Powered By Blogger

Wednesday, December 7, 2016

ရွာကမိန်းမတောင်းပွဲ


ရွာကမိန်းမတောင်းပွဲ
------------------------
လူကြီး လုပ်ပြီး မိန်းမ လိုက်တောင်းပေးရမယ့် အဖြစ်က ရှောင်မရပြုမရနဲ့  ကြုံလာချိန်မှာ ..ငယ်တုန်းက အမေ့ အမျိုး ကျနော်တို့  အရီးလေး ပြောပြတဲ့  သူတို့ ရွာက မိန်းမတောင်းပွဲမှာ ဗရုပ်သုတ်ခ ဖြစ်ခဲ့ ပုံလေး
ရွာအလွမ်းပြေ ဟာသလုပ်ပြီး ပြောခဲ့ တာကို သတိရလိုက်သေးတယ်  အဲ့ တုန်းက ရယ်လိုက်ရတာပေါ့ လေ..ကိုယ့် အလှည့် ကျတော့  တွေးတွေးပြီး မျက်နှာတွေပူနေတာ..၊  အရီးလေးတို့ ခေတ်က ပြည်တွင်းစစ်ကာလဆိုတော  ဧရာတိုင်းထဲက ရေကြည် အသုတ် ငါးသိုင်းချောင်းနယ်ထဲက ရွာတွေကလည်း အတော် ဆင်းရဲတယ်လို့ ဆိုတယ်...( စစ် နဲ့ ဓားပြနဲ့   ဆင်းရဲလွန်းကြလို့ နောက်တော့ ရွာကနေပြေးကုန်ရတဲ့  အဖြစ်ပေါ့ လေ ) 


အဲ့ မှာ အဲ့ ဖက်ကရွာတွေ သဘောက အမျိုးစပ်ရင် တစ်ရွာလုံးလိုလိုက ဆွေမျိုးပတ်ပြီး စပ်လို့ ရနေတဲ့  လူရင်းတွေလိုဖြစ်နေတာ ဆင်းရဲတာချင်းလည်း တစ်တဲနဲ့ တစ်တဲက သိပ်မကွာလှဘူးလို့ ဆိုတယ်  ဆွေးမျိုးတွေ စပ်လို့ ရနေလို့ ပြောမနာဆိုမနာတွေ တစ်ယောက်နဲ့ တစ်ယောက် အတွင်းသိအဆင်းသိတွေပါတဲ့ ...ဆင်းရဲချက်က ခပ်သင့် သင့်  ၀တ်ကောင်းစားကောင်း တစ်စုံ တောင် အတော့် ကို တရိုတသေ သိမ်းထားကြရတာ ရွာနီးချုပ်စပ် အလှုလေး မင်္ဂလာလေးရှိရင် ၀တ်ဖို့  နဲ့  သေရင် လွှမ်းဖို့ လို့ ဆိုတယ်  ( ဇာတ်က နာချက် ကုလားကားအတိုင်းပဲ  ခိခိ)...

အလုပ်အကိုင် အများစုက  အင်းရဲကြီးအင်းနဲ့ ဆက်စပ်နေတဲ့ အလုပ်တွေ လုပ်တာများလို့  တစ်ရွာလုံး ယောက်ျားမိန်းမတွေက လက်ရဲဇက်ရဲလည်း နိုင်ကြတယ်တဲ့   လူတွေက ရွတ်တတ် ရွဲ့ တတ်
ထေ့ တတ်ငေါ့ တတ်တွေ နဲ့  ဒေါသပေါက်ကွဲ မကျေနပ်လို့ ကတော့ အမျိုးချင်းတောင် ပြန်သတ်တဲ့ အဖွဲ့ တွေ ရွာတွေမျိုးလို့ ဆိုတယ်..ဒါပေမယ့်  ဘုန်းကြီးကျောင်းနဲ့  သြဇာကြီးတဲ့ ဘုန်းကြီးကြောင့်  ဘုန်းကြီးကျောင်းပညာရေး ရသင့် သလောက်ရပြီး သေစာရှင်စာတော့ တတ်ကြတယ် ဘုရားစာတွေ ၀တ်ရွတ်စဉ်တွေတော့ ဂျောင်းဂျောင်းပြေးအောင် အလွတ် ရကြသေးလို့ ဆိုတယ်  ( ဒါတော့ အဟုတ်သားပဲ  အမျိုးကြီးတော်ကြီးတွေ  စုစုပြီး ကျနော်တို့ အိမ်မှာ ၀တ်ရွတ်ကြတာ ပျော်စရာလည်းကောင်း  အဲ့  အမျိုးတွေစုပြီး ၀တ်ရွတ်နေရင်းတောင် ထ ရန်တွေဖြစ်တတ်ကြလို့  ရယ်ရတာတွေလည်း ရှိခဲ့ တယ်)


