'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
အမား...(၁) (၂) (၃)
အမား...(၁)
---
အ၀တ်လျှော်စက်တွေ အိမ်မှာ သုံးတာကြာလာပြီ.... လူသက်သာတာတော့  ငြင်းမရတာအမှန်ပါပဲ....ဒါပေမယ့်  အ၀တ်လျှော်စက်က စကားမပြောတတ်ဘူး...
အ၀တ်လျှော်စက်တွေ မတိုင်ခင်က အိမ်မှာ နေ့ တိုင်းလာ တအိမ်လုံးရဲ့ အ၀တ်တွေကို လျှော်ဖွတ်ပေးရင်း အိမ်သားတွေနဲ့  ကျနော်တို့ ကလေးတွေနဲ့  စကားစမြည် ပြောခဲ့ ကြတဲ့ .အ၀တ်လျှော်ရင်း ကျနော်တို့ ပူဆာလို့  ကုလားကားတွေထဲက သီချင်းတွေ ဆိုပြခဲ့ တဲ့  အမားကို လွမ်းတယ်..
အဲ့ အမားကြောင့် ပဲ..အ၀တ်လျှော်မပျက် ကျနော်တို့ ကလေးတွေကို အမားဆိုပြတဲ့  ကုလားကားတွေထဲက ရုပ်ရှင်သီချင်းတွေအိန္ဒိယရဲ့  ယဉ်ကျေးမှု့ သဘောတွေကို ရင်းနှီးသွားခဲ့ တယ်.......
အမားရဲ့  သဘောကောင်းလွန်းလှတဲ့  အကြင်နာပါတဲ့  အပြုံးတွေဟာလည်း
နှစ်လိုဘွယ်ရာကောင်းပါလားလို့ လဲ ခံစားတတ်သွားခဲ့ တယ်..
ကာလတွေ အချိန်တွေ ရွေ့ လျားသွားတဲ့ အခါ....ကျနော်တို့ တွေ အရွယ်ရလာသလို အမားလည်း အရွယ်ရခဲ့ ပြီလေ..တစ်ခါတစ်လေ အမား အိမ်ကိုဝင်လည်တဲ့ အခါ...
ကျနော်တို့ တွေ သံယောဇဉ် ရင်လှိုင်း ခတ်သံအပြည့် နဲ့  ဆီးကြိုရင်း သာကြောင်း မာကြောင်းတွေ စကားဖေါင်ဖွဲ့ ရင်း...
အရင် အတိတ်က ငယ်နုစဉ်က ပုံရိပ်တွေ ပြန်လည်မြင်ယောင်ရင်း.....
အမားရော ကျနော်တို့ ပါ ကိုယ်စီ....မျက်ရည်တွေကို ၀ဲလို့ ....
အမားရဲ့ မျက်နှာမှာရော ကျနော်တို့  မျက်နှာမှာပါ အရောင်မဆိုးတဲ့  အပြုံးပန်းတွေပွင့် လို့ ပေါ့ ....
.
အမား သက်ရှည်ကျမ္မာရှိပါစေ....
အမား (၂)
---
အဲ့ အမားက ဟိန္ဒူ အမျိုးသမီးဗျ...အသားက အတော်မဲပေမယ့်  ရယ်လိုက်ပြုံးလိုက်ရင် သွားလေးတွေဖွေးပြီး အတော့် ကိုလှတယ်.. နုလည်း နုတယ် အမားမျက်နှာကျက အိန္ဒိယတောင်ပိုင်း တောလီးဝုဒ် ရုပ်ရှယ်နယ်က ပိန်ပိန်ပါးပါးနဲ့  တမီလ် ရုပ်ရှင်မင်းသမီးတွေ မျက်နှာကျမျိုး....နှာခေါင်းလေးမှာတောင်အပေါက်ကလေးဖေါက် ရွှေပန်းပွင့် လေးနဲ့ ...ဟိန္ဒူအမျိုးသမီးတွေထဲမှာ အတောလှတဲ့  အမျိုးသမီးလို့ ဆိုလို့ ရတယ်....
