Powered By Blogger

Wednesday, December 7, 2016

ငွေဆောင် (၇) (၈)








ငွေဆောင် (၇)
---
ပင်လယ်ရဲ့ အရသာတစ်ခုက တမျှော်တခေါ်ကြီး ကျယ်ပြောလှတဲ့  ရေပြင်ပြာကြီး နဲ့  မိုးကုတ်စက်ဝိုင်းကြီး ထိတွေ့ သွားသလိုလို မြင်နေရတဲ့ မြင်ကွင်းကျယ်ကြီးကို မျက်စိတဆုံး လှမ်းမျှော်ကြည့် နေရတဲ့  အရသာတစ်ခုပါပဲ အဲ့ မြင်ကွင်းက ဘ၀လောကဓံဆိုးအမောတွေနဲ့  မွမ်းကျပ်နေတဲ့ စိတ်ကို သိပ်ကို ပေါ့ ပါး လွတ်လပ်သွားစေတဲ့ ခံစားမှု့ မျိုးကိုရတယ်၊ သိပ် ဝေးလွန်းတဲ့ အထိ ကျွန်းတွေဘာတွေ ပိတ်ခံမနေလေ အဲ့ မြင်ကွင်းကျယ်ကြီးကိုကြည့် ရတာကောင်းလေလေပါပဲ၊

နောက်အရသာတစ်ခုက ပင်လယ်နေ၀င်ချိန်အခိုက်အတံ့ လေးနဲ့  ပင်လယ်နေထွက်ချိန် တဒင်္ဂ အချိန်လေးမှာပါပဲဗျာ..၊ ပထမဆုံး စမှီတာက နေ၀င်စ ပင်လယ်ရဲ့  ဆည်းဆာချိန်လေးပေါ့ 

တိမ်လွှာတစ်ချို့ သာရှိနေချိန်လေးမှာ နေလုံးဟာ ပင်လယ်ဆီကို တဖြည်းဖြည်း နိမ့် ဆင်းလာပြီး ကောင်းကင်ဟာ လင်းရာမှ အလင်းတစ်စတစ်စလျော့ ကျလာ အဲ့ ကနေ အ၀ါဖျော့  အဲ့ ကနေ ရွှေအိုရောင် အဲ့ ကနေ နီညိုရောင် အမှောင် တစ်စတစ်စ စွက်လာပေါ့ ..သိပ်ကြည့် ကောင်းတာပါပဲ ပင်လယ်ရေပြင်ကိုယ်တိုင်ကလည်း ပြာကြည်လဲ့ တောက်ပနေရာကနေ နေရဲ့ 
အလင်းဖျော့ ရောင်ပြန်ကြောင့်  တစ်ဖြည်းဖြည်း အပြာမှိုင်းကနေ အ၀ါစွက် ရွှေအိုရောင် ရောင်ပြန်တွေ ရေပြင်ပေါ်ဖြာကျနေရင်း
နေညိုသလို ရေပြင်ပါညို လိုက်လာခဲ့ တာမျိုးပဲ.တစ်ချက်ချက် ပင်လယ်ကို ဖြတ်ပျံသွားတဲ့  အိပ်တန်းပျံ ပင်လယ်ငှက်ကလေး တစ်ကောင်စ နှစ်ကောင်စပါ တွေ့ လိုက်ရတတ်သေးတယ်
အဲ့  နေညိုချိန် ပင်လယ်အိုချိန်လေးဟာ သိပ်လွမ်းစရာကောင်းတဲ့  အချိန်လေးပါပဲလေ....

