'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
'''' တစ်ခါက တန်ဆောင်တိုင် လပြည့် ည '' ကြက်မီးဖုတ်စားပွဲလေးအကြောင်း '' အမှတ်တရပါ. ''' ငိငိ
'''' တစ်ခါက တန်ဆောင်တိုင် လပြည့် ည '' ကြက်မီးဖုတ်စားပွဲလေးအကြောင်း '' အမှတ်တရပါ. ''' ငိငိ
---------------------------
တန်ဆောင်တိုင်ပွဲတော်ရာသီလေးရောက်လာတော့  တစ်ခါက နဲနဲပါးပါး ရေးပြခဲ့ ဘူး ကိုယ်တွေ့  ကြုံခဲ့ ဘူးတာလေး ပြန်ရေးပြချင်စိတ် ဖြစ်လာတယ်ပေါ့ လေ...။ အဲ့ တုံးက တန်ဆောင်တိုင် နောက်ဆုံးညရဲ့  ကျီးမနိုးပွဲ ဆိုတာလည်း ခေတ်စား ခဲ့ ပေမယ့်  ကျနော်တို့ ဖက်တော့  အစဉ်အလာဓလေ့  အပျော်သဘောသာ ဆန်လွန်းခဲ့ ပြီး သူများ စီးပွားပျက်လောက်အောင်တော့ မပြုမူခဲ့ ကြပါဘူး ၊ ပြုသူရော အပြုခံရသူရော မနက်မိုးလင်းတော့  ရယ်ပွဲတွေဖွဲ့ လို့  ပျော်နေကြတာမျိးပါပဲ...အဲ့ လောက် အဲ့ ခေတ်က လူတွေက သဘောကောင်းခဲ့ ကြတယ်...။
တစ်နှစ်တော့  ကျနော်တို့ လူငယ်အဖွဲ့ တွေ အမြင်ကပ်ကပ်နဲ့  သမ ခဲ့ ကြပုံက ...ဒီလိုပါဗျာ လမ်းထဲမှာ လမ်းလူကြီး အဖြစ် သြဇာရှိနေတဲ့  လူကြီးရဲ့  သား ကျနော်တို့  အသက် လယ်ဘယ်တန်းက သူရဲ့  သူ့ အဖေက လမ်းလူကြီး ဆိုပြီး စောင့် ကြွားကြွားလုပ်နေပါရောဗျာ.(ခေတ်သစ် သူကြီးးသားစတိုင်လိုပါပဲ ခိခိ) .အဲ့ ဒါကိုပဲ ကျနော်တို့ လမ်းသာ လူငယ်တွေက ကြည့် မရဘူး သိပ်အမြင်ကပ်နေတာမျိုးပေါ့ ...တစ်နေ့ နေ့ တော့  ဆိုပြီး စိတ်ထဲက တေးထားတာမျိုးပေါ့ လေ..
ဒါနဲ့  တန်ဆောင်တိုင်ပွဲတော်ကြီး စလာတဲ့  နှစ်တစ်နှစ်ဆိုပါတော့ ... အဲ့ ခေတ်သစ်သူကြီးသားရဲ့  ၀ါသနာတစ်ခုက ကြက်မွေးတာ ၀ါသနာကြီးသဗျ တစ်လမ်းလုံး သူပဲ ကြက်မွေးတဲ့  ၀ါသနာကြီးတာမျိုး ပြီးတော့  ကြက်မွေးတာ တိုက်ကြက်ကြီး တစ်ကောင်ထဲ ရှယ်မွေးတာမျိုး ရယ် အဲ တိုက်ကြက်ကြီးသာ မွေးတာ ကြက်တိုက်တာလဲ ၀ါသနာပါတာမဟုတ်ဘူး သူ့ ကြက်ကြီး ထွားထွားကြီးကို ကြည့်  ကြွား ပီတိတွေ ခံနေတာမျိုးဗျား... ( သူ့ တိုက်ကြီးကြီးက တကယ်ဆို ထွားသန်ပြီး လှတာက အတော်လှတာ စွာကလဲစွာ အသံကလည်း စူးသေးတယ် ရန်လဲ လိုတတ်တယ်)
