'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
လေးဘီးကားသမားဘ၀မှာ....(၄)
လေးဘီးကားသမားဘ၀မှာ....(၄)
---------------------
ကားဆွဲရင်း နှစ်ပေါက်နားနီးလာချိန်မှာတော့  အတွေ့ အကြုံတွေက အတော်များလာပြီပေါ့  ၊ မကြာခင် ၈၈ အရေးအခင်းကြီး ဖြစ်လာတော့ မယ့် အချိန်နားလည်း ကပ်လာပြီပေါ့ လေ ၊ အဲ့ မတိုင်ခင်မှာတော့  လူအများစုက စီးပွားက စပြီး အနှုတ်ပြလာနေခဲ့ ပြီ. အစိုးရကို မကောင်းကြောင်းပြောတဲ့  သူတွေလည်း များလာခဲ့ ပြီ အဲ့ အထဲမှာ လမ်းပေါ်ကလူတွေ အများစုနဲ့ နေ့ တိုင်းထိတွေ့ ဆက်ဆံနေရတဲ့  ကားသမားတွေလည်း ပါတယ်ပေါ့ ၊ ဥပဒေလိုလို အမိန့် လိုလိုတွေကလည်း သိပ်များလာတယ် အကောင်တွေနဲ့ အကောင့်  အနွယ်ဝင်တွေရဲ့  အကြောကြီးပုံတွေကိုလည်း အာရုံတွေနောက်လာပြီး..၊ အဲ့ အချိန်မှာ လေးဘီသမားတွေကို ဆီခွဲတမ်း ကပ်သပ်ပြီး အဲ့ ခွဲတမ်းကို ထပ်ချုပ်ထားတဲ့ သဘောနဲ့  မြို့ နယ်တွေမှာ လက်မှတ်ဝင်ဝင်ထိုးရတဲ့  အချိန်ထိမ်းရုံလေးတွေနဲ့  လွတ်လပ်နေတဲ့ အလုပ်ခွင်သဘောကို စပြီး ချုပ်ချယ်လာခဲ့ တယ် အဲ့ ကိစ္စကို လေးဘီးဆရာတွေက မကျေနပ်ဖူးပေါ့ လေ.
.( ဘာအမိန့် တွေ ဥပဒေတွေထုတ်လိုက်လိုက် ပတ်ရှောင်နည်းတွေ လာဘ်ထိုးနည်းတွေဆိုတာ ဖြစ်လာတာပါပဲ ဆီဆိုင်က ၀န်ထမ်းတွေတော့  ပန့် ကိုင်သမားတောင် ညနေစောင်းတွေမှာ မဒီလေးတွေရှိတဲ့  စားသောက်ဆိုင်တွေက စင်တင်ဂီတပွဲတွေမှာ တက်ဟဲ ပန်းကုံးစွတ်ပွဲတွေလုပ်ကြ မူးကြရူးကြ စမောလ်တွေဆွဲကြ နဲ့  သရုပ်တွေပျက်ပြီး ထောနေတဲ့ ခေတ်ဖြစ်နေတာပေါ့ လေ ...
ညငှက်တွေလည်း ပိုပိုပေါလာခဲ့ ပြီ ၊ တစ်ခါကဆို ညဦးပိုင်းမှ မမကြီးတစ်ယောက်ထဲ မြို့ ထဲကနေ ကန်တော်ကြီး ပတ်လမ်းကို ကားငှားစီးပုံက လမ်းတစ်လျှောက်ကို ဖြည်းဖြည်းပဲမောင်းခိုင်းလာတယ်. ပုံမှန်ထက် ပြင်ဆင်ထားတာရယ် ထောင်းထောင်းထနေတဲ့  ရေမွှေးနံ့ ခပ်ပြင်းပြင်းရနေတာရယ် ၀တ်ထားတဲ့  အထက်အောက်ကာလာတူ ၀မ်းဆက်အင်းကျီစတိုင်ရယ် ကိုင်ထားတဲ့  ပိုက်ဆံအိပ်ရယ်တွေနဲ့  ကားငှားတုန်းက ကြည့် တဲ့  မျက်လုံးအကြည့် တွေ အသံက တမင်ချိုအောင်လုပ်ပြောနေသံတွေကြောင့်  ဘာညာကြီးနဲ့ တူပါရဲ့ လို့  စိတ်ထဲမှာ ထင်နေမိတယ်ပေါ့ လေ... အဲ့ မှာ ကားခေါင်းထဲ ၀င်ထိုင် တော့  မောင်လေးက ကျောင်းပြီးပြီလား ဘာလားတွေမေးလာတော့  ဟုတ်ကဲ့ မမ တွေ ဘာတွေလုပ်ပြီးပြန်ဖြေနဲ့  လေပေးတွေဖြောင့် နေတာပေါ့ .
