Powered By Blogger

Wednesday, December 7, 2016

တသီးနမိတ်တွေလို့ ဆိုလေမလား


တသီးနမိတ်တွေလို့ ဆိုလေမလား
--
ဒီအကြောင်းကို ဖွဘုတ်သုံးစက တစ်ခါရေးပြဖူးတယ်  အခုပြန်ရေးပြတာ ပြည်လုံးဆိုင်ရာသဘောနဲ့ မဆိုင် ကိုယ့် အတွက်ကိုယ်သာ ဖြစ်ပေးနေတဲ့  နမိတ်လေးတွေ အမှတ်သညာထားတတ်တဲ့ အများစုမှာ ရှိနေတတ်တယ်  ကံတွေ မတူကြလို့  ကိုယ်တိုင်ရဲ့ အကောက်အယူတွေကလည်း တူချင်မှတူလိမ့် မယ်..၊ မျက်ခမ်းလှုပ်ရင် ငိုရတတ်တယ်ဆိုတာတော့ အများဆိုင်ရာသဘောမှာ တူတာများတတ်ပေမယ့်  ဘယ်လက်ဖ၀ါး အလိုလိုယားလာရင် အချို့ က ငွေအထွက်များတော့ မယ့်  နမိတ်လို့  ယူလိုက်ကြပြီး တစ်ချို့ က ငွေဝင်တယ်လို့ ဆိုတယ်..ကိုယ့် ဘ၀အတွေ့ အကြုံမှာ အကြိမ်ပေါင်းများစွာ ကြုံခဲ့ တဲ့ သဘောကနေ ကောက်ချက်သဘောပေါ့   သူများနဲ့ မဆိုင်ပေါ့   အဲ့ မျက်ခမ်းစပ်တွေလှုပ်တာ  လက်ဖ၀ါး ဘယ်ညာတွေယားတာဟာ နမိတ်သဘောလို့ ဆိုကြ ယူကြတယ်...ဒါက လောကီပညာ ရှု့ ထောင့် ကသဘောတွေပေါ့ ဆေးပညာသမားကတော့  ဒါဟာ သွေးလေလည်ပတ်မှု့ မှာ ဘာညာ ဘာညာတွေပေါ့ လေ..။

ကျနော့်  အဖေက မေ ၁၄ မှာ  ဘ၀နိဂုံးချုပ်တယ်....အဲ့  ရက်တွေမတိုင်ခင် တစ်လလောက်မှာကတည်းက  နိဂုံးချုပ်ကာနီးပြီးဆိုတာတော့  တစ်မိသားစုလုံး သိနေကြပြီပေါ့ လေ....အဲ့  မေ ၁၄ ရက် မတိုင်ခင် တစ်ပတ်လောက်အလို  မနက်ပိုင်းလေးမှာ အိမ်ဘုရားစင်မှာ ဖအေကြီး အထွက်ခရီးကို အကောင်းဆုံးဖြစ်သွားပါစေဆိုတဲ့  စေတနာနဲ့  ယတြာတွေ လုပ်ပေးလှုပေးရင်း ပုတီးပါထိုင်စိတ်နေလိုက်တယ်...ပုတီးထဲ အာရုံကျသွားချိန်မှာ ဘေးအသံဗလံတွေဆိုတာ ပျောက်သွားတယ်  စိတ်ကရွတ်နေတဲ့  ဘုရားစာအပေါ်မှာသာစိတ်က အာရုံတအားဝင်နေတယ်..အဲ့ လိုအချိန်မှာ နားနားကို လူတစ်ယောက်က '' မေ ၁၃ '' လို့  ကပ်ပြောလိုက်သံကြီးတစ်ခု ပီပီသသကြီး ကြားလိုက်ရပါရောဗျာ..