ခက်တာက ရန်ကုန် ဒေါင်းတောင်းလမ်းတွေဆိုတာ မြေနေရာ အလွတ်က သိပ်ရှိတာ မဟုတ်ဘူးရယ် အဲ တော့  တိုက်ကြက်ကြီးကို ညသိပ်ရတာ အလုပ်က အတော်ရှုတ်တာ ညညဆို သူ့  အိမ်ထဲ တကူးတက သိပ် နေ့ ဆို သူတို့ အိမ်ရှေ့ က ဗာဒံပင်ပေါ် တင်ပေးထားရ နဲ့  အဲ့ လို အလုပ်ရှုတ်တာမျိုး... အဲ အဲ့ လို ကြက်ကြီး တစ်ကောင်နဲ့  အလုပ်တွေ ရှုတ် အစာတွေကျွေး ပွတ်သီးပွတ်သပ်တွေ လုပ်ပြနေရတာကိုပဲ သူ့ မှာ ဂုဏ်ခံလို့ မဆုံး စတိုင်ပေါ့  ငါ့ ကြက်က သာမန်ကြက်မဟုတ်ဘူး ဈေးကြီးသတဲ့  အဲ့ လို ကြွားကလဲ ကြွားသေးဗျား... ( ကျနော်တို့ က ကြက်ဆို ဟင်းချက်စားရတဲ့ အကောင်လောက်ပဲ သဘောထားနေတာ အဟီး )
အဲ့  တိုက်ကြက်ကြီးကလည်း လူနဲ့ အတော်နီးပုံရပါ့  သူ့ သခင် သူကြီးသား ကိုင်နေ အစာကျွေးနေ ပွတ်သီးပွတ်သပ်လုပ်နေရင်သာ ငြိမ်နေသလောက် တစ်ခြားလမ်းသား ကလေးတွေ အနားကပ် စပ်စုသလိုလို သွားလုပ်ရင် ရန်လိုပြီး လိုက်ဆိတ်ရတာနဲ့  လိုက်ခွပ်ရတာနဲ့  ကလေးတွေက လန့် ပြီး ထွက်ပြေးနဲ့  အတော် ချဉ်စရာကောင်းတဲ့  ကြက်ကြီးပေါ့ လေ...ခိခိ....
အဲ့ တော့  အဲ့  သူကြီးသားရော သူ့ တိုက်ကြက်ကြီးကိုရော လမ်းက ကျနော်တို့  လူငယ်တွေက ကြည့် မရ အမြင်တွေကပ် အာရုံတွေနောက်ပေါ့ လေ ခ် ။ တစ်နေ့ နေ့ တော့  လက်ဆင်ပေးမှ ဆိုပြီး စိတ်ထဲ ခပ်ချဉ်ချဉ်နဲ့  တေးထားကြတာပေါ့ ...နောက်တစ်ချက်က အဲ့ သူကြီးသားနဲ့  ကျနော်တို့ တွေ ကစားရင်း ရန်ဖြစ်ရင် သူ အရေးမသာတော့ ရင် သူက အဖေရေ..အမေရေ .ဟော့ မှာ သားကို.....ဆိုပြီး သူ့ အိမ်သူပြန်ပြေး တိုင်တောတတ်တာကိုလည်း ကျနော်တို့ က သိပ်အမြင်ကပ်နေခဲ့ တာမျိုး.....အဟီး...။
သူကြီးသားရဲ့  သမိုင်းကြောင်းက အဲ့ လိုတွေပေါ့ လေ..၊ ဒါနဲ့  အဲ့ သူကြီးသားကို ဘယ်လိုများ နှိပ်ကွပ်ရမလဲလို့  ကျနော်တို့  လူငယ်လမ်းသားတွေက တေးထားတုန်း တန်းဆောင်တိုင် ပွဲတော်ရာသီ တစ်ခု ရောက်ခဲ့ ရောဆိုပါတော့ ....