ဆင်းရဲတော့  လူ့  အလှုမင်္ဂလာ အသုံးအဆောင်ကောင်း အများစုက ပစ္စည်ပစ္စယတွေကို တရိုတသေ မပျောက်မရှအောင် အမှတ်သညာလေးတွေပေးပြီး  ထိမ်းသိမ်းတာ ဘုန်းကြီးကျောင်မှာ ရှိနေတာများတယ်
အဲ့ မှာ အလှုမင်္ဂလာတစ်ခုခုဆို ဘုန်းကြီးကျောင်းကပဲ သွားသွားငှားရတာပေါ့ လေ၊ အဲ့ မှာ တစ်နေ့ တော့  အမျိုးထဲက နောက်ပေါက်တွေအတွက် မိန်းမတောင်းပေးဖို့ ဖြစ်လာသတဲ့  ၊  အစဉ်အလာအရ မင်္ဂလာယူပြီး မိန်းမသာသွားတောင်းတယ်သာ လုပ်တာ တစ်ရွာထဲသားအချင်းချင်းတွေဖြစ်ပြီး  ရွာ့  ဟိုဖက်ထိပ် ဒီဖက်ထိပ်လောက် အဝေးလေး နဲ့   ယောက်ျားလေးမိဘတွေရော  မိန်ကလေးမိဘတွေကရောက နှစ်ဖက်  အမျိုးစပ်ရင် အမျိုးတော်နေတဲ့ သူတွေ ပြီးတော့  ဆင်းရဲတာက သူမသာ ကိုယ်အသုဘ ဆိုသလိုပါတဲ့ ဗျား...


အဲ့ မှာ ချိန်းထားတဲ့ နေ့ ကြတော့  သတို့ သား အဖေက  ဘုန်းကြီးကျောင်းက ခဏငှားလာတဲ့   ခေါင်းအုန်းနဲ့ အဲ့ ကျောင်းက ငှားလာတဲ့ ဖျာလိပ်နဲ့ တစ်ဖက်က ပတ်လိပ်ပိုက်  နောက်တစ်ဖက်က လ္ဘက်ထုတ် ကွမ်းအစ် ဆေးပေါ့ လိပ် ထည့် ထားတဲ့ ယွန်းအစ်ကို ပိုက်တဲ့  ( အဲ့  ယွန်းအစ်ကလည်း ဘုန်းကြီးပိုင် ပစ္စည်းပဲ တဲ့ ဗျား  ငင့် ...ငိငိ )...သတို့ သမီး အမေကတော့  သတို့ သားအဖေရဲ့ နောက်ကနေ  ငါး နဲ့  လဲလာတဲ့  အုန်းငှက်ပျောပွဲကိ  ခေါင်းပေါ်ရွက် လက်ထဲမှာတော့  ချွေးမလောင်းအတွက် အ၀တ်သစ်တစ်စုံ ပိုက်လို့ တဲ့  အဲ့ အ၀တ်သစ်ကလည်း အကြွေးနဲ့ ပဲတဲ့  နောက်တော့ ငါး အစားပြန်ပေးရမှာလို့ ဆိုတယ်....

