'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
လေးဘီးကားသမားဘ၀မှာ.... ( အဆုံးသပ်တော့ မလို့  အပျိုး နိဒါန်း တိုစိလေး )
လေးဘီးကားသမားဘ၀မှာ...ဆိုတဲ့  ဘ၀တစ်ကွေ့ ဇာတ်ထုတ်ကို အပိုင်း ၃ လောက်မှကတည်းက နိဂုံးချုပ်မလို့ တွေးထားတာ ဒါမျိုး ပေများရှည်လျား တဲ့  စတွေမျိုးက ဘလော့ မှာ ရေးတင်ထားတာက ကိစ္စမရှိဘူး ဖွဘုတ်မှာကြတော့  တော်ယုံ မခင်မင်မိပဲ တော်ယုံစိတ်မ၀င်စားပဲ အဲ့ လောက် ပေရှည်တဲ့ ကုလားကားရိုက်နေသလို စာမျိုးကို ဖတ်ကြည့် ဖို့ ဆိုတာ အာရုံမလာတတ်ဘူး ကိုယ်တိုင်လည်း ဖွရွာထဲက အဲ့ လောက်ရှည်တဲ့ စာမျိုးတွေဆို တော်ယုံ နဲ့  စိတ်ရှည်ရှည်ထား မဖတ်ဖြစ်ဖူး အတော့် ကို စိတ်ဝင်စားတဲ့  အကြောင်းမျိုးတွေလောက်ပဲ ဖတ်တာများတယ်...အဲ့ တော့ ကိုယ်ချင်းစာတယ်ပေါ့ လေ..ခိခိ
ဒါပေမယ့်  စာရှည်မျိုးတွေက စိတ်ပါတုန်းလေးသာ ရေးဖြတ်တာမျိုး ဖြစ်နေတာရယ်.....စိတ်ပါတုန်း ရေးချနေရင်း မေ့ နေတဲ့ အဲ့ တုန်းက ကြုံခဲ့ ဖူးတာတွေ ကြားဖြတ်ပြီး သတိပြန်ရလာတာမျိုးတွေက ကြားထဲမှာ ဖြတ်ဖြတ်ဝင်လာတော့  စာက တော်တော်နဲ့ အဆုံးမသတ်ဖြစ်ဖူး ဖြစ်သွားတယ် ကားဆွဲတဲ့ လောက ကနေ နောက်လောက တစ်ခုကို ဘယ်လို ချိန်းသွားလဲ အထိ ရေးမယ်လို့ တွေးထားတာ အပိုင်း ၄ အထိ တောင် အဆုံးသတ်မဖြစ်လိုက်သေးဘူးဖြစ်နေတာပေါ့ လေ အဟီး..
လေးဘီးကားသမားဘ၀မှာ.... ( အဆုံးသပ်တော့ မလို့  အပျိုး နိဒါန်း တိုစိလေး )
၈၈ မတိုင်ခင်မှာ နမိတ်ဆိုးတွေနဲ့ ဟောလာဟလတွေဖြစ်လာနေတဲ့  ကာလတစ်ခုလေးတစ်ခုကို ကားဆွဲရင်စတင်ဖြတ်သန်းနေရပြီပေါ့ လေ..
---------------------------------------------
ငွေအကြေငြာခံရပြီးနဲ့  ၈၈ မဖြစ်ခင်လေး ကြားကာလလေးမှာ သတင်းပျံ့ နေ ပျံ့ လာတဲ့  ကောလာဟလ သဘောတွေ နမိတ်ဆိုးသဘောတွေ အတော်ကျယ်ကျယ်ပျံ့ ပျံ့ နဲ့  အုပ်အော်သောင်းနင်း ဖြစ်လာတယ် အဲ့ အကြောင်း ကျနော်ဖွဘုတ်စသုံးကာစက နဲနဲ ရေးပြခဲ့ ဘူးတယ်....ကျောင်းထဲမှာ ၀ါးတွေ အသီးသီးလို့  နမိတ်မကောင်းဘူးဆိုတာလဲ ပါတယ်...ဘယ်နေရာမှာ အထူးအဆန်းတွေ ဘာတွေဖြစ်လာဆိုတာလဲပါတယ်...
အဲ့ အချိန်မှာ ဂမ္ဘီရလိုင်းတွေ သိပ်ဟော့ လာနေတဲ့ အချိန်မို့  လူတွေက အဲ့  လိုင်းတွေကို သိပ်စိတ်ဝင်စားလာကြတဲ့ အချိန်မျိုးပေါ့ လေ...အထူးသဖြင့် က အဲ့ လိုင်းကို စိတ်ဝင်စားလာကြတဲ့  စိတ်အခြေခံအကြောင်းအရင်းတွေထဲက တစ်ချက်က အဲ့ ဂမ္ဘီရ နည်းအကူတွေနဲ့  မြန်မြန်ကြီးပွားချမ်းသာဖြစ်လိုစိတ်တွေများလာတာနဲ့  မပြေမလည်တွေ ဖြစ်လာနေတဲ့  ကျလာနေတဲ့  အရင်လို ရှာရဖွေရတာ မတည်ငြိမ်တော့ လို့ ကျပ်တည်းလာနေကြတာက သက်သာခွင့် ရချင် လာကြတာကနေ လောကီဂမ္ဘီရပညာတွေ ခေတ်စားလာတဲ့  သဘောလို့ တွေးဆရတာပါပဲ..( ဂမ္ဘီရလိုင်းက စာပေတွေစာအုပ်တွေလည်း လူတွေကြားထဲ အတော်ပေါက်လာတယ် .