အဲ့ လို ပင်လယ်နေညိုချိန်စလေးမှာ သောင်ပြင်စပ်ကနေ ပင်လယ်ဖက်ကို မျက်နှာမူ ခြေစုံရပ်လို့  ဂျာကင်အိပ်ထဲ လက်နှိုက် ကိုယ်ကို ကျုံ့ ပြီး ဟိုးအဝေးက နေညိုချိန် ပင်လယ်ပြင်ဆီကို နိမ့် ဆင်းလာတဲ့  နေလုံးကြီးနဲ့  ပင်လယ်ပြင်ကြီးကို ငေးမောကြည့် နေရချိန်လေးကတော့  ဘယ်သူ့ ကိုလွမ်းနေမိမှန်းမသိအောင် အလွမ်းတွေ ရင်မှာအပြည့် နဲ့ ပေါ့  အအေးဓါတ်ပါစပြုလာတဲ့  ပင်လယ်လေလေးတွေကလည်း တစ်ချက်ချက် ကိုယ့် မျက်နှာတွေ ကိုယ့် ဆံစလေးတွေကို ကလူကြည်စယ် လာတိုးဝှေ့ သွားလို့ ပေါ့  ခြေဖျားလေးနဲ့  ပေနဲနဲလောက်သာလှမ်းတဲ့ အထိ
ရေလှိုင်းလေးတွေ ရောက်ရောက်လာပုံကလည်း ဝေးသွားလိုက် နီးလာလိုက် ကိုယ့် ခြေဖျားလေးတွေကိုပဲ ရေထိတော့ မလိုလိုဖြစ်လိုက်နဲ့ ရေလှိုင်းလေးတွေက .....အချစ်က လူကို လာလာကစားကြည်စယ်နေသလိုပါပဲ.......

သြော် နေညိုချိန် ပင်လယ်လည်း အိုခဲ့ ပြီ ..ဒါပေမယ့်  လွမ်းရတဲ့ အကြောင်းလေးတွေနဲ့  အလွမ်းတွေတော့  နုပျိုနေဆဲ အခိုက်အတံ့ ကလေးပါပဲ...


ငွေဆောင်(၈)
---
အဲ့ ညက ပင်လယ်နေထွက်ချိန်ကို လွတ်သွားမှာစိုးလို့  ညဦးလေး နာရီပိုင်းလေးသာခဏမှေးအိပ်အညောင်းဖြေလိုက်ပြီး တစ်ညလုံးမအိပ်တော့ ပဲ ပင်လယ်နေထွက်ချိန်ကိုစောင့် ခဲ့ တဲ့ ညပေါ့ ၊ သန်းခေါင်လောက်မှာ အခန်းရှေ့ က အနားယူတဲ့ ပလတ်စတစ် ဒရင်းဘက်ကြီးကို ကုန်းစပ်နဲ့ သောင် အစပ်နားဆီ ယူချသွားပြီး အဲ့ ကနေထိုင်ပြီး ကြယ်တွေကြည့် ပေါ့ လေ..ကောင်းကင်က လဆုတ်ရက် တစ်ခြမ်းပဲ့  ဆူပါမွန်းက ထိမ်ထိမ်သာလို့ ပေါ့ ..နဲနဲညောင်းလာရင် အခန်းထဲထခဏပြန်ဝင်နေလိုက် တီဗွီခဏကြည့် လိုက်လုပ်နေတာပေါ့ လေ၊ အဲ့ မှာ ဖုံးလိုင်းက ညဖက်ဆို သိပ်မမိတတ်တော့ ဘူး စာလေး လေးကြောင်းလောက်ရေးတင်တာတောင်အချိန်ကကြာတယ် (နေ့ ဖက်တော့ ရန်ကုန်အတိုင်းပဲ တောင်ကြိုတောင်ကြားထဲ ကားဖြတ်ချိန်တော့ လိုင်းပျောက်ပျောက်သွားတတ်တယ်) (..ဖုံးကို အဲ့ လို ခဏခဏ ပွတ်နေတာ )

