Powered By Blogger

Wednesday, December 7, 2016

အရက် တက်ပလက်မူးယစ်ဆေးပြားနယ်ကနေ လွန်မြောက်တဲ့ အခါ....


အရက် တက်ပလက်မူးယစ်ဆေးပြားနယ်ကနေ လွန်မြောက်တဲ့ အခါ....
-----------------
စိတ်ပိုင်းဆိုင်ရာ သဘောတွေ အပြောင်းအလဲတွေဖြစ်လာပြီဆိုရင်လည်း ပြောင်းလဲသွားဖို့  အခြေအနေတွေ တိုက်ဆိုင်လာပြီး သူ့ သဘောသူဆောင် ဖြစ်ကိုဖြစ်သွားတော့ တာမျိုးပဲ ဘေးက ဘယ်သူဘယ်ဝါက တိုက်တွန်းလို့ ဘယ်သူ့ ကို ဘယ်ဝါ့ ကို ရိုသေလို့  ကတိပေးထားလို့ ဆိုတာထက် ကိုယ်တိုင်ရဲ့  စိတ်ထဲကို သင့် တွေ မသင့် တွေဆို တာ သူ့ ဟာသူ တဖြည်းဖြည် ၀င်လာပြီး စိတ်ထားတွေ အဲ့ စိတ်ထားကနေ ရောင်ပြန်သရုပ်ဖြစ်တဲ့  အမူအကျင်တွေ ပြောင်းလဲလာတဲ့ သဘောဆန်ပုံရပါတယ်...

ဆရာလုပ်သူဆီချဉ်းကပ်နေရင်းက ဆရာရဲ့  ခံယူချက်တွေ သီလသမာဓိပညာသဘောတွေက ကားဆွဲရင်း ကိုယ့် ရဲ့  အရက်တွေ မူးယစ်ဆေးပြားတွေ လစ်ရင်လစ်သလို ကစ်နေတာတွေကို ကိုယ့် ဟာကိုယ်
စိတ် မလုံတော့ ဘူး ဆရာလုပ်သူကို အားနာသလိုလို စိတ် စ၀င်လာတယ် ဆရာကတော့  အဲ့ ကိစ္စတွေကို ဘာဆိုဘာမှ မပြောပါဘူး အမူအယာနဲ့ တောင်မပြဘူး ဒါပေမယ့်  ဆေးလိပ်ကအစ အဲ့ ဒါတွေအပြင် လိမ်လည်ကောက်ကွေ့ သဘောတွေ ကို မလုပ်မပြောမပြုမူတဲ့ ဆရာမျိုးဆိုတော့  သူ့ ဆီသွားရင် ကိုယ်က စ ဆင်ခြင်လိုက်ပြီး သွားမိတဲ့ ပုံဖြစ်လာတယ် အဲ့ ကနေ လစ်သလို တွယ်တတ်တဲ့  အရက်သေစာသဘောတွေကနေ တဖြည်းဖြည်းဝေးသွားတာ ခုထိပဲဆိုပါတော့  ဘာကတိတောင်းတာတွေ ပေးရတာတွေ လှုတာမရှိခဲ့ ဘူးပါဘူး...
(ကတိတောင်းရင်လည်း ပေးဖြစ်ချင်မှ ပေးဖြစ်မှာပါပဲ )

အဲ့ ကတိနဲ့ ပတ်သက်လို့ နောက်တစ်ကြောင်းက ကျနော်တို့ တွေက ဖရီးတိုက် စတိုင်ဆန်လွန်းပြီး အနှောင်အဖွဲ့ သဘောတွေလို့ ထင်ရတာတွေကို မကြိုက်တတ်ခဲ့ ဘူး စိတ်ပေါက်လာတာ မှန်သမျှ ထ ထလုပ်တတ်တဲ့ စရိုက်တွေပိုများနေကြတယ် အဲ့ မှာ တစ်သက်လုံးမှာ ကတိစစ်စစ်သဘောပေးခဲ့ တာ မလုပ်ခဲ့ ဘူးသလို ကတိခံရမယ့်  လောကီပညာတွေကို ဘယ်တုန်းကမှ အာရုံမလာခဲ့ ဘူးဘူး အဲ့ အချက်က ဘာကတိမှ မတောင်း မခံခိုင်း ကိုယ့် လို စိတ် လူ ဖရီးစတိုင် စရိုက် ဆန်တဲ့ အဲ့ ဆရာနဲ့  အိုကေမှာစိုပြေ အလွယ်လေးဖြစ်သွားတော့ တာမျိုးပါပဲ

