Powered By Blogger
Wednesday, December 7, 2016
ဘာရယ်ညာရယ်မဟုတ်ပုံပြင် 😁
ဘာရယ်ညာရယ်မဟုတ်ပုံပြင်    😁
-----------
အဲ့ ဖားကန့် မှာကျလာတဲ့ ဘာကြီးမှန်းမသိ အတော်ကြီးတဲ့  ဂြိုလ်တုဖင်လိုလို လူစီးဂျက်လေယာဉ်ကြီးက အင်ဂျင်ကြီးလိုလို နဲ့  တူတဲ့ အစိတ်အပိုင်းကြီးက ပထမဆုံးထင်ကြေးမှာ လေယာဉ်တစ်စင်းက အင်ဂျင်တစ်လုံးလိုလိုဘာလိုလိုပေါ့ ၊ နောက်တော့  လေယာဉ်ကြီးတစ်စင်းက အဲ့ လောက် အင်ဂျင်ကြီးတစ်လုံးလုံး ဖားကန့် မြေပေါ်ပြုတ်ကျလာမယ်ဆိုမှတော့  အဲ့ လေယာဉ်ကလည်း အဲ့ ဒေသတစ်ဝိုက်မှာပဲ ပျက်ကျသွားတာ ကြိမ်းသေပေါက်ကြားရတွေ့ ရမှာပေါ့ ဆိုတဲ့  ဆင်ခြင်ဖြစ်လာတော့  ဒါဟာ လေယာဉ်တစ်စင်းက အင်ဂျင်တစ်လုံးတော့ မဟုတ်ဘူးဆိုတာ ငြင်းပယ်တဲ့  ဆင်ခြင်တစ်ခု ဖြစ်လာတယ်  သွားစစ်ဆေးစရာ မလိုခင်ကို အဖြေထုတ် ကောက်ချက်ဆွဲချက်က အတော်ယုတ္တိကျတဲ့ ဆင်ခြင်တစ်ခုပေါ့   အတွေ့ အကြုံသိတွေကို အခြေခံတဲ့  ဆင်ခြင်မျိုးပေါ့ လေ..   :P  😁
နောက်တော့  သိပ်မကြာပါဘူး  ကမ္ဘာပတ်လမ်းကြောင်းထဲမှာ  ကမ္ဘာကို ပတ်နေတဲ့  ထောင်သောင်းချီရှိနေတဲ့  ခေါင်းစဉ်မျိုးစုံနဲ့  ဂြိုလ်တုတစ်လုံးလုံး ကမ္ဘာပတ်လမ်းကြောင်းထဲ မြေပြင်ထိမ်းချုပ်မှု့ ကနေ
လွတ်သွားပြီး နိမ့် ဆင်းပျက်ကျလာရာက အဲ့ က အစိတ်အပိုင်း တစ်ခုခု ဖြစ်နိုင်တယ်ဆိုတဲ့  ကောက်ချက်တစ်ခုခု ထပ်ပေါ်လာတယ်  အဲ့ မှာလည်း သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အကာသသိပ္ပံပညာ ကျွမ်းကျင်သမားတွေဖက်ကပြောလာတာမျိုးဖြစ်ပြီး ယုတ္တိကျချက်က အဲ့ လို ဂြိုလ်တုတွေမနဲမနော ကမ္ဘာပတ်လမ်းကြောင်းထဲ ပျက်လည်းမကျ သုံးစားလို့ လည်းမရတော့ တာတွေ တစ်ပုံချည်းပဲတဲ့  ဒါကို အကာသအမှိုက်ပုံလို့ ခေါ်သတဲ့  အဲ့ အမှိုက်ပုံကြီးကလည်း  သိပ္ပံသမားတွေအတွက် အတော်ကြီးမားတဲ့ ပရော်ဘလန်ကြီးဖြစ်နေပြီး  အဲ့  ဂြိုလ်တုအစုတ်ပလုပ် အမှိုက်တွေကို ဘယ်လို ရှင်းပစ်ရမလဲဆိုတဲ့ နည်းလမ်းအတွက်ကလည်း အတော် အုံးစားနေကြတယ်လို့ ဆိုတယ်