အဲ့ မှာ ပုတီးစိတ် ဘုရားစာရွတ်နေတဲ့  အထဲ စိုက်နေတဲ့ အာရုံက ရုတ်တရက်ပျောက်သွားပြီး ကိုယ့် အနား ဘယ်သူများရောက်နေပါလိမ့် နဲ့  မျက်လုံးကိုဖွင့် ကြည့် လိုက်တော့  ဘယ်လူတစ်ယောက်မှမရှိသလို လမ်းမကများလားတွေ အိမ်အောက်ကများလားတွေ နဲ့ လိုက်စုံးစမ်တော့  ဘာထူးခြားလှုပ်ရှားမှု့ မှ ပြောသံဆိုသံတွေမှ မကြားရ မရှိပေါ့  အိမ်သားတွေကို  မေးလည်းမေးကြည့် သေးတယ် သူတို့ မပြောပါတဲ့ 

အဲ့ မှာ လူဟာ ဇဝေဇ၀ါဖြစ်သွားပြီး ဒီ မေ ၁၃ ဆိုတာကြီးက  ဘာများပါလိမ့် ပေါ့ ဗျာ  ( ချဲခေတ်မို့   မေ ဆိုတာ ၅  ၁၃ ဆိုတော့   ၅၁၃ များလားဘာလားတွေ တွေးမိလိုက်သေးတယ်  )..နောက်တော့  အဲ့ အတွေးက ပျောက်သွားပြီး ကိုယ့် အဖေရဲ့ အခြေနေကို သတိရတာနဲ့  လစိတ်တွေ စိတ်နဲ့  ထတွက်ကြည့် တော့  မေလဟာ ကံသိပ်ညံ့ တဲ့ လထဲ ဖြတ်နေပြီဆိုတာ တွေ့ လိုက်ရတယ်   အဲ့ မှာ  မေ ၁၃ ဆိုတာ  ချဲနံပတ်မဟုတ်ရင် အဖေ့ ရဲ့  နောက်ဆုံးရက် ဖြစ်နိုင်တယ် လို့ တွေးမိပြီး အိမ်သားတွေကို အဲ့  လာမယ့်  ၁၂ရက် ၁၃ရက်နေ့ လောက်ဆို သတိထားရမယ် လို့  ကြိုပြောထားလိုက်တယ်ပေါ့ ဗျာ..

တကယ်ပါပဲ  အဖေ့ ရောဂါ အခြေအနေဟာ မေ ၁၂ လောက်မှာ တိုးလာပြီး မရတော့ဘူး ရက်ပိုင်းပါပဲဆိုတာ သိသာလာတယ်  အဲ့ မှာ မေ ၁၃ နေ့ ကတော့  လုံးဝမျောသွားနေတဲ့  သဘောဖြစ်လာပြီး မေ ၁၃အကုန် မေ ၁၄ထဲဝင်သွားတဲ့ နေ့ ရောက်တော့ မှ  ဘ၀နိဂုံးချုပ်သွားတော့ တယ်ပေါ့ လေ...။  အဲ့ မှာ တွေးစရာအဖြစ်နောက်ပိုင်း ကျန်ခဲ့ တာက  ဘယ်အရာကများ မေ ၁၃ လို့  နားနားကပ် လာပြောသွားရသလဲနဲ့   ဘာလို့  မေ ၁၃ နဲ့  မေ ၁၄ တစ်ရက်လွဲသွားရတာပါလဲပေါ့ ဗျာ....ဘာဘဲဖြစ်ဖြစ် တစ်ရက်တာလွဲခဲ့ သည်ဆိုဦးတော့   ဒီ အဖြစ်ကတော့ တစ်သက်တာမှာ ထူးထူးဆန်းဆန်း အမှတ်တရ ဖြစ်ကျန်ခဲ့ တဲ့ အဖြစ်ပါပဲဗျား....အဲ့  မေ ၁၃ ဆိုတဲ့  နားနားကပ်ပြောသွားတဲ့  အသံဟာလည်း ကိုယ်တိုင် တစ်ယောက်ထဲ ကွက်ကြားလိုက်ရသလို ဖြစ်နေလို့  အများနဲ့ မဆိုင် ကိုယ်နဲ့  ကိုယ့် မိသားစုသာ ဆိုင်နေတဲ့  သီးခြားနမိတ်သဘောလေလား ဘာတွေလား  ညာတွေလားပေါ့ လေ။ နောက်ထပ်တော့  အဲ့ လိုမျိုးတွေ ထပ်မကြုံဖူးတော့  မကြုံဖူးသေးပါဘူးဗျား..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..