အမား နေတာက ဟိုဒလဖက်ကမ်း ကမာကဆစ်ဖက်မှာ...မနက် ၇ နာရီလောက်ဆို လမ်းထဲရောက်လာပြီး သူ့ ဖေါက်သည်အိမ်တွေဝင် အ၀တ်တွေလျှော်တော့ တာပါပဲ...အဲ့ ကနေ ကျနော်တို့ အိမ်ရောက်လာတော့ ၉နာရီဝန်းကျင်ပေါ့ ....ကျနော်တို့ အိမ်မှာတော့ ကလေး
အ၀တ်အစားတွေသာများလို့ ပေါ့ ပေါ့ ပါးပါးရှိတယ် တစ်ခါတစ်လေမှ စောင်တို့ ခြင်ထောင်တို့ ပါတာမျိုး...
ကျနော်တို့ အဖေအမေတွေလည်း ဆေးလိပ်သမားတွေဖြစ်သလို အမားကလည်း ဆေးပေါ့ လိပ်သမားပဲ ပြီးတော့ လက်ဘက်ရည်ကြိုက်တတ်တယ်...ဆေးပေါ့ လိပ်ခဲပြီးလဲအ၀တ်လျှော်ချင်လျှော်နေတတ်တာမျိုး...အိမ်က အမေတို့ အဖေတို့ က သဘောကောင်းတော့  အိမ်ရောက်ရင် အဖေတို့ အမေတို့ ဆီက ဆေးပေါ့ လိပ်တွေ ယူတော့ တာပဲ...တစ်ခါတစ်လေ လဘက်ရည်လေးတစ်ငုံသောက်လိုက် ကုလားကားထဲက ရုပ်ရှင်သီချင်းတွေဆိုရင် အ၀တ်ဖွတ်လိုက်နဲ့ ပေါ့ ...
တစ်ချို့ အိမ်တွေက အထည်အရေအတွက်နဲ့  တစ်ချို့ အိမ်တွေက လပေးနဲ့  အ၀တ်လျှော်စနစ်ကို အပ်ကြတယ်...ကျနော်တို့ အိမ်ကတော့  လပေးစနစ်ပေါ့ လေ....ဒါပေမယ့်  ကြားရက်တွေ ခေါင်းစဉ်မျိုးစုံနဲ့  ထုတ်ချင်သလိုထုတ်တာနဲ့  လတွေ ထပ်လို့  ပေးပြီးတာတွေ လွန်နေပြီးတွေ ပျောက်ကုန်ပြီး အမှတ်တွေ မထားကြတော့ဘူးဖြစ်သွားရော...
ဒါပေမယ့်  အမားရဲ့  မခိုးတတ် မ၀ှက်တတ်တဲ့  ကိုယ့် ကျင့် သီလက ကောင်းတော့  လမ်းထဲမှာ အမားမရှိမှာ တစ်ခြားတွေ ခဏ၀င်လုပ်လို့ ရအောင် အမားကို လူကြိုက်များခဲ့ တယ်..အမားက လှလည်းလှ စိတ်လည်းချရ သဘောလည်းကောင်း အ၀တ်တွေများလိုက်တာ နဲလိုက်တာနဲ့  မငြီးတတ် ချပေးသမျှတွေ ဒိုင်ခံလျှော်ပေးသွားတာ ဖြစ်ကလဲ့ စမ်းလျှော်မသွားတာ လှမ်းပေးသွားတာပါသေသပ်တာတွေက အမားအတွက် အမားကို လိုချင်တဲ့ အိမ်တွေက များပေါ့ လေ..အဲံ့ မှာ အမားရဲ့  အလုပ်ပေါ်ထားတဲ့  သစ္စာတရားကလည်း နောက်တိုးအိမ်တွေက ဘယ်လောက် ခေါ်ခေါ် ပိုပေးမယ်ပြောပြော သူနဲ့  နှစ်တွေအကြာကြီးလက်တွဲလာတဲ့ ဖေါက်သည်အိမ်တွေရဲ့ ကိစ္စတွေ မပြီးမချင်း အိမ်မကူးတတ် လက်မခံတတ်ဘူး ကြားဖြတ် ဒိုင်လျိုလေးလဲ မလိုက်တတ်ဘူး....အဲ့  အချက်ကိုက အိမ်တွေက အမားကို လက်မလွတ်နိုင်ဖြစ်နေတာမျိုးပဲ...