အကာသအမှိုက်တွေကို ရှင်းပစ်ဖို့ နည်းလမ်းတစ်ချို့  တွေးမိတာတောင် နည်းပညာအတွက် ကုန်ကျစားရိပ်က အတော်ကြီးသတဲ့  အဲ့ လို  အာကာသအမှိုက်ပုံထဲက ဂြိုလ်တုအစိတ်အပိုင်းနဲ့  တူသလိုလိုဘာလိုလိုပေါ့ လေ...ဒါလည်း ရှေ့ ကဖတ်ဖူးတဲ့  ဗဟုသုတတွေ ခံပြီးတွေးလိုက်တော့   အင်း...ဒါလည်း  အတော်ယုတ္တိတော့ ကျသားပဲပေါ့ လေ.. ပုံတွေဘာတွေနဲ့ လည်း .ဒါပေမယ့်  ဒီ ကောက်ချက်မှာကြတော့ 
အဝေးကနေတို့  ဓါတ်ပုံလေးလောက်နဲ့ တင်တို့ နဲ့  ဒါပဲဖြစ်ရမယ်ဆိုတာမျိုး ထောက်ခံလိုက်လို့  မဖြစ်တော့ဘူး  ဒါက ကိုယ်မကျွမ်းကျင်တဲ့  ပညာရပ် အမြင့်  နယ်က ကိစ္စတွေဆိုတော့  ကျွမ်းကျင်ပညာရှင်တွေ ရဲ့  လက်တွေ့ ကျကျက  ကိုင်တွယ် စစ်ဆေး ဆုံးဖြတ်ချက် မှတ်ချက်က လိုပြီပေါ့ လေ....  😁
အဲ့ မှာ ကြားဖြတ် အတွေးလေးက ဇော်ဝင်းရှိန်ရဲ့ သီချင်းတစ်ပုဒ်ထဲက (ပိုင်ရှင်လားမသိဘူး မေ့ တေ့ တေ့ ) စာသားလေးတောင် သတိရလိုက်သေးတယ်  သူ့ သီချင်းထဲမှာ  ''' မြို့ ထဲက လမ်းမတွေပေါ်မှာ ကားရောင်စုံတွေ တစ်ပုံတစ်ခေါင်းချည်းရှိနေတာတဲ့  အဲ့ လောက်များတဲ့  ကားတွေထဲကတဲ့   တစ်စီးတစ်လေလောက်တောင် ကိုယ်မပိုင်ပါ တဲ့  '''   😁 အို...၀မ်းနည်းစရာ ဘေဘီ...ပဲ ခ်..အဲ့ လိုဖြစ်နေပြီလို့   သူများတွေ လွှတ်တင်ထားလို့  ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်နေတဲ့  ဂြိုလ်တုတွေ တစ်ပုံကြီးက အကာသအမှိုက်ပုံလိုဖြစ်နေပြီလို့ တောင် တင်စားပြောနေချိန် ခေါင်းစားနေချိန်  ကိုယ့် နိုင်ငံက အဲ့ အမှိုက်ပုံဆိုသဟာထဲက ဂြိုလ်တုအပျက်လေး တစ်လုံးတစ်လေတောင် မပိုင်ပါလားလေ. ....အို..သနားစရာ ဂျွန်..ခိခိ.. အဟီး.။.