အရက်ကိစ္စမှာ ကျနော့် သူငယ်ချင်း ပိုးဟတ်ဖြူရဲ့  အသက်နားနီးသွားတဲ ကိစ္စမှာ ဆရာ တပည့် တွေကြားထဲမှာ အတော်ကြီးကျယ်တဲ့  ပြဿနာကြီးသဘောဖြစ်ခဲ့ တယ် ၊ ကျနော်နဲ့ ပိုးဟတ်ဖြူ နဲ့  နောက်သူငယ်ချင်းတစ်ချို့ က ဆရာ့ နားနေရင်းကကို လစ်ရင်လစ်သလို ညည အရက်ဆိုင်ထိုင် လေတွေ ပစ်နေတာမျိုး ခဏခဏ လုပ်တတ်တယ် စိတ်မြန်တဲ့  သူက အရက်ကိုပို သဘောကျပြီး
ဆေးပြားက သူငယ်ချင်းတွေကြားထဲ ကျနော် စပြီး တင်သွင်းလာတဲ့ ပစ္စည်း

ကျနော်က နံတဲ့ အရက်ထက် အနံ့ မထွက်ပဲ ရီဝေနေတတ်တဲ့ မူးယစ်ဆေးပြားလေးတွေကို ပိုသဘောကျတာမျိုး အနံ့ မထွက်တာကိုကြိုက်တာနောက်တစ်ချက်က အိမ်က မသိလို့ က
အဓိကပါပဲ ..၊ တကယ်ကတော့  အရက်အပါအ၀င် မူးယစ်ရီဝေတာတွေသဘောကို မျိုးနဲ့ ရိုးနဲ့ သွေးသားထဲကကို ကြိုက်တဲ့ သဘောရှိပါတယ်...
( နောက်တော့  အရက်သေစာကို ကြိုက်တတ်ပြီး ကြိုက်တတ်လို့  စွဲသွားမှာစိုးတာနဲ့  အဲ့ အကြိုက်ကိုပဲ စိတ်နဲ့ တွန်းလှန်ပစ်လိုက်တဲ့  သဘောလည်းပါခဲ့ ပါတယ်)

တစ်နေ့ မှာ ပြဿနာ တက်ချင်တော့  သူငယ်ချင်းထဲကတစ်ယောက်က ပြည်ပကို အပြီးထွက်မလို့ ဆိုပြီး နှုတ်ဆက်ပွဲ ညစာစားပွဲလုပ်တယ် အဲ့ မှာ ကျနော်တွေ သွားမူးကြရောဆိုပါတော့ ...

( ဒါပေမယ့်  အဲ့ မှာ မေ့ သွားတာက နေ့ လည်က ဆေးပြားတွေ သူနဲ့ ကျနော် ၂ ယောက်သား မြိုထားတာ မေ့ နေတယ် ( ကျနော်တို့  သုံးနေကျ ဆေးပြားတွေက ဒီဖက်ခေတ် စိတ်ကြွဆေး စတိုင်နဲ့  နဲနဲဆင်တယ်
ဘောလုံးလို့  သိခဲ့ ကြတဲ့ ဆေးပြားပေါ်မှာ အသားတဆိပ် ဒဗလျူ လို့  ရိုက်ထားတဲ့  ဆေးပြားလေးတွေနဲ့  သူ့ ထက် ၄ ဆလောက်ပိုပြင်းတဲ့ 
မက်ထရက် ဆိုတဲ့ ဆေးပြားတွေပါပဲ မက်ထရက်က ဈေးပိုကြီးပြီး ပိုပြင်း ပိုကြာတယ် ကြေးကြီးလို့ တရုပ်တန်း ဘောစိ မူးယစ်သမားတွေ ရဲ့ ပင်တိုင်သုံး ဆေးပြားတွေလို ဖြစ်နေတယ် အဲ့ ဆေးပြား ဒီဇိုင်းက ပါရာစီတမောလ်လို ထူပြီး တစ်ခြမ်း လောက်မြိုလိုက်ရင်ပဲ အာမီရမ် ၂ ပက်စာ လောက် ရီဝေနေတတ်တယ် တစ်ပြားဆို ၄ ပက်စာ ဒီဂရီနဲ့ ညီတယ်ပေါ့ လေ ၊