( အဲ့ အချိန် ကားကို သူမောင်းခိုင်းသလို ဖြည်းဖြည်း လေး အနှေးရထားလုပ်မောင်းကားခေါင်းခန်းပိစိလေးထဲ ထောင်းထောင်းထနေတဲ့ 
ရေမွှေးနံ့ ကို ရူပြီး ရင်က ခုန်နေတာ အဟိ) ...
အဲ့ မှာ သူက လမ်းကြောတွေ ဘယ်ကနေမောင်း ဘာညာတွေနဲ့  လမ်းညွှန်တော့ တာ...ကျနော်နဲ့ လည်း စကားတွေ အမျှင် မပြတ်ပြောနေတာ မောင်လေးက လူလွတ်လားတို့  ဘာတို့ တွေပါ ပါလာတယ် သူ့ အမည်ကတော့  ရှယ်လီ ပါတဲ့  ( အဲ့ မှာ စ လန့် သွားတယ် အဲ့ ရှယ်လီ ဆိုတဲ့ အမည်ကို သီချင်းမှာ စကြားဖူးထားသလို စင်တင်ကကောင်မလေးတွေ အင်းစိန်ဖက်က စော်ဘွားကြီးကုန်းဖက်က ထွက်ထွက်လာတတ်တဲ့  အဲ့ အချိန်က ခေတ်စားခဲ့ တဲ့  မြို့ ထဲက ကောင်မလေးတွေချည် စားပွဲထိုးလုပ် ဈေးအကြီးဆုံးဆိုတဲ့  အအေးမှ အတင်းမှာသောက်ခိုင်း ဘာလိုလိုညာလိုလို ကလီတီတီ ပြီတီတီလေးတွေ ပြောတတ်တဲ့ အအေးဆိုင်မှာ အလုပ်ဝင်လုပ်ပြနေတတ်တဲ့  ဘာညာသာရကာမလေးတွေ သူတို့ ကိုယ် သူတို့  ပေးထားတတ်တဲ့ အမည်မျိုးကြီး ဖြစ်နေတာ သတိထားမိတာပေါ့ ဗျာ.. အဲ့ ခေတ်က အမှည့် များတဲ့  ချယ်ရီ မေရီ ရှယ်လီ ဘို အမည်တွေမျိုးကြီး ဆိုတော့ လေ....ငိငိ)
စကားတွေသာ ပြောနေတာ အဲ့  ရှယ်လီဆိုတဲ့  မမကြီးရဲ့ မျက်လုံးက လမ်းဘေးကိုပဲ မျက်လုံးက ရောက်ရောက်နေပြီး အာရုံက တစ်ခြားလူတစ်ယောက်ယောက်ကို လိုက်ရှာနေသလိုမျိုးဖြစ်နေတာ ရိပ်မိလာတော့  စိတ်ထဲမှာ ဘယ်သူ့ ပစ္စည်းကြီးလဲ မသိ ဘဲကြီးတစ်ယောက်ယောက်ကိုများ ရှာနေသလားမသိတွေဘာတွေထင်လာပြီပေါ့ လေ...။ အဲ့ လိုမောင်းလာရင်း သိမ်ဖြူဖက်က မဆလာစက်မှတ်တိုင်နားရောက်တော့  ကားခဏရပ်ခိုင်းလို့ ရပ်ပေးလိုက်တော့  ကားမှတ်တိုင်မှာ သူနဲ့  အရွယ်တူ ဆိုဒ်တူ အမျိုးသမီး တစ်ယောက်ရပ်နေတဲ့ ဆီကို သွားပြီး တစ်ခုခု မေးနေတာတွေ့ လိုက်ရတယ် ကျနော်ကတော့  ကားပေါ်ကနေ ငုတ်တုတ်လေးပေါ့  နောက်တော့ ကားပေါ်ပြန်တက်လာပြီး ကန်ပတ်လမ်းက ကန်တော်ကြီးဝင်ပေါက်လမ်းကျယ်ကြီးရှေ့ မောင်းခိုင်းလို့ အဲ့ မောင်းပေးလိုက်ရတယ်..အဲ့  လမ်းကွေ့ အကျယ်နားမှာ သစ်ပင်ကြီးတွေ ရှိလို့  အမှောင်ရိပ်က ပိုများနေတဲ့ နေရာလေးပေါ့  ၊ အဲ့ အချိန်က တစ်ချို့ သမီးရီစားလေးတွေ ကားလေးတွေနဲ့ လာ ကဲကြတဲ့ နေရာလေးပေါ့ လေ ..