အဲ ဂြိုလ်တုပျက်တစ်လုံးက အစိတ်အပိုင်းလိုလို ဘာလိုလိုကနေ  အဲ့  အစုတ်ပလုပ် အစိတ်အပိုင်းမှာ သွာသို့ တိ ဘူးသီးငါးပေါင်းကြော် စာတစ်ချို့ နဲ့   သိုးဆောင်းပါးမုံ့ လူမျိုးတွေရဲ   ဒိန်းဂျား ဆိုတဲ့ စာအက္ခရာတွေပါ တွေ့ လိုက်ရတော့   အဲ့ မှာ စစ်လက်နက်ဆိုင်ရာလေ့ လာသူ ကျွမ်းကျင်သူတွေက ဒီ ဖားကန့် က ဘာကြီးမှန်း မသိဆိုတဲ့  ပလုံပလန်မှာ ၀င်ချလာပြန်ရောဗျာ...၊  သူတို့ တွေလည်း အဲ့ ဘာကြီးမှန်းမသိကို လွှတ်စိတ်ဝင်စားပုံရတယ်  ကျမ်းကိုးတွေလည်း အတော်လှန်လိုက်ရ    ဂူဂဲလ်လည်း နေရပုံမပေါ်ပါဘူး..အပီ လေ့ လာလိုက်ပြီးတော့ နိုင်ငံတကာ တိုက်ချင်းပစ်  ညူးကလီယားထိပ်ဖူးတတ် ဒုံးပျံတွေရဲ့  ပုံတွေ  နှိုင်းယှဉ်ချက်တွေ အများကြီးနဲ့  ကောက်ချက်တွေ ခန့် မှန်းချက်တွေ ထွက်လာပြန်ရောဗျာ....သူတို့  ခန့် မှန်းချက်က  ဒါဟာ အိမ်နီးချင်း သွာသို့ တိ နိုင်ငံက စမ်းသတ်ပစ်လွှတ်တဲ့  အနုမြူထိပ်ဖူးတပ် ဒုံးပျံတစ်စင်းက အစိတ်အပိုင်းဖြစ်နိုင်တယ်ပေါ့ လေ..ဒါမျိုးနဲ့  ဆင်တူယိုးမှားဆိုတာ ဘယ်နိုင်ငံ ဘယ်နိုင်ငံတွေမှာပဲ ရှိတယ်.ဘာညာတွေလည်းပါတယ်... ဟုဟု ပေါ့  ဒါလည်း ကောက်ချက်အတွက်တင်ပြချက် သက်သေပြချက်တွေက
ကျနော်တို့ လို စစ်လက်နက်ပစ္စည်းဆန်းဆန်းလေးတွေဆို လှလိုက်တာလောက် ဗဟုသုတလေးရှိတဲ့  ပါချီပါချက်လေးတွေအတွက် အတော့် ကို ယုတ္တိကျနေပြန်ရောဗျာ...အင်း  ..ဒါလည်း ဖြစ်နိုင်တာပဲဟ..ပေါ့ လေ.. 😁
အဲ့ လိုတွေခန့် မှန်းနေကြရင်းက အဲ့  ဘာမှန်းမသိတဲ့ ဟာကြီးကို သေခြာစစ်ဆေးဖို့  ဖားကန့် မြေပေါ်ကနေသယ်သွားပြီတဲ့ ..ငင့် ....အဲ့ မှာ ဇာတ်ထုတ်က ပြီးပြီပေါ့ လေ..အဲ .အဲ့ မှာ မပြီးတပြီးဖြစ်နေတာက နိုင်ငံတကာ စစ်လက်နက်လေ့ လာသူတွေတစ်ချို က ဒါကြီးက ဘူးသီးငါးပေါက်းကြော် စာတွေပါနေချက်အရ  ဟိုအိမ်နီးချင်း သွာသို့ တိ နိုင်ငံက ဒုံးကြီးဖြစ်ဖို့ ပိုများတယ်  ဒီလောက် လက်ဆုပ်လက်ကိုင်တွေ့ နေရတာတောင်
သင်းတို့ က ခုထိ ၀န်မခံသေးဘူး ကြေငြာချက်မထုတ်ကြသေးဘူး  တာဝန်ယူမှု့  တာဝန်ခံမှု့ မရှိကြဘူး  ငတို့ နိုင်ငံက ဘာလေးက  သင်းတို့ ဖက်ကို ဟိုတစ်ခါက ဘာညာလေးကျလို့ ဆိုတော့  ချက်ချင်း လျော်ကြေးတောင်းတယ်  ဘာညာတွေ ပေါက်ကွဲပေါ့ လေ....အင်း ..ဒါလည်း ဟုတ်တာပဲ...ဒါကြီးက  အကယ်၍များ အနုမြူ ရေဒီယို သတ္တိကြွတွေများ ပါနေရင် အဲ့ နားကလူတွေ အာ့ ကြီးကို သွားစပ်စုတဲ့ လူတွေ  အကာအကွယ် ၀တ်စုံတွေမပါပဲ တောင်ကိုင်ကြည့် မြောက်ကိုင်ကြည့် လူတွေ ခုလောက်ဆို ရေဒီယိုသတ္တိကြွ အဆိပ်တွေ သင့် ကုန်လောက်ပြီ ဘာညာတွေလို့ ဆက်တွေးမိတော့ တာပေါ့ ဗျာ....လက်နက်ကျွမ်းကျင်သမားတွေက  တိုက်ချင်းပစ် ညူ့  ဒုံးကျည်ကြီးလိုလို ဆိုတာကိုး... 😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..