ဒါပေမယ့်  မက်ထရက် ဆေးပြားကသာတာက အရက်လို မနံတာရယ် မြိုလိုက်ရင် လူ့ တစ်ကိုယ်လုံး ထုံပြီ လေထဲလွင့် နေသလိုမျိုးနဲ့  ထုံနေတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်သီးနဲ့ ခပ်ဆဆလေးထိုးလို့ ကိုယ် အသားကို ထိတာ နာကျင်မှု့ မရှိလာဘူး အဲ့ အရသာက လူကို စွဲသွားစေတာမျိုး.. ( ရန်ပွဲတွေ ဆင်နွှဲလို့ သိပ်ကောင်းတဲ့ ဆေးပြားတွေမျိုးပါ ကိုယ့် ကျောကုန်း ခဲမှန်တာတောင် နာမှမနာတာလေ ) ...
.
အဲ့ ဒါကို အစက ဆေးပြားမသုံးဘူးတဲ့ ပိုးဟတ်ဖြူကို ကျနော်က ဆွယ်တော့  သူကပါ ဘော်ဒါရင်းကြီးတွေဆိုပြီးလိုက်သုံးရင်းနဲ့  ၂ ယောက်သား ညနေတွေ ဆို လေတိုက်နေတော့ တာပေါ့ လေ...

( ဗေလျံဖိုက် ဗေလျံတန်း ဘာမီတွန် တွေကတော့  အဲ့ ဒဗလျူတွေ မက်ထရက်တွေ ပစ္စည်းပြတ်တဲ့ အခါ သုံးတဲ့  အစားထိုး ဆေးပြားတွေပေါ့  ( ကွန်ပစ်တယ်လို့ ဆိုတဲ့  ကွန်မက်သာဇင်အရေတွေ မြိုတာ
သူ့ အစားဝင်လာတဲ့  ဖန်ဆီပုလင်းတွေက အငြိမ်လိုင်းတွေ
လိုင်း မတူကြဘူး အငြိမ်လိုင်းသမားတွေက အဟော့ လိုင်း သွားမပူးတတ်သလို အဟော့ လိုင်းသမားတွေက အငြိမ်လိုင်းကို မကြိုက်တတ်ကြဘူး ပူးလည် မပူးတတ်ကြဘူး အငြိမ်နဲ့ အဟော့ လိုင်းပူးလိုက်ရင်ခေါက်ကနဲ သေကုန်ကြလွန်းလို့ ပေါ့ လေ ဥပမာ ကွန်ပစ်ပြီး အရက်သွားမကစ်နဲ့  ခေါက်ကနဲပဲ ဆိုတာမျိုးပေါ့  အဲ့ မှာ အငြိမ်လိုင်းသမားတွေက ထောင်ခဏခဏကျကုန်ရတဲ့ အကြောင်းက
ကွန်တွေ ဖန်စီတွေလိုင်းဟာ ဘိန်းလိုင်းတွေ ဖြစ်ပြီး အဲ့ ဒါတွေ သုံးလို့  အဲ့ ဒါတွေနဲ့ ဝါရင့် လာတဲ့ အခါ ဘိန်းဆီ ဘိန်းချီး ယက်တဲ့ မြိုတဲ့ လိုင်းဖက်ကူးသွားတတ်ကြတယ်
အဲ့ ကနေ ဖစ်ဂျွိုင်းတယ် ဒုတ်ပစ်နေတယ် ဆိုတဲ့  ဘိန်းဖြူ ပက်သဒင်း လိုင်းဖက် ဆက်ကူးတော့  အဲ့ မှာ နယ်ထိမ်း လက်အောက်ရောက်သွားတော့ တာပါပဲ ...သူတို့ က အဲ ဗား မျက်ကြောစင်းနေတတ်ကြတာကိုး
သိပ်သိသာနေတော့  ကွိ ကနဲပေါ့ ...

အဲ့ ဆေးပြားမြိုထားတာကို မေ့ နေပြီး ညစာစားပွဲက အရက်တွေကို သွားလည်း ကစ်လိုက်ရော အဲ့ မှာ တစ်နေ့ ထဲ ၂ ပင်လိမ်ထားမိသလို ဆိုတော့ ပုံမှန်ထက် မူးပြီး လွတ်ကုန်ပါရောဗျာ....

အဲ့ မှာ ကျနော့် ထက် အဖြစ်ဆိုးသွားတာက ပိုးဟတ်ဖြူပေါ့  သူက အဲ့ လို တစ်ခါမှ ၂ ပင် မလိမ်ဘူးတော့  အန်လိုက်တာ အန်လိုက်တာ ဆိုတာလေ..လို့ ဆိုသလို တဝေါ ဝေါပဲ....( ဒါကို ဘန်းစကားက ဥသြဆွဲနေတာလို့ ခေါ်ခဲ့ ကြတယ် )

ကျနော်ကတော့  အပင်လိမ်တာ ရိုးနေတဲ့ အပြင် တစ်ခါက ကွမ်းယာ မူးတာ သေလုမျောပါး ခံခဲ့ ရဖူးကတည်း နောက်ပိုင်း အဲ့ လို ရုပ်ပျက်ဆင်းပျက် မူးခဲသွားတယ် ၊ သူ့ အန်ချက်က နောက်တော့  သွေးတွေပါ ပါလာပါရောဗျာ...