အဲ့ တုန်းက တန်ဆောင်တိုင်ပွဲတော်ဆိုတာ အိမ်တွေက ညနက် ၁၁နာရီ ၁၂နာရီလောက်အထိ မအိပ်တတ်ကြသေးပဲ ပွဲခင်းထဲ လည်နေတတ်ကြတယ် လာလည်တဲ့  အမျိုးတွေနဲ့ ပါပေါ့ လေ။ ပွဲခင်းကလည်း စည်ချက်က ညသန်းခေင်ကျော်လို့  မနက်ကြီး ၂ချက်တီး ၃နာရီလောက်အထိကို စည်နေတတ်တယ်။ ၁၀နာရီ ၁၁နာရီလောက်အထိ အိမ်က လူကြီးတွေက မအိပ်တတ်သေးပေမယ့်  သန်းခေါင်နားနီးရင်တော့  အိပ်ယာဝင်သွားတတ်ကြတယ် အဲ့ နောက်ပိုင်းတော့  ကျနော်တို့ လူငယ်တွေ လွှတ်ကဲတဲ့  အချိန်တွေပေါ့ လေ....ငိငိ..။
အဲ့ ပွဲတော်ရက်မှာ အဲ့ သူကြီးသားက သူ့ ကြက်ကြီးကို အိမ်ထဲ ညမသိပ်ပဲ သူ့ အိမ်ရှေ့ က လူ နှစ်ရပ်နီးပါး မြင့် တဲ့  ဗာဒံ ပင်ပေါ်မှာ ကြိုးလေးချည်ပြီး ညသိပ်ပါရောဗျာ.. အဲ့ လို ညသိပ်ပြီး သူက သူ့ ရီးစားနဲ့  ပွဲတော်ထဲ လစ်နေတာကိုး....အဲ့ မှာ ကျနော်တို့ က သူ့ ကြက်ကြီးကို ဘယ်လို ရစ်ရမလဲလို့  စောင့် ကြည့် နေတာနဲ့  အတော်ပဲ ဖြစ်သွားတော့် တာပေါ့  သူက သူ့ ရီးစားနဲ့  ပထမညမှာ သူ အိမ်ကထွက်ချိန် အိမ်ကို ပြန်ဝင်ရချိန် စောင့် ကြည့် လိုက်တော့  ည သန်းခေါင်ကျော်လောက်အထိ ပွဲခင်းထဲနေတာ သတိထားမိလိုက်ပြီး သူ့ အိမ်က လူကြီးတွေက ည ၁၀နာရီမထိုးခင်ကို အိပ်ယာ ၀င်ကုန်တာ သတိထားမိတယ်ပေါ့ လေ..
ပြီးတော့  လမ်းထဲ့  ဖြတ်သွားတဲ့  လူတွေ နဲ့  လမ်း လူခြေတိတ်ချိန်က ည ၁၁ နာရီလောက်ဆို လူခြေတိတ်ပြီး လူဖြတ်သွားတာ သိပ်ကျဲ သွားလေ့ ရှိတယ်ဆိုတာ သတိထားမိကြတယ်ပေါ့ ဗျာ...
အဲ့ လို စောင့် ကြည့် ပြီး ဒုတိယည လပြည့် ညမှာတော့  ကျနော်တို့  လမ်းလူငယ် ငါးယောက် ခြောက်ယောက်လောက် တိုင်ပင်ကြတော့ တာပေါ့  တိုင်ပင်တာက ဗာဒံပင်ပေါ် ကြိုးချည် ပြီး ထားခဲ့ တဲ့  ကြက်ကြီးကို ဖမ်းသမဖို့ ပေါ့ လေ... ( အမယ် သူကြီးသားကို မေတ္တာရှိကြပုံက ချက်ချင်းသဘောတူကြသဗျ ခိခိ) ( အဲ့  ကြက်ကလည်း အမြင်ကပ်စရာကောင်းတာက ကလေးဆို အသားလွတ် လိုက်ဆိတ်တတ်သလို အလကားနေရင်း ထထတွန်တတ် လူတွေကို သခင့် အားကိုးနဲ့  ရန်လို ဒေါင့် မကျိုး ပေစောင်းစောင်းနဲ့  ကြည့် တတ်တဲ့  ကြက်ကြီးလို့  ကျနော်တို့ က မြင်နေပြီး သူကြီးသားကိုရော အဲ့  သူ့ ကြက်ကြီးကိုပါ ချဉ်နေကြတာမျိုး အဟီး )
အဲ့ မှာ လပြည့် ညမှာပေါ့  ပွဲတော်ရဲ့  အစည်ကားဆုံးညပေါ့ လေ... သူကြီးသားနဲ့  သူ့ ရီးစားက အဲ့ နေ့ ကြမှ ည ၈ နာရီကျော်လောက်ထဲက ပွဲတော်ထဲ လစ်သွားရော သူ့ အိမ်က လူကြီးတွေက ၁၀နာရီလောက်တင် တံခါးပိတ်ဂျိတ် မီးမှိတ် အိပ်ယာ စောဝင်ကြရောဗျား...ကြက်ကြီးက ဗာဒံပင်ပေါ် ညသိပ်တင်ထားခဲ့ ရောဗျား ( အဲ့ ကြက်ကြီးက ဘယ်လောက်အမြင်ကပ်စရာကောင်းလဲဆိုရင် ကြိုးတောင်ချည်စရာမလိုဘူး သူ့ သခင် တိုက်ခန်းနား လူကပ်လာရင် ထတွန်ချင်တွန်နေတာမျိုး....တစ်ခြားအချိန်တွေဆို အဲ့ ဗာဒံပင်ကိုင်းကြီးမှာ ငိုက်နေတာမျိုး....ခိခိ