ကားရပ်ခိုင်းပေမယ့်  ကားပေါ်က မဆင်းသေးပဲ တစ်ခုခုကို တွေးနေသလိုလို စောင့် နေသလိုလိုလုပ်နေသေးပြီးမှ '' မောင်လေးက ဘယ်မှာနေလဲ တစ်ယောက်ထဲနေတာလား မမ ဒီည လိုက်အိပ်လို့ ရမလား '' ဆိုပြီး ထလုပ်ပါရောဗျာ....အဲ့ မှာ....''အာ....ကျနော် က မိဘနဲ့ အတူတူနေတာ အိမ်မှာ လူတွေအများကြီးပဲ အားတော့ နာတယ် ကျနော် ဒါတွေ ၀ါသနာမပါဘူးဗျာ..လို့  လန့် ပြီး ပြောချလိုက်တာ အသံက နဲနဲကျယ်သွားတယ်...လန့် ချက်က ကျွတ်ကိုနေတာ...အဲ့ မှ အာ့ ကြီးက '' တိုးတိုးပြောပါဟယ် ငါ့ မှာ ကားခပေးစရာ မပါလို့ ပါ ဒီည အလုပ် မဖြစ်သေးလို့ ပါဟယ် ''တဲ့ ....သေရော...ကားက
သူ့ လိုပဲ ည ၆နာရီလောက်ထဲက အိမ်ကထွက်လာတာ ၈နာရီလောက်ဖြစ်နေပြီ ဈေးဦးတောင် မပေါက်သေးဘူး...ဟီးဟီး...
အဲ့ မှာ ပိုက်ဆံမရတာ ကိတ်စနမရှိဘူး အာ့ ကြီး ကားထဲလာ အဖတ်တင်နေမှ မြွေခြောက်ကိုက်နေမှာ လို့  တွေးရင်း လန့် လာပြီး '' ဟာ အစ်မမှာ ကားခမပါလည်း ရတယ် ရတယ် ဒီမှာ ဆင်းနေလို့ ရတယ် ဒီနားကနေ ခဏစောင့် လိုက် တော်ကြာလောက်ဆို လူတွေလာတတ်တယ် '' လို့ ပြောပြီး ကားတံခါးကို သူ့ ရှေ့ က ရို့ ကျော်ပြီး ဖွင့် ပေးလိုက်တော့ မှ'' အေးအေး ကျေးဇူးပါပဲ မောင်လေးရေ နောက်နေ့ ညတွေ ကြုံရင် မဆလာစက်မှတ်တိုင်နားလာခဲ့ နော် ငါ့ မောင်က သဘောကောင်းတယ်..''' လို့  လုပ်ချသွားပြီး ဆင်းသွားပါရောဗျား.... အဲ့ တော့ မှ အဲ့  နားကနေ အမြန်လစ်ပေါလေ.....့ ....ဝေးဝေးရောက်တော့ မှ ကားပေါ်က မဆင်းပဲ ပေကပ်နေမှာဆိုလို့  လန့် ပြီး ပျံနေတဲ့  ဇောချွေးတွေ တိတ်သွားတော့ တယ် အဟီး...။
တက္ကစီသမားဘ၀တွေဆိုတာ တစ်ခါတစ်လေတွေမှာ ဒီလိုတွေလည်း ကြုံရတတ်တာပါပဲ ...တစ်ခုကောင်းတာက အဲ့ ခေတ်က ညဦးပိုင်း ထွက်ထွက်ဆွဲတဲ့ ကားသမားတွေဆီက ဓားထောက်လုတာ မျိုးတွေ အလွန်ဖြစ်ခဲပြီး အများဆုံးကြုံရတာက အမူးသမားအရစ်တွေ ကားပေါ် မူးမူးနဲ့  အန်ချတာမျိုးတွေ သာ အများဆုံးကြုံရတာမျိုးပါပဲ ကားခမပေးဘူးကွာ ဆိုတဲ့  ခရီးသည်မျိုး မကြုံရသလောက်ပဲ ။ မောင်းခိုင်းတဲ့  စမောအိမ်တွေဘာတွေကို မောင်းပို့  ခဏဆိုပြီး အိမ်ပေါ်တက်သွားတာ ၁နာရီလောက်ကြာမှ အိမ်ထဲကနေ ကောင်မလေးတစ်ယောက်က ခဏဆက်စောင့် ပေးပါလို့ ပြောခိုင်းလိုက်ပြီး ဘိလပ်ရေပုလင်းလေးတစ်ပုလင်းလာတိုက်ထား စိတ်ရှည်ရှည်နဲ့ ဆက်စောင့် ပေးနေရတဲ့ အဖြစ်မျိုးတွေလည်း ကြုံရတတ်လေ့ ရှိတယ်....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..