Powered By Blogger
Wednesday, December 7, 2016
ငွေဆောင် (၅) (၆)
ငွေဆောင် (၅)
---
နေ့ ပိုင်းက ရေကျနေချိန်ဆိုတော့ သောင်ပြင်က အတော်ကျယ်တယ် ပြီးတော့  လှမ်းမြင်နေရပုံကြည့် ရတာက ကျောက်ဆောင်နဲပုံလည်းရတယ် ( ခြေထောက် ဆားရေနူးနေချိန် ကျောက်စွန်းတွေ ရှရင်မချောင်ဘူးလေ ကျောက်စွန်းတွေက ခရုခွံသေးသေးလေးတွေ ကပ်နေတတ်တယ် ( ရေထဲရောက်တော့ ကျောက်စွန်းတွေကို သေခြာလိုက်စမ်းကြည့် ခဲ့ တာ) ) ရေလှိုင်းတက်လာနေပုံတွေကြည့် ရတာ သိပ်တော့ နုပုံမရဘူးလို့ အကဲခပ်မိသေးတယ်...အဲ့ မှာ အခက်တွေ့ တာက အိမ်ကထွက်တုန်းက ပုဆိုးခါးတောင်းကြိုက်ဆင်းသွားမယ်လို့ တွေးပြီး ဘာဘောင်းဘီတထည်မှ ယူမလာခဲ့ မိဘူး..အဲ့ ပင်လယ်စပ်ရောက် အခန်းကနေ အချိန်စောင့် နေရင်း တစ်ဖြည်းဖြည်းတွေးမိလာတာက ပုဆိုးနဲ့ ဆင်းဖို့ အဆင်မပြေလောက်ဘူးပဲ..အဲ့ မှာ...'' ဟျောင်တွေ ဒီမှာ ဘောင်းဘီ ဒူးကျော်လေး ၀ယ်လို့ ရလားဟေ့ ''   ပဲ   အဟီး....ရွာတန်းရှည်ထဲကဆိုင်တွေမှာ ရသတဲ့ 
အိုကေပေါ့ ..တစ်ထည်ပေါ့ ..အဲ့ မှာ ၀ယ်ချလာတာ  ဒူးကျော်တော့ ဒူးကျော်ပဲ အဲ  သေခြာကြည့် လိုက်တော့  ၀က်သားရောင်းတဲ့  မတရုပ်မ ပိတ်ဘောင်းဘီလိုပဲ အနီရဲရဲနဲ့  အပွင့် တွေနဲ့  ညယ်...အဟိ...ထူးပါဘူး  အဆင်ပြေဖို့ ပဲ အရေးကြီးတာ ဒါဗြဲပေါ့ လေ...
ရေစိမ်တာနဲ့  ရေကူးတာ တကယ်တော့ မတူပါဘူးဗျာ...ပြီးတော့  ကန်ရေ မြစ်ရေ ပင်လယ်ရေ သဘောတွေလည်း မတူပါဘူး  ကျနော်က ကန်ရေနဲ့ သာ အထိအတွေ့ များခဲ့ တဲ့ အတွေ့ အကြုံပဲရှိတာ မြစ်တောင်အတွေ့ အကြုံကနဲနဲရယ်..ပင်လယ်ဆို အဝေးကြီးပေါ့ ...ကန်က ရေသေမို့  ရေကူးလို့ ရတယ် ဖားကူးခွေးကူး လိပ်ပြာကူးလက်ပစ်ကူး အစုံကူးလို့ ရတတ်သလောက် မြစ်ရေကြတော့  မလွယ်တော့ ဘူး မြစ်က ရေစီးသဘောရှိနေပြီ  အဲ့ သဘောကို အထာပေါက်မှ မြစ်ရေစီးထဲ  စဆင်းတဲ့  ဆိပ်ကမ်းကနေ အဝေးကို မျောမသွားမှာ ။   ပင်လယ်က ရေကူးဖို့ နေနေသာသာ  ဒူးလောက်အနက်မှာ လှိုင်းကို ကျောပေး ထိုင်နေတာတောင်   ကျောကို လာပုတ်တဲ့  ပင်လယ်လှိုင်းရိုက်ရင်တောင် ထိုင်နေတဲ့ နေရာက ရွေ့ သွားပြီး လှုင်းပြန်အဆင်း  လူကိုပါ လှိုင်းက ပြန်ဆွဲချသွားတတ်တာ သတိအတော်ထားရတာမျိုး...ရင်ခေါင်းလောက်အထိ ဆိုရင်ပဲ  စိတ်က အကြောက်စိတ်ဝင်လာပြီ  လှိုင်းဆွဲပြီးအဝေးကြီးကို ပါသွားနိုင်တယ်ဟ ဆိုတဲ့ အတွေးကပေါ့ .. ဘောနဲ့ ဆို ပိုတောင် လှိုင်းဆွဲလို့ ကောင်းသေးပါပဲ... ပြီးတော့  ပင်လယ်လှိုင်းတွေ လာနေပုံက တစ်လုံးနဲ့ တစ်လုံးမတူကြဘူး   တစ်ခါတစ်ရံ အလုံးကြီးတွေ လာတတ်ပြီး တစ်ခါတစ်လေတော့  ခပ်ပြေပြေလာတတ်တယ်  အများအားဖြင့်  လှိုင်းအပြေ နှစ်လုံးသုံးလုံးလောက်လာပြီးရင် အင်အားနဲနဲပြင်းတဲ့   လူရပ်နေရခက်တဲ့  လှိုင်းအကြီး တစ်လုံးက နောက်ကနေ ခပ်ပြင်းပြင်းလေးပါလာတတ်လေ့ ရှိတယ်...အဲ့ ဒါကြောင့်  ပင်လယ်ရေစိမ်မယ်လို့ ဆိုတာ..ခ်.။