အဲ့ ကာလမှာ အထူးဟော့ သတင်းဖြစ်သွားတာက ပထမ ဆူးလေဘုရားက တန်ဆောင်းတစ်ခုထဲက ( ပြတိုက်လေးထဲကလို့ တော့ ထင်တယ်) ဥာဏ်တော် သိပ်မမြင့် တဲ့ ရုပ်ပွာတော်တစ်ဆူရဲ့  ဦးခေါင်းတော်ကနေ ဆံတော်တွေ ပေါက်လာတယ်လို့  ဟော့ သတင်းဖြစ်လာလို့  လူတွေ အပြေးအလွှားသွားစပ်စုကျ ငြင်းပယ်ခြင်း လက္ခံခြင်းတွေ နဲ့  အငြင်းပွားကြနဲ့  ခါတိုင်း ဘုရားပေါ်တက်ခဲပြီး အနားကနေသာ ကပ်ကပ်ပြီးကျော်သွားလို့  ကပ်ကျော်ဘုရားလို့ တင်စားခေါ်ကြတဲ့  ခြောက်တီးခြောက်ကပ်နဲ့  ဆူးလေဘုရားမှာ လူတွေ အတော်စည်ကားကုန်တာမျိုး နဲ့  အဟော့ ဆုံးကတော့  ဘယ်ဘုရားက ညာဘုရားက ကျောက်ဆင်းတု ရုပ်ပွားတွေ ရင်ဘတ်တော်တွေ မို့ ဖေါင်းကြွလာတယ်ဆိုတဲ့  သတင်းက ဟော့ အဖြစ်ဆုံးပဲ ( တစ်ချို့ အိမ်တွေမှာ ကိုးကွယ်ထားတဲ့  ကျောက်ဆင်းတုရုပ်ပွားတော်တွေပါ ပါသေးတယ်) အဲ့ သတင်းဖြစ်ဖြစ်လာရာ နောက်ကို လိုက်စပ်စုတဲ့ လူတွေနဲ့  ရန်ကုန်မြို့ ကြီးဟာ အုပ်အုပ်ကျွက်ကျွက် လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာနေတယ်..
.တစ်နေ့ တစ်နေ့  အလုပ်ကိုကောင်းကောင်းမလုပ်နိုင်ဘူး ဘာသတင်းတွေများ အထူးအဆန်းတွေ ကြားရမလဲတွေသာ ဖြစ်လာကုန်တယ် လောကီပညာရှင် အများစုကတော့  ဒါဟာ တိုင်းပြည်တစ်ခုခု ဖြစ်တော့ မယ်လို့ တော့ နမိတ်ဖတ်ကြပြီ...( ၈၈ ဖြစ်လာလိမ့် မယ်လို့ တော့ တစ်စွန်းတစ်စတောင် မကြားမိပါဘူး ထင်လဲ မထင်မိပါဘူး ) တစ်ခုခုတော့ တစ်ခုခုဖြစ်တော့ မယ့် လို့ ပဲ နမိတ်ဖတ်နေကြတာမျိုးများတယ် သူတို့ ပြောတဲ့ အခြေခံသဘောကတော့  တိုင်းပြည် မငြိမ်တော့ ဘူး ဒါမကောင်းဘူးပေါ့ လေ... ကျနော်တို့ လဲ ကားဆွဲတာကနဲနဲ အချိန်ထိမ်းရုံ ဂိတ်လေးတွေမှာ လက်မှတ်ဝင်ထိုးလိုက် ကောလာဟတွေပြောလိုက် ကောလာဟလ သတင်းတွေ ထွက်လာတဲ့ နေရာတွေကို ကားဆွဲသလိုလိုနဲ့  ပတ်ကြည့် လိုက် ဆီထုတ်ပြီး ပြန်ရောင်းစားလိုက်နဲ့ ပေါ့  သတင်းစုံဖြန့် ချီရေးမှာ တက္ကစီသမားတွေရဲ့ ကဏ္ဍကလဲ မသေးဘူး... တက်လာသမျှ ခရီးသည် အထာ ကြည့် ပြီး သူ့ သတင်းကိုယ့် သတင်းတွေ ဖလှယ်တော့ တာပါပဲ ပါးစပ်ကြီးပိတ်ပြီးကားမောင်းနေရတာ ကြာတော့ ပျင်းလာတတ်တယ်လေ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..