'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
[ Pumpuang Duangjan ] အရင်ခေတ်က ထိုင်းအဆိုတော်အမျိုးသမီးအကြောင်းလေး..
หม้ายขันหมาก - พุ่มพวง ดวงจันทร์ [ Pumpuang Duangjan ]
----------------------
အင်တာနက်နဲ့  မရင်းနှီးခင်က ဖျော်ဖြေရေး အဓိကထဲမှာ ၈ပေစလောင်းလည်းပါတယ်ပေါ့ ဗျာ...အဲ့ ၈ပေမှာက ဖရီးလိုင်းတွေက ရာကျော်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဖရီးလိုင်းတွေပါရတော့  အဲ့  ၈ပေကို ရတဲ့  လိုင်းမှန်သမျှ ပတ်ကြည့် နေတာနဲ့ တင် တစ်ည တစ်ည အချိန်ကုန်တယ်ပေါ့  တစ်ခါတစ်လေ ညလုံးပေါက်လုလုဖြစ်သွားလို့  အိပ်ရေးပါ ပိုပျက်တဲ့  ၈ပေပေါ့  အဲ့ ရာကျော်ဖရီးလိုင်းတွေထဲမှာ ထိုင်းက ဖရီးလိုင်းတွေလည်း အတော်များတော့  ထိုင်းလိုင်းတွေပါ ကြည့် ဖြစ်တာပေါ့ လေ အဲ့ မှာ ထိုင်းကန်းထရီးသီချင်းလိုင်တွေပါ ကြည့် ဖြစ်နားထောင်ဖြစ် သံစဉ်တွေ တစ်ချို့ ပါ ကြိုက်ဖြစ်ခဲ့ တယ်ဆိုပါတော့ ..ထိုင်းစာ ထိုင်းစကား မတတ်တော့  ထိုင်းက နာမည်ကြီး ကျေးလက်အဆိုတော်တွေ အမည်ကိုတော့ မသိတာများတယ်...
ကျေးလက် သီချင်းသာ ပြောတာ တကယ်က ရိုးရာဂီတသဘောနဲ့  ခေတ်ပေါ် ပေါ့  နဲ့ ရောထားတဲ့  ကျေးလက်သီချင်းမျိုးတွေဖြစ်ပြီး အလွမ်းသီချင်းတွေရဲ့  သံစဉ်တွေကတော့  အတော်နားထောင်ကောင်းတတ်တယ်။ သံစဉ်တွေလို့ ပြောရတာက ထိုင်းစကားမှ မတတ်တော့  သံစဉ်နဲ့ ဗွီဒီယိုတွေက တေးသရုပ်ဖေါ်အမူအယာတွေ ကြည့် ပြီး နားဆင်ရတာမျိုးပေါ့ လေ။ အဲ့  ၈ ပေစလောင်းမှာ ထိုင်းသတင်း ဖရီးလိုင်းချယ်နယ်တွေလည်းရှိတယ်..၊ အဲ ကနေ ဟိုး ၈၀ခုနှစ်ဝန်းကျင်က (မေဆွိ ဟေမာ မက်ဒေါနား တို့ ခေတ်လောက်ကပေါ့ လေ) ထိုင်းကျေးလက်ဂီတနဲ့  ခေတ်ပေါ် ပေါ့  သီချင်းတွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်နာမည်ကြီးခဲ့ ပြီး အရွယ်နုတုန်းမှာ ရုတ်တရက် ကွယ်လွန်ခဲ့ တဲ့  ထိုင်းကျေးလက်အဆိုတော်အမျိုးသမီးအကြောင်း တစ်နှစ်တစ်ခါ သူကွယ်လွန်တဲ့  လရောက်ပြီဆိုရင် သူနာမည်ကြီးခဲ့ တဲ့  သီချင်းတွေ သူ့ ဘ၀အကြောင်း ရုပ်ရှင်ရိုက်ထားတာတွေ ပြန်ပြလေ့ ရှိတယ်...အဲ့ မှာ အဲ့ အဆိုတော်မရဲ့  သီချင်းတွေထဲက တစ်ပုဒ်က ဒီနေ့ ခေတ်ဖက်အထိ တော့ ဝမ်းလို့ ပြောလို့ ရလောက်အောင်နာမည်ကြီးခဲ့ တာပါတယ် အလွမ်းအဆွေး သံစဉ်ပေါ့  တရုပ်သံစဉ်နဲ့ တူပြီး အခုခေတ်ဖက်အထိ အတော့် ကို နားထောင်လို့ မရိုးနိုင်အောင်ကောင်းတယ်...ဒါပေမယ့်  သူ့ အမည်ကိုတော့ မသိဘူးပေါ့ လေ...အဲ့ သီချင်းလေးကိုလည်း ဒီဖက်ခေတ်ထိုင်းကျေးလက်ဂီတ အဆိုတော်မလေးတွေက ဂုဏ်ပြုတဲ့  အနေနဲ့  ပြန်ဆိုပြကြလေ့ ရှိတယ်....