ငွေဆောင် (၆)
---
အဲ့ မှာ အသားအရေကတော့  နဂိုညိုတဲ့ အသားက အတော်မှောင်ဆင်းသွားတယ်..အဟီး.. ဒါနဲ့  ရေချိုတွေပြန်ချိုး အ၀တ်တွေ လှမ်းပေါ့ လေ..ညစာကြတော့ လူလည်ကျတာက ယုဇနက အဆောင်မှာသွားမစားတော့ ပဲ
လင်ပန်းနဲ့ ရွက်ရောင်းတဲ့  အကင်သည်နဲ့ ချိတ်ဆက်ပြီးတော်ကီထုမေးလိုက်တော့  ထမင်းရော ဟင်းတွေ ပါချက်ပို့ ပေးသတဲ့  အဲ့ မှာ မှာစားတော့ တာပါပဲ ထမင်းက အနဲဆုံး ၄လုံးချက်မှာရတယ် ဟင်းတွေကတော့  ပင်လယ်ဂဏန်းမဆလာနိုင်းချင်းနဲ့  ဂုံးချက်တွေ ငါးချဉ်စပ်တွေ ပါတယ် ( မဆလာချက်တွေက လက်ရာအတော်ကောင်းပြီး အစပ်လည်းမလွန်လှဘူး ငပိရည်လည်းပါတယ်  သူတို့ ဖျော်ထားတဲ့ ငပိရေက တစ်မျိုးလေးကောင်းတယ်  တို့ စရာက သခွားသီးတွေ  အကုန်အကျတော့  ဟော်တယ်တွေထက်တော့ သက်သာတာပေါ့  ( သူတို့ က ပန်းကန်တွေ ဇွန်းတွေပါ တစ်ခါတည်းယူလာပေးတာမျိုး) အဲ့ တော့ အခန်းကနေ တစ်ဖ၀ါးမှမခွာရပဲ ခြေကြွခမပေးရ ဘောက်စူးမပေးရပဲ အဆင်သင့် စားလေးပေါ့ လေ... ရေဆော့ ပြီး အတက် စားရတာ ၀မ်းဟာနေလို့  အတော်တော့ စားဝင်သားပေါ့ လေ..
အဲ့ မှာ အကင်သည်က အတင်း တုတ်သွားသေးတယ် အခန်းကနေ လှမ်းခေါ်မှ အခန်းနား လာလို့ ရတာတဲ့  အကင်လင်ပန်း ခေါင်းရွက်လျှောက်အော်သွားပေမယ့်  သောင်ပြင်ကနေပဲ ဈေးရောင်းသွားလို့ ရတယ်တဲ့  အခု စည်းကမ်းက.အင်း အင်းပေါ့ လေ.. ထူးထူးခြားခြားကတော့  ညဖက်ကြီး ဒေသခံတို့  လူစိမ်းတို့ ဖြတ်လျှောက်တာ မတွေ့ ရဘူး..အခန်းတိုင်းလိုလိုက သူတို့ အ၀တ်တွေ အပြင်မှာ ဒီအတိုင်းလှမ်းထားကြတာမျိုးပဲ  အစောင့် လူငယ်လေးတွေ ကြိုးကြား ကြိုးကြားဖြတ်လျှောက်တာလေးပဲ တွေ့ ရတယ်...ကမ်းခြေရဲ့  ညနက်ပိုင်းတွေက လူခြေတကယ်တိတ်တာမျိုးပဲ...ကိုယ့် အခန်းနဲ့ ကိုယ်သာ နေကြလှုပ်ရှားနေကြတာလောက်ပဲ ကမ်းခြေကနေ ပြန်ကြည့် ရင် မြင်နေရတာမျိုးပေါ့ လေ... သွားတဲ့ အချိန်က လူပါးနေတာမျိုးမို့ နဲ့  ငွေဆောင်မို့ လို့ လည်းနဲ့ တူပါရဲ့ ...ညနက်ခါနီးမှာ တစ်ချို့ တွေ သောင်ပြင်မှာ မီးရူးမီးပန်းသွားဖေါက်တာမျိုးတော့ ရှိတယ် (ဒါက ကမ်းခြေ တာဝန်ရှိတွေကို ခွင့် တောင်းရတာလို့ ဆိုတယ်)
''ပိန်းပိတ်အောင်အမှောင်ထုထဲ အလင်းတို့ တိုးဝင်သွားတာကို ထိုင်ကြည့်နေရင်းက
လှိုင်းတို့ရဲ့ အသံတွေဟာ ခြောက်ခြားစရာအသံတွေလိုလိုဖြစ်လာတယ်......''
( ♫ ♪♫ ပင်လယ်ဟာ ရိုင်းစိုင်းကြမ်းတမ်းမုန်တိုင်းများနဲ့လှိုင်းတပိုးကျောက်ဆောင်.တစ်ခါတစ်ရံလဲ..နူးညံ့လှပမယ် ♫ ♪♫   )..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..