အဲ့ မှာ အဲ့  ကြက်ကို သမဖို့  အကြံရတော့တာပေါ့ လေ..၊ ညကြီး ၁၁ နာရီကျော်လောက် လမ်းထဲ လူခြေတိတ်ချိန်ပေါ့  ..လူသွားလူလာတွေ အကဲခတ်ပြီး. လမ်းသား လူငယ်တစ်ယောက်က ပုဆိုးကို ကွင်းသိုင်း အဲ့ ဗာဒံပင်ပေါ် တိတ်တိတ်လေးတက်သွားရော ကြက်ကြီးက အဲ့ အချိန် ဗာဒံပင်ကိုင်း အလ်ာလေးမှာ ၀ပ်ပြီး ငိုက်နေပြီ..၊ အဲ့ မှာ အဲ့  ဗာဒံပင်ကိုင်းပေါ် ရောက်တာနဲ့  အဲ့ လမ်းသား လူငယ်လေးက အဲ့ ကြက်ကြီးကြီးရဲ့  ခေါင်းကို ဖြတ်ကနဲ ဖမ်းနှိမ်ဖိဆုပ် ကြက်ရင်ဘတ်အောက်ထဲ လည်လိမ်ပြီး ဖိနှိမ် လိုက်ပြီး အတောင်ပံ နှစ်ဖက်ကို လှန်ချိုးထားရင်း ကွင်းသိုင်းလာတဲ့ ပုဆိုးထဲ လုံးထွေး ပတ်ထည့်  ချီတုတ် လိုက်ပြီး ဗာဒံပင်အောက်က စောင့် နေတဲ့  နောက်လမ်းသား သူငယ်ချင်းတွေဆီ ပစ်ချလိုက်ရော....အောက်က အဆင့် သင့် စောင့် နေတဲ့ လမ်းသားသူငယ်ချင်းတွေက ဖမ်းပြီး တဖုံးဖုံးနဲ့ သုံးလေးချက်လောက် ခပ်အုပ်အုပ်လေး ကြက်ကျော်ကုန်းကို ထုလိုက်တော့  ပထမ တကွပ်ကွပ်နဲ့  အသံထွက်နေသေးတဲ့  ကြက်သံက ငြိမ်ကျသွားရောပေါ့ လေ....အဟီး...
အဲ့ မှာ ကြက်ကြီးကို ရပြီဆိုတော့ လမ်းထိပ်က မှောင်ရိပ်ကျတဲ့ လမ်းကြားကို လစ်ကြတော့ တာပေါ့ ဗျာ.. လမ်းထိပ်က လမ်းကြားမှောင်ရိပ်မှာ အဲ့ က ညနေစောင်း ဆိုင်သိမ်းသွားတဲ့  ဈေးဆိုင်က မီးဖိုလေးကို ယူ သစ်တိုသစ်စတွေနဲ့  မီးမွှေး ကြက်မွှေးတွေကို ရေနွေးမဖျော်ပဲ အဆင်ပြေသလို လက်တွေနဲ့ လျှောက် နှုတ် ( အမွှေးက မစင်ဘူး...ဟီးဟီး ) လမ်းသား တစ်ယောက်က သူ့ အိမ်က သယ်လာတဲ့  ဓားတစ်ချောင်းနဲ့ မခုတ်တတ် ခုတ်တတ်တဲ့  ရင်ခွဲ ကလီစာတွေ ထုတ် လျှောက်ခုတ် မွှန်းပြီး ဒီအတိုင်းကြီး ကြက်ကောင်လုံးကင် ဆိုပြီး မီးဖုတ်ကြတော့ တာပါပဲဗျာ.( ကင်တာထက် မီးဖုတ်တာလို ဖြစ်နေတာ...ငိငိ )
ညသန်းခေါင်နားနီးလားလို့  သူကြီးသားပြန်လာမှာနဲ့  တိုးမှာစိုးလို့  ကြက်မီးဖုတ်ကို လျှောက် ဖိကြည့် ပြီး တော်တော်လေး ပူ ညှော် မွှေးတေးတေး အနံ့ လေး ထွက်လာတာကိုပဲ ဟေ့  ကျက်ပြီဟ ကျက်ပြီဟ ဆိုပြီး အဲ့  ပူပူနွေးနွေးပဲ ရှိသေးတဲ့  ကြက်မီးဖုတ်ကြီးကို ၀ိုင်းဖဲ့  စားပစ်လိုက်ကြတာ...ငွှား...ကောင်းမှကောင်း.ပဲ.....ကြက်က အထဲက မကျက်သေးဘူး သွေးစ သွေးနတွေက ကျန်သေးတာ...ဒါပေမယ့်  ခပ်ချဉ်ချဉ်သူကြီးသားရဲ့ ကြက်ကြီးကို အထိတ်အထိတ်အလန့် လန့် နဲ့  ပျော်ကလည်းပျော်နဲ့  ခိုးစားရ လို့ လားမသိဘူး အဲ့ ကြက်မီးဖုတ်က စားလို့  အရမ်းကောင်းဗျာ အဟီး...လောက်တောင် မလောက်ချင်ဘူးဖြစ်သွားတယ်....ခိခိ..