ညဖက် ပင်လယ်ဖက်က လှိုင်းလာသံ လှိုင်းပုတ်သံတွေဟာ ပင်လယ်အော်သံလို့ တင်စားရလောက်အောင် ကျယ်တယ် အဝေးကလာနေတဲ့  လှိုင်းလိမ့် လာသံဟာ တဝေါဝေါနဲ့  ၀မ်းခေါင်းသံ လှိုင်သံထွက်နေတာမျိုးပဲ ၀န်းကျင်တစ်ခုလုံး လှိုင်းသံတွေကလွဲလို့  ဘာသံမှ မကြားရလောက်အောင် (ခြောက်ခြားစရာကောင်းလောက်အောင် )ဆိတ်ငြိမ်လွန်းတယ်..
အထီးကျန်တတ်သူတွေအဖို့  တကယ့် ကို အထီးကျန်စိတ်တွေဖြစ်လာစေတတ်တဲ့ ပင်လယ်သောင်စပ်က ညမျိုးပါပဲ..

ဟိုးအဝေးက ကျောက်ကလာကပ်စေတီတော်လေးနှစ်ဆူ နဲ့  ဒေသခံတွေပြောပြလို့ သိရတဲ့  အမည်ရင်း ရေသူမကျွန်း ပင်လယ်ကြည့်  ဧည် သည့့်တွေကြား ထင်ရှားတဲ့  အမည် ချစ်သူများကျွန်းလေးကလည်း မှောင်ထဲမှာ ဟိုးအဝေးက ရွာတန်းရှည်က မီးပြပြလေးတွေ နောက်ခံနဲ့  ၀ိုးတ၀ါးလှမ်းမြင်နေရတယ်..၊ ညဖက် ဒီရေတက်ချိန်ဖြစ်နေလို့  နေမညိုခင်က မြင်နေခဲ့ ရတဲ့  ကျောက်ဆောင်လေးတွေဟာရေထဲမြုတ်ကုန်ပြီး သောင်ပြင်ပေါ် သုံးပုံတစ်ပုံလောက် ရေတိုးနေခဲ့ ပြီ ၊

ပင်လယ်ပြင်ကြီးဖက်မှာတော့ တစ်ချက်တစ်ချက် လင်းကနဲ လက်ကနဲ မီးရောင်တစ်ချို့ ကိုမြင်နေရတယ်...ကြယ်တွေကြားမှာ ခုနှစ်စဉ်ကြာ်စင်စုလေးကို လိုက်ရှာလိုက် တစ်ခြားကြယ်တွေကို ကြည့် လိုက်နဲ့ ပေါ့ လေ ကောင်းကင်ဟာ ကြယ်စင်စုတွေရဲ့ အလင်းကြောင့် တင်မကပဲ တစ်ခြမ်းမှိန် ဆူပါမွမ်းလကြောင့် ပါ အလင်းတစ်ချို့  ဖြစ်နေလို့  ပိန်းပိတ်အောင်တော့ မှောင်မနေခဲ့ ဘူးပေါ့ လေ....

ဒီလိုနဲ့  ညနက်ပိုင်းကို လွန်လာလို့ အာရုဏ်ဦးအလင်းတစ်ချို့  စရောက်လာခဲ့ ချိန်မှာတော့  လှိုင်းခေါင်းဖြူလေးတွေကို ညနက်ပိုင်းကထက် နဲနဲပိုမြင်သာလာတာပေါ့ လေ အဲ့ ချိန်လေးမှာပဲ သောင်ပြင်ပေါ်မှာ ညနေကမတွေ့ ခဲ့ ရတဲ့ ကျစ်စာတွင်းလေးတွေ တွေ့ လာရပြီး အဲ့ ကျစ်စာတွင်းလေးတွေက ဂဏန်းမဲမဲ သေးသေးလေးတွေက
ထွက်လာလိုက် ပြန်ဝင်သွားလိုက်ပြေးလိုက် လှိုင်းအဖုံးမှာ
အကောင်လေးတွေရော တွင်းရာလေးတွေပါ ပျောက်သွားလိုက်နဲ့  လှမ်းမြင်နေရတယ်..