အဲ ကတည်းက အဲ့  နာမည်ကြီး ထိုင်းအဆိုတော်မလေး ဘာကြောင့်  အရွယ်နုတုန်း ကွယ်လွန်ခဲ့ တာလဲ နဲ့ သူအမည်ပါ စိတ်ဝင်စားမိတယ်ပေါ့ လေ..သူနာမည်ဘယ်လောက်ကြီးလည်းဆိုလည်းဆိုရင် သူကွယ်လွန်တုန်းက သူ့ နာရေး လူစည်ချက်က ဒီက ကျနော်တို့  မမွေးခင်က အရွယ်နုတုန်း ချောတုန်းလှတုန်း ကွယ်လွန်ခဲ့ တဲ့  ရုပ်ရှင်မင်းသမီး မေရီမြင့် ရဲ့ နာရေး လူစည်သလိုစည်တာမျိုးလို ( အဲ့ လိုစည်ကြောင်းက သက်ကြီးစကား သက်ငယ်ကြားပေါ့ လေ) တန်ခိုးကြီးသြဇာကြီး နာမည်ကြီး ဘုန်းကြီးပျံ ပွဲ လူစည်သလိုမျိုး စည်တာနဲ့ တူတယ်ပေါ့ လေ.... ပြီးတော့  အဲ့ ထိုင်းကျေးလက်ဂီတ ပေါ့ ဘုရင်မ အဆိုတော်မလေးကလည်း အဲ့ ခေတ်က မျက်စိနဲ့ ဆို အတော့် ကို လှတယ်ပေါ့ လေ...ဒီတော့  အသံကောင်းရုပ်ချော အမူအယာသွက် လူချစ်လူခင်လွှတ်ပေါ သဘောပေါ့ 
နောက်တော့  ယူကျူ့ ကို မွှေတတ်လာတော့  အဲ့  အဆိုတော် အမျိုးသမီးလေး အကြောင်း လိုက်မွှေရင်းက ဗီဒီယိုဖိုင်ကလစ်တစ်ခုမှာ หม้ายขันหมาก - พุ่มพวง ดวงจันทร์ [ Pumpuang Duangjan ] နဲ့  သူ့ ဓါတ်ပုံလေးနဲ့ တွေ့ လိုက်ပါရော ။ အဲ ကနေ သူ့ အကြောင်း ယူကျူ့ မှာမွှေကြည့် တော့ တာပါပဲ အဲ့ မှာ ၈ပေးစလောင်းနဲ့  မျက်စိနဲ့ သိပ်မခွာခင်တုန်းက ကိုယ်သဘောကျခဲ့ တဲ့  သူ့ သီချင်းတစ်ပုဒ်ရဲ့  သံစဉ်ပါ တွေ့ လိုက်ရတော့  ပျော်တာပေါ့