အမေနဲ့  အမားက အဲ့ အချိန်မှာ အသက်က လယ်ဘယ်တန်းလောက် မတိမ်းမယိမ်းလေးတွေ ဖြစ်နေကြတာ အမားမှာ သားတွေသမီးတွေ ကျနော်တို့ အရွယ်တွေ ရှိနေတာ အမေကလည်း ငယ်စဉ်က
ဘ၀ဇာတ်နာခဲ့ တာ ဘ၀အတွက် ရုန်းကန်နေကြဆဲတွေ ဖြစ်နေတာ အမားကလည်း ယောက်ျားက စောစောသေသွားလို့  သားသမီးတွေကို သူပဲ ရုန်းကန်ကျွေးမွေးနေတာတွေက ကျနော်တို့ အိမ်သားတွေနဲ့ သာမန်ထက်ပိုပြီး ရင်းနှီးကျွမ်းဝင် သံယောဇဉ်တွေဖြစ်သွားတာမျိုး ဖြစ်လာတာပေါ့ လေ...
အမား (၃)
--
အဲ့ အမားက ကျနော်တို့ အမေထက် ဆိုးချက်က ဗမာစာ မရေးတတ်မဖတ်တတ်ဘူး.ပြောပဲပြောတတ်တာ .အမေကတော့  ကျနော်တို့ ကျောင်းနေလို့  ကျနော်တို့  ကျောင်းစာအုပ်တွေကို ကျနော်တို့ နဲ့ အတူတူလိုက်ဖတ်ရင်း ဖတ်တတ်လာတာမျိုး..အရေးကတော့ မရေးသွားသလောက်ပါပဲ လက်မှတ်လေးကို အမည်ရေးထိုးတာတောင် ပဲပင်ပေါက် တွန့် သလိုမျိုးလေး...အဲ့ လိုခေတ်ရဲ့  အမျိုးသမီးတွေ ဘ၀ပေါ့ လေ..ဒါပေမယ့်  အမားနဲ့  အမေနဲ့  တူနေတဲ့ အချက်က လောကဓံရဲ့ တိုက်ပွဲတွေကို မငြီးမငြူရင်ဆိုင်ရဲကြ ရင်ဆိုင်သွားကြတာတွေ အကောင်းမြင်ဖက်က မြင်ပေးတတ်ကြတာတွေ လူတကာကို အဖေါ်ရွေဆုံး ဆက်ဆံတတ်တာစိတ်နာကျည်းချက်တွေ မွေးမထားတတ်ကြတာတွေက တူနေကြတယ်..အဲ့ မှာ အမားက ကျနော်တို့ အမေကို ညီအစ်မတွေလို ခင် ကျနော်တို့ ကို သူ့ သားသမီးတွေလို မေတ္တာရှိ ကျနော်တို့ အဖေကိုပါ အစ်ကိုကြီးတစ်ယောက်လို လေးစားတဲ့ သဘောဖြစ်သွားတာမျိုးပဲ....
အမေက တစ်ခါတစ်လေ အိမ်သားတွေအတွက် မနက်စောစော ထမင်းဟင်းချက်ပြုတ်ပြီးတဲ့ အခါ အဖေရှိရာ ဈေးဆိုင်ကို ဈေးအတူတူဝိုင်းရောင်းရအောင် နဲ့ ထမင်းချိုင့် ပို့  လိုက်သွားရတာမျိုး ရှိခဲ့ တယ်...အိမ်မှာ ကျနော်တို့  ကလေးတွေချည်းကျန်ခဲ့ တာမျိုးပေါ့  အဲ့ အခါမှာ အမားဟာ ကျနော်တို့ မောင်နှစ်မတွေထဲက အငယ်ဆုံးကလေး ပုခက်တွင်းလေးကို ကုလားသီချင်းလေးတွေဆိုရင်း လွှဲသိပ်ပေး အိမ်ခဏစောင့် ပေးထားတာမျိုးလည်း အမားက ကူညီတာမျိုးဖြစ်ခဲ့ တယ်....