အဲ့ မှာ မျက်လုံးပြူးကုန်တော့ တာပါပဲ ဒါပေမယ့်  ကံကောင်းချင်သေးတော့  အဲ့ ညနေက ဆေးရုံတော့ မရောက်လိုက်ဘူး..၊ ဒါပေမယ့် ကံဆိုးချင်တော့  အဲ့ လို သရုပ်တွေပျက်ကုန်တာ နောက်နေ့ ကြတော့  ဆရာသိသွားရော...

အဲ့ တစ်ခါမှာ ဆရာ အတော်စိတ်ဆိုးသွားတယ် ဆူလည်းဆူရင်းက ဖြစ်ကြောင်းရယ်ကုန်စင် နားထောင်ပြီး ပိုးဟတ်ဖြူက မင်းက ပထမတရားခံ.. ဆေးပြားတွေ သယ်လာတဲ့  မင်းက ဒုတိယတရားခံလို့ မှင်လေးနဲ့ ပြောရော အဲ့ မှာ ဆရာ့ ကို ရှက်သွားတာ
မင်းမှာ အဲ့  ဆေးပြားတွေရှိသေးလားဆိုတော့  ...အဲ့ မှာ လက်ကန်လေး နှမျှော နှမျှောနဲ့  ထုတ်ပေးလိုက်ရတယ်...၊
အဲ့ ဒါကို ဆရာက ယူသိမ်းထားလိုက်ရော..အဲ့ ကနေ အဲ့  မထသလိုင်းတွေ နဲ့ တဖြည်းဖြည်း ဝေးသွားတော့ တာပါပဲ...

သိပ်တော့  မကြာပါဘူး ပိုးဟတ်ဖြူ တစ်ယောက် သေမလိုဖြစ်ပြီး ဆေးရုံတက်လိုက်ရတော့ တယ်..(တကယ်လည်း နေ့ လားညလား နီးနီးဖြစ်သွားတယ် )

အဲ့ မှာ သူ့ အသည်းက ကြက်ဥလုံးစာလောက် အကွက်ကလေး ခြောက်သွားသတဲ့ .အဲ့ မှာ ဆရာက ပိုးဟတ်ဖြူရဲ့ အသက်အတွက် သိပ်ကို စိုးရိမ်သွားပြီး ပိုးဟတ်ဖြူရဲ့  အသက်ကို ကယ်ရတော့ တာပါပဲ....အဲ့ မှာ ဆရာတင်မက ဆရာကြီးပါ ပါလာတော့ တယ် ၊ ဆရာ ၂ယောက် ခေါင်းချင်းရိုက် တိုင်ပင် လုပ်ကြရတဲ့ သဘောပေါ့  ကျနော်တွေလည်း ကျွတ်ကျဲ ပိုးဟတ်ဖြူကိုယ်တိုင်ပါ ငါတော ဒီတစ်ခါ သေပြီ ထင်နေပြီ...

( ကျနောတို့  ဆရာတပည့် တွေ စုပေါင်းပြီး လှုခဲ့ ဘူးသမျှတွေ စာရွက်လေး တစ်ခုထဲ မှတ်တမ်းတွေချရေး တစ်ချိန်လုံး အဲ့ အလှုမှတ်တမ်းတွေ ပြန်ဖတ်နေ တစ်သက် လုပ်ခဲ့ ဘူးတဲ့  ဒါနခန်းတွေကို ပြန်အာရုံယူပြီး ဘ၀ကူးကောင်းအောင် ဘာဝနာပွားနေ လုပ်နေတာပေါ့ လေ ဘယ်သူနဲ့ မှလည်း စကား မပြောတော့ ဘူး...)

ဒါပေမယ့်  ရှင်ကံကျန်သေးတော့  အဲ့  တစ်ခေါက်တော့  ပြန်ထောင်လာသေးပေါ့ လေ အသည်းကတော့  တစ်သက်စာထိသွားခဲ့ ပြီ ( ပြန်ထောင်တာ တိုင်းရင်းဆေးနဲ့  အရွက်တွေ ပြုတ်သောက်ရတာ မိုးကုတ်ဦးကျော်စိန်ဆေးနည်းတွေပါ )..။

ဦးဆောင် ရှေ့ သွားတွေရဲ့  အပြုအမူတွေကလည်း နောက်က လိုက်သူတွေရဲ့  စိတ်ထားတွေ ဘ၀တွေကို အပြောင်းအလဲ ဖြစ်စေလာတတ်တဲ့  သဘောတွေပေါ့ လေ..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..