သူကြီးသားကို အမြင်ကပ်တာနဲ့  သူ့ ကြက်ကြီးကို ဗာဒံ ပင်ပေါ်ကနေ ခိုး သမပြီး ၀ိုင်းဖဲ့ စားပစ်လိုက်ပြီး ကြက်မွှေးတွေပါ ဖွက်ပြီး...ပွဲခင်းထဲ လျှောက်လည်နေလိုက်တော့ တာပေါ့ လေ အဲ့ လပြည့် ညက အချင်းချင်းတွေ တစ်ယောက်မျက်နျာတစ်ယောက်ကြည့် ပြီး ရယ်ကလည်းရယ်ချင် ပျော်ကလည်းပျော်ပေါ့ လေ...အဟီး...
သူကြီးသားက ချက်ချင်းမသိသေးဘူး မနက်မိုးလင်းမှ သူ့  တိုက်ကြက်ကြီး ဗာဒံပင်ပေါ်မရှိတော့မှ တွန်သံမကြားရတော့မှ သူ့ ကြက်ကြီး မရှိတော့ မှန်းသိတော့ တာ။ အဲ့ မှာ သူ့ ကြက်ကြီးကို လိုက်ရှာရင်း နောက်တော့ အထာပေါက်သွားပြီး ဒေါတွေ ခွီးချက်က ရယ်ရတယ်...ဟယောင်တွေနော် ငါ့ ကြက်ကြီးပျောက်သွားတာ ဘယ်ကောင်တွေ လက်ချက်လည်း ဆိုတာ ငါသိတယ်နော် ဘာညာတွေနဲ့  လမ်းထဲ ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်နဲ့  လျှောက်သာရမ်း အော်နေတာ လက်ဆုပ်လက်ကိုင် သက်သေပြစရာက မရှိဘူး ညက သူ့ ကြက်ကြီးကို ခိုးသမပြီး မီးဖုတ်စားတာ လမ်းထဲက ဘယ်ကောင်လေးတွေလည်း ဆိုတာလည်း လမ်းထဲက အတော် များများက ရိပ်မိပေမယ့်  သူ့ ကို ကြည့် မရတာနဲ့  သတင်း မပေးပဲ သူကြီးသား ပေါက်ကွဲနေတာ အိမ်ထဲက ထိုင်ကြည့် ပြီး ဟားနေကြတော့ တာပေါ့ ဗျား...
တစ်ခါက တန်ဆောင်တိုင် လပြည့် ည ကြက်မီးဖုတ်စားပွဲလေးအကြောင်း အမှတ်တရပါ....အဲ့ တုန်းက ၁၀တန်းနှစ်ကျ ၁၈ ၁၉ လောက်တော့ ရှိပြီ..ခုတော့ အဲ့  သူကြီးသားလည်း အိမ်ထောင်တွေဘာတွေကျ သားသမီးတွေရ ဘုရားဒကာကျောင်းဒကာတွေဖြစ်လို့ လမ်းလူကြီးအဖွဲ့ ဝင်တောင်ဖြစ်လို့ ပေါ့  လမ်းသားတွေ အတော်များများက ခုထိ ဒီလမ်းကို မခွာရက်နိုင်အောင် မျိုးဆက်လိုက်နေနေခဲ့ ကြတာလည်း အတော်တော့် ထူးဆန်းပါ့ ပါပဲဗျား တစ်ခြားနေရာမှာ အိမ် ခြံတွေဝယ်ထားပေမယ့်  ဒီလမ်းလေးထဲပဲ ဆက်နေပြီး မခွာရက်နိုင် သံယောဇဉ်တွေ ဖြစ်နေတာမျိုးရယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..