မှတ်မှတ်ရရ အဖြစ်မိဆုံးက အဲ့ ခေတ်က ကုလားကားထဲမှာ ဗမာပြည်မှာ နာမည်အပေါက်ဆုံး ဖြစ်နေတဲ့  မင်းသား ရာဂျစ်ခန္ဒာနဲ့ မင်းသမီး ရှမီလာတဂိုးတို့ ပါတဲ့  Aradana အာရာဒါးနား ဆိုတဲ့  ရုပ်ရှင်ထဲက ကလေးချော့  သီချင်းလေးကို ဆိုရင်း ပုခက်လွှဲသိပ်ခဲ့ တာပါပဲ...အမားရဲ့ အသံကိုက ကရုဏာသံပါတော့  နားထောင်လို့  သိပ်ကောင်းပေါ့ ကိုယ့် ဟာကိုယ် ဆော့ နေတာတောင် အမားသီချင်းသံလေး ခိုးနားထောင်ပြီးတိတ်တိတ်လေးဆော့ နေမိခဲ့ တဲ့ အဖြစ်ပါပဲ....အဲ့ ကနေ ကုလားသီချင်းတွေကို အတော်ကြိုက်သွားခဲ့ တာမျိုးပါပဲ...
ကုလားကျော်ဟိန်းလို့ ခေါ်ခဲ့ ကြတဲ့ မင်းသား မီသွန်းခေတ်မှာတော့  ကျနော်လည်း ၀င်လာသမျှ ကုလားကားတွေကို မလွတ်တန်းကြည့် ဖြစ်ခဲ့ နေပြီ...မီသွန်းရဲ့  နာမည်ကြီး ကုလားကားတစ်ကားဖြစ်ခဲ့ တဲ့  ဒစ္စကိုဒန်ဆာ ဆိုတဲ့  ရုပ်ရှင်ထဲက သီချင်းတွေကို အဓိပ္ပါယ်သာ အသေအခြာမသိတာ လိုက်ဆိုနေတတ်ခဲ့ ပြီ....အဲ့ မှာ တစ်ခါတစ်လေ ကျနော့် ရဲ့  အင်းကျီလေးတစ်ချို့ ကို ဇွတ်ကြီး လျှော်ဖွတ်ဝတ်ချင်နေတဲ့ အခါ အမားလာရင် အဲ့ ကုလားသီချင်းတွေကို ကျနော်က ဗမာငပိသံလေးနဲ့ ဆိုပြ ရောတောပေါတောလုပ် အတင်းလျှော်ခိုင်း...အမားက ကျနော မပီကလာပီကလာနဲ့  ဆိုပြသမျှ ကုလားသီချင်းကို ကြားတော့ ရယ်ရင်း သဘောကျတွေအရမ်းကျရင်း ကျနော့် အ၀တ်တွေ စပယ်ရှယ်လျှော်ပေးပေါ့ လေ....
အဲ့  ငယ်နုစဉ်က အမားနဲ့  ကျနော်တို့ နဲ့  ကျနော်တို့  မိသားစုတွေ ရဲ့  ကာလလေးတွေဟာ တကယ့် ကို ပျော်စရာ ဘ၀ရဲ့  ကာလချိုလေးတွေပါပဲ အမားနဲ့ ကျနော်တို့ ရဲ့  ကြားထဲမှာ ကာလာတွေ အရောင်တွေ အယူတွေ အနိမ့် အမြင့် သဘောတွေ ဘာအကန့် မှ မရှိခဲ့ ကြဘူးလေ... အလုပ်ရှင်အလုပ်သမား သဘောတွေလည်း မရှိခဲ့ ကြဘူး..သူ့ အခက်အခဲ့  ကိုယ့် အခက်အခဲ အတူတူဖြေရှင်းကြလို့  ဖြူစင်တဲ့  စိတ်ရင်းတွေနဲ့ တကယ့် ကို နွေးထွေးခဲ့ ကြတယ်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..