ပင်လယ်ရဲ့ နေ့ အလင်းဟာ ကုန်းဖက်ခပ်ကျကျက ရွာတန်းရှည်ရဲ့ နောက်ကျော် မကျတကျလေးဖက်ကနေ စပြီး အလင်းရောင်လေး စထွက်လာတာမျိုးပဲ နေညိုချိန် ပင်လယ်ထဲ ဆင်းသွားတာကို မြင်ရတာမျိုးနဲ့ မတူဘူးပေါ့ လေ...

နေ့ အလင်းစလာချိန်ဟာလည်း ခပ်နှေးနှေးနဲ့  ညကလို ထူပိန်းနေအောင် မမှောင်တော့ ဘူးဆိုတဲ့ အခြအနေကနေ အမှောင်ဖြော့ လာပြီး အလင်းရောင်လေးက ကောင်းကင်ကို စဖြန့် ကျက်လာတာမျိုးပဲ အလင်းဓါတ်လေး ဖြန့် ကျက်လာတာတာနဲ့ မရှေးမနှောင်းလေးမှာ နောက်ကပါလာတာက ရွှေရောင်သန်းနေတဲ့ အလင်းဓါတ်လေးပါ

အရှေ့ နေတော့ ထွက်ခဲ့ ပြီပေါ့ လေ..ရွှေရောင်ဖြော့ ဖြော့ နဲ့  အရှေ့ နေရဲ့  နောက်ခံနဲ့ ခပ်လှမ်းလှမ်းက ကျောက်ကလာပ်စေတီတော်လေး
နှစ်ဆူနဲ့  ချစ်သူများကျွန်းလေးကလည်း တစ်စတစ်စ မြင်သာလာခဲ့ ပြီ...အဲ့ အချိန်လေးမှာ ကျောက်ကလာပ်စေတီတော်လေးရှိရာကို လမ်းလျှောက်ထွက်တော့ တာပေါ့ ဗျာ...

အမှောင်ထုက အပြီးမကုန်သေး အလင်းဓါတ်တစ်ချို့ က ပင်လယ်ပြင်ပေါ်မှာပါ ပင်လယ်ပြင်ကြီးကိုနဲနဲမြင်သာထင်သာဖြစ်လာအောင် နဲနဲချင်းဖြာကျလာချိန် ပင်လယ်ရဲ့ အအေးဓါတ်ပါတဲ့ လတ်ဆတ်လွန်းတဲ့  ပင်လယ်လေကို ရူရင်း စိုနေတဲ့  သဲသောင်ပြင် ရေစပ်စပ်မှာ လက်ကလေးပိုက်လို့  ကိုယ်လေးကို ကျုံ့ ပြီး ခြေဗလာနဲ့ လမ်းလျှောက်လို့ ပင်လယ်ရဲ့ မြူပါးပါးလေးတွေကို ငေးမောရင်း စေတီလေးရှိရာကို တစ်ကိုယ်တည်း လမ်းလျှောက်လာချိန်မှာတော့ ....

နေ့ သစ်တစ်နေ့ အစပျိုးခဲ့ ပြန်ပြီဆိုတဲ့ ခံစားချက်က စိတ်ခွန်အားတစ်ခုကို ဖြစ်လာစေတဲ့ ခံစားမှု့ ကိုပေးလာသလိုပါပဲ ၊ နေညိုချိန်နဲ့  ကွာတဲ့ ခံစားမှု့ လေးပေါ့  လူဟာ ပင်လယ် အအေးဓါတ်တွေကြားထဲမှာ စိတ်ဟာ ငြိမ်းချမ်းလို့  နူးညံ့ လှတဲ့  အဖုအထစ်တွေမရှိတဲ့  ရေစပ်စပ်နဲ့  သဲသောင်ပြင်ပေါ်ကို နင်းလို့  ခြေဗလာနဲ့ လမ်းလျှောက်ရတဲ့ အရသာကလည်း တစ်မျိုးလေးပါပဲ တက်ကြွခြင်း ရွှင်လန်းနေခြင်းသဘောတွေ ဖြစ်နေချိန်လေးပေါ့ လေ..။



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..