ၁၁နာရီအထိကို တိုင်ပါရော....
အဲ့  ရုပ်ပွားတော်တွေ ပင့် တဲ့  အခါ ပင့် ဆောင်ပူဇော်တဲ့  ဝေါတွေ ဒီဇိုင်းက သူ့ ထက်သူသာအောင် ပိုလှအောင်အပြိုင်အဆိုင်မွမ်းမံ ထမ်းတဲ့ သူတွေက အသက် ၁၆ ၁၇ ၁၀တန်းကျောင်းသားတွေ လောက်ကစပြီး အသက် ၂၀ အစိတ် ၃၀ကြား တကယ့် လူငယ်တွေချည်းပဲ လမ်းလူကြီးတွေ လမ်းက ကာလသားခေါင်းတွေက နောက်ကနေ ဘေးကနေ ကြီးကြပ်စောင့် ရှောက် သဘောပေါ့  ၊
အဲ့ မှာ ကိုယ့် လမ်းက ထွက်တဲ့  ဝေါတွေ ပဒေသာပင်တွေ ကိုလည်း အလွန်ခိုင်အောင် လုပ်ခဲ့ ရသေးတယ် ဒီဝေါက ညနေစောင်းလို့  နေ၀င်ရီတရောရောက်လာရင် ပွဲပြီးခါနီးဖြစ်လို့ မို့  ကိုယ့်  လမ်းက လူငယ်တွေ တစ်ခြားလမ်းကလူငယ်တွေ ကိုယ့်  အစုနဲ့ ကိုယ် အောင်ပွဲခံတဲ့ အနေနဲ့  ဝေါတွေ ငွေပဒေသာပင်တွေကို ပင့် လိုက် မြှောက်လိုက် နှိမ့် လိုက် ပတ်ချာလည် ၀ိုင်းကြီး ပတ်ပတ်တွေကစားလိုက်နဲ့  ဘေးက ပရိပ်သတ်တွေရော လူငယ်တွေရော ပျော်ကြပေါ့  ပျော်ချက်က စာဖွဲ့ လို့ တောင် မနိုင်ဘူး ၀င်ဆင်နွှဲဖူးမှ ကြုံဖူးမှသိလိမ့် မယ်ပဲ .....
ပြီးတော့  အဲ့ လို ပျော်ပွဲတွေသဘောမှာ ပါဝင်သူတွေရော ဘေးကလူတွေပါ စကားလုံး အကြီးကြီးတွေနဲ့  အကျိုးတော့ နဲပါပြီ ဘာတော့ ပျက်ပါပြီ တွေနဲ့  အဲ့ လို့  မျိုးတွေတော့ စိတ်ထဲ ဘာမှ ရှိမနေခဲ့ ကြပါဘူး ပွဲတော်ပြီးသွားတော့ ပြီးသွားတာ ပါပဲ နောက်နေ့ ကြတော့  အဲ့  မနေ့ က တစ်နေ့ လုံး တစ်ညလုံး ဘုရားပွဲမှာ ပျော်ခဲ့ တာလေးတွေ ပြန် စားမြုံပြန်ကျ အမှတ်တရ ပြောကျနဲ့  နောက်နှစ်ကို ၀င်ဆင်နွှဲဦးမယ်လို့  စိတ်ကူးတွေ ယဉ်ကျပေါ့ လေ...ဟိုတုန်းက ပျော်ပွဲလေးတွေအကြောင်းပါ အပျော်တော့ တော်တော့ ကိုကြိုက်ကြတဲ့ သဘောတော့ ရှိခဲ့ တယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..