အဲ့ လိုနဲ့  မိန်းကလေးရှင် တဲ ရှေ့ ရောက်သွားတော့  တဲက ဟုတ်တိပတ်တိ တံခါးကဲလားကောင်းကောင်းသာ မရှိတာ  သတို့ သားလောင်းအမေက  အိမ်ဝကနေ

 '''  အိမ်ကြီးရှင်တို့  အိမ်ကြီးရှင်တို့  အိမ်ကြီးရှင်တို့ ရှင် ..  ကျမ သားအတွက်  သားသမက်ပေး သမီးချွေးမတောင်း ရောက်လာပါတယ်ရှင်. ၀င်ခွင့် ပြုပါ အိမ်ကြီးရှင်တို့ ရှင် '' လို့  တဲထဲ လှမ်းအသံပြုလိုက်ရောတဲ့ 


( အဲ့ မှာတင်  ကျနော် ရီတာ ဘယ်လိုမှ မနေနိုင်တော့ ဘူး ...ရွာကအကြောင်းတွေ ပြန်ပြောပြနေတဲ့  အရီးလေးက အငြိမ့် မင်းသမီးလို အသံနေအသံထားနဲ့  မျက်စလေးချီပြီး ခပ်ကျယ်ကျယ်လေးပြောတာကိုးဗျား   အဟီး..) အဲ  အဲ့ မှာတဲ့  တဲထဲက  သတို့ သမီးလောင်းအဖေက တဲဝ ထွက်လာ ရပ်ပြီး.....'' အေးဟေ့  ဆင်ပါသလား မြင်းပါသလားဟေ့  '' လို့  လှမ်းမေးလိုက်သတဲ့    .( အဲ့ ဒါ  မင်္ဂလာယူတာတဲ့ ဗျား...ခိခိ) 

အဲ့ မှာ သတို့ သားရဲ့ အမေနောက်မှာ ဖျာလိပ်ပိုက် ရပ်နေတဲ့  သတို့ သား အဖေလုပ်သူက ထောင်းကနဲ ဒေါပွသွားပြီ...''''' ဟေ....ငါ့ ချီး...လူကြည့် တော့ စားစရာမရှိဘူး ဆင်ပါသလား မြင်ပါသလားလေး နဲ့  ငါ့ ချီး ဆင်တွေမြင်းတွေတော့ မပါဘူးဟေ့   --ီး ပဲ ပါလာတယ်ဟေ့ ''  လို့  အော်ပြီး  ရွဲ့ ပြောလိုက်ရောတဲ့ ဗျား..( အဲ့ မှာလဲ ရယ်လိုက်ရတာ  ဖတ်ဖတ်မောပဲ  ဆင်တွေမြင်းတွေတော့ မပါဘူး ဟိုဒင်းပဲ ပါတယ်ဟေ့ ကို သဘောတွေကျပြီးတော့ ကို ရယ်ရတာ....အဟီး....) (  လူတွေက စားစရာ ရှိတာ မရှိတာနောက်ထား ဓလေ့ ရိုးရာကဆန် ဂုဏ်ကခံ  မင်္ဂလာလေးက ယူလိုက်ချင်ကြသေးတာမျိုးရယ် )

အဲ့ မှာ နှစ်ဖက် တုတ်ဆွဲ ဓားဆွဲတွေနဲ့  ထ ဆဲကုန်ကြတာနဲ့  အဲ့ မနက်က မိန်းမတောင်းပွဲ ပျက်သွားရောတဲ့ ဗျား  အဲ့   ဆင်ပါသလားမြင်းပါသလား နဲ့   --ီး ပဲပါတယ် ဆိုတာကလည်း ရွာထဲ ပျံ့  ပွဲကျပြီး အမျိုးတွေထဲ ရယ်စရာမောစရာဟာသအဖြစ်   အဖတ်တင်ကျန်ခဲ့ တဲ့ စကားလုံးဖြစ်သွားတယ်.....( နောက်တော့  လည်း  လူကြီးတွေ နဲ့ ဘုန်းကြီးညှိနေပေးကြားဝင်ပေးလို့  ညားသွားကြတာပါပဲဗျား...)


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..