'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
''' အရိုးတီဘီဆေးလည်း သောက်ခဲ့ ရဘူးတယ်..''
''' အရိုးတီဘီဆေးလည်း သောက်ခဲ့ ရဘူးတယ်..''
--
လူရွှင်တော်သရုပ်ဆောင်တစ်ယောက် အရိုးတီဘီ ဖြစ်လို့ ဆေးရုံတက် ကုနေရတယ် ဆိုတဲ့  သတင်းတစ်ခု တက်လာတော့  ကျနော်ကိုယ်တိုင် ခါးရိုး အရိုးတီဘီ တစ်ခါက ဖြစ်ခဲ့  ဘူး ဆေးကုယူခဲ့ ရဘူးတဲ့ အဖြစ်ကို သတိရမိတယ်..
ညနေစောင်းဆို ကိုယ်ပူတက်လာနေမကောင်း သလိုလိုဖြစ် မနက်ဆိုအကောင်း အကုန်းအကွက အရင်လို ပုံမှန်မဟုတ် အစားအသောက်က ခံတွင်းပျက်လာကနေ ဆေးခန်းပြ ဆေးတွေလျှောက်စစ် ကနေ.
.ဆေးခန်းက ဆရာဝန်က သူ့  ဆေးပညာ သဘာ အလုပ်ကျွမ်းကျင်မှု့ 
အာရုံကနေ မသင်္ကာလာတာက တီဘီပိုးများ ရှိနေသလား....
အဲ့ မှာ သွေးစစ်လိုက်တော့  သွေးထဲက ထွေလီကာလီ ဓါတ်ပေါင်းစုံတွေက ပုံမှန်မဟုတ်ပဲ ပိုး တစ်ခုခု ရှိနေတဲ့  လက္ခဏာ သွေးအဖြေမှာပေါ်လာပါရော...။ စပြီးဆေးခန်းပြစက ခါးနာနေတာတော့ ကြာပြီလို့  ကျနော့် အပြောအရ ခါးပိုင်းတွေကို ဓါတ်မှန်ရိုက်တော့  ခါးအရိုးအဆစ် နံပတ်ဘယ်လောက်နဲ့ ဘယ်လောက်ကြားမှာ ပိုးစားပြီး ပါးသွားနေသတဲ့ ....ဒီတော့  သွေးအဖြေနဲ့ ခါးရိုး ပေါင်းလိုက်တော့  အရိုးတီဘီ
တော့ ဖြစ်နေပုံရသတဲ့ ...အဲ့ မှာ တီဘီဆေးတော့  စားဖို့  လိုပြီတဲ့ ...
သူငယ်ချင်း ဂျီပီဆရာဝန် ရဲ့  ခန့် မှန်းချက်က မိုးကြိုးသံလိုပဲ ...ကြာဖူးနားဝ တွေ စာသံပေသံတွေအရ အရိုးတီဘီဆို မချောင်ဘူး အဲ့ ကနေ အရိုးကင်ဆာတွေ ဆက်ဖြစ် အောက်ပိုင်းတွေသေ အဆင်မသင့် ရင် ငါးဖယ်လူး လူးပြီး မချိမဆန့် နာကျင်ရင်း ဂန့် တတ်တယ်ဆိုပါလား...
သူငယ်ချင်းဆရာဝန်ကတော့  စိတ်ရှည်လက်ရှည်နဲ့  ရှင်းပြပါတယ် အချိန်မှီသေးတယ် အရိုးကင်ဆာဖက် မရောက်သွားသေးပါဘူး အနဲဆုံး ၉ လလောက်တော့  နေ့ စဉ် တီဘီဆေးစားရင် ပျောက်နိုင်ပါသတဲ့ ..
အသက်နဲ့ ယှဉ်လာတဲ့ သဘောရော သူငယ်ချင်းဆရာဝန်ရဲ့ အဆုံးအဖြတ်ကို ယုံကြည်တဲ့  သဘောအရ မထူးဘူး စွန့် စားကြည့် မယ် သဘောက
တီဘီဆေး စားဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့ လေ..၊
သူ့  ဆေးပညာအရ တီဘီ ဆိုတာ ဘော်ဒီထဲမှာ နေရာစုံမှာ ဖြစ်နိုင်ပါသတဲ့  ခြေမ အဆစ်လေး ယောင်နေတာတောင် တီဘီပိုးကြောင့်  လည်းဖြစ်နိုင်ပါသတဲ့ ...ဟုဟုပေါ့ လေ..ဒါတွေက ကိုယ် ကျွမ်းကျင်တဲ့ လိုင်းမှ မဟုတ်ပဲ .ကိုယ်မကျွမ်းတဲ့ လိုင်းကို ကျွမ်းကျင်တဲ့ ဆရာ သခင်တွေကို ဆရာတင်ရမှာပေါ့ လေ နော့်  အဲ့ လို ဗဟုသုတထွေလီကာလီတွေ ရပြီးသကာလ..တီဘီဆေးတွေ စားရရောဆိုပါတော့  ကိုယ်မှ အလွယ်တကူမသေချင်သေးလေကိုနော့် ..
ဆေးစစားချိန် တစ်ပတ်အတွင်းမှာ လူဟာ ဆေးပြင်းလွန်းလို့  ဘော်ဒီအပူလောင်တဲ့ ဒဏ်အတော်ခံရတယ်...။ အဲ့ တုန်းက တီဘီဆေးဆိုတာ တစ်နေ့ မှ တစ်ကြိမ် မနက်အစော အစာမစားခင် တစ်ပြိုင်နက်ထဲသောက်ရတာ ( ၁၁) လုံးလောက်ရှိမယ်ထင်တယ် ကျနော်ကတော့  တင်စားပြောခဲ့ တာ ဟားးး သောက်ရမယ့်  ဆေးလုံးတွေကလဲ လက်ခုပ်ကြီးနဲ့  အပြည့် ပါလားပဲ...
သောက်ပြီး ရင်ပူဝမ်းဟာချက်က ပြောမပြတတ်အောင်ပါပဲ လက်တွေဆိုတာဆာလွန်းလို့  အရက်သမား အရက်ဖြတ်သလိုကို တုန်နေတာမျိုး.....အဲ့ မှာ သူငယ်ချင်း ဆရာဝန်ရဲ့  အကြံပေးချက်က အဲ့ လို ဆေးသောက်ပြီး နာရီဝက်အတွင်း သိပ်ဆာသလိုလို ဖြစ်လာရင်ငှက်ပျောသီးဖီးကြမ်းအမှည့် တွေ စားလိုက် ကြက်ဥတွေစားလိုက်တဲ့  ကွေကာအုပ်တွေ သောက်လိုက်တဲ့ ......ဟုဟု ပေါ့ ..။
သူပြောသလို လုပ်ပေမယ့်  ခဏတော့  ရင်အပူ သက်သာသွားတတ်ပြီး ဒါပေမယ့်  ၂ ပတ်အတွင်းတော့  လူဟာ အရမ်းပိန်ကျသွားပြီး စိတ်တွေတောင် ဂယောင်ခြောက်ခြားဖြစ် စိတ်တွေ တိုနေပေါ့ လေ..
နှာခေါင်းအနံ့ ခံရတာ မကောင်း ခံတွင်းတွေပျက် အဖြူထည် ထမင်းဟင်းဆံပြုတ်တွေတောင် ဘာကိုမှစားချင်မရှိတော့ လို့  အရေဆို နှာခေါင်းပိတ် မြိုသာချ အဖတ်လည်း မြိုသာချ အဖြစ်နဲ့ ပေါ့ ..
အဲ့ အချိန် အမေမရှိတော့ ဘူး အဲ့ မှာ အမေ့ ကို သတိတွေရ အားတွေငယ် လွမ်း မျက်ရည်က ကျ ဖြစ်ခဲ့ ရသေးတယ် )
စိတ်ဂယောင်ခြောက်ခြား ဖြစ်သွားချက်က သူငယ်ချင်းဆရာဝန်ကိုတောင် စိတ်ထဲက ဆဲ နေမိတဲ့ အဖြစ်ရောက်ခဲ့ တယ်...ဒီကောင် ရောဂါ သတ်မှတ်တာ မဟုတ်ဘူးနဲ့ တူတယ်တွေ ငါတော့  ရောဂါနဲ့ မသေပဲ
ဆေးဒဏ်ပိ သေတော့ မှာပဲတွေ နဲ့ ပေါ့ ... ( လူကလဲ ဆေးစသောက်မှာ ဆေးမသောက်ခင်က သိပ်မနာသေးဘူး ထင်ရတဲ့  ခါးက ပိုနာလာသလိုလိုနဲ့  လှုရခက် ပြုရခက်နဲ့  အိပ်ယာထဲ ပက်လက်လေးငြိမ်နေရတဲ့ ဘ၀ရောက်တော့ တယ် )
တစ်လလောက်ဆေးစားသက်လေးရလာမှ အရင်ထက် နေလို့ ထိုင်လို့ ကောင်းလား ပေါ့ ပါးလာ ဖြစ်တော့ တယ်. (ကြားထဲတော့  သွေးစစ်တာ ခဏခဏ တော့  လုပ်ရတယ် သွေးထဲ တီဘီပို ရှိသေးမရှိသေးပေါ့ လေ) အဲ့ တုန်းက သွေး အဖြေနဲ့  ခါးဓါတ်မှန်နဲ့  အရိုးတီဘီလို့  ဆုံးဖြတ်ဆေးသောက်ခဲ့ ရတာ တံတွေးစစ်ချက်တွေ အဆုပ်တွေကတော့  အားလုံးကောင်း ဘာပိုးမှမရှိတဲ့  )
ဒေသန္တရမှာ တီဘီဆေး လျှောက်ပြီး ရလွယ်ပေမယ့်  အပြင်ဆေးခန်းနဲ့ ပြ ကိုယ့် ဟာကိုယ် အပြင်က နေ ၀ယ်သောက်ခဲ့ လိုက်တယ်ပေါ့ လေ...( အဲ့ တီဘီဆေးကို အကြာကြီး သောက်ခဲ့ ရပြီး မလိုတော့ ဆိုတဲ့ အချိန်မှာတော့  လူဟာ ၀ တက်လာတော့ တယ်.. ဘယ်အဆစ်နဲ့  ဘယ်အဆစ်ကြားက အရိုးလေး ပြားစားသွားတယ်ဆိုတာတော့  ပြန်ကောင်းလာတယ်ဆိုတာမျိုးတော့ မရှိပါဘူး ဆက် မပြား ဆက်မစား အရိုးကင်ဆာ အဆင့် ထိ မဖြစ်တော့ ဘူးဆိုတဲ့ သဘောအထိပေါ့ လေ..
အတွေ့ အကြုံ သင်္ခန်းစာကတော့  တီဘီဆေး အပူဒဏ်က အတော်ပြင်းတယ် နောက်က တွတ်တီးလိုက်နိင်ပေးမှ့  ဆေးဒဏ်ကို ခံနိုင်ရည်ရှိမယ်ပေါ့ လေ. နို့ မို့  ဆေးဒဏ်ပြင်းလို့  မစားနိုင်မသောက်နိုင်နဲ့  အာဟာရပြတ်ပြီး ဂန့် လွယ်နိုင်ပါလားပေါ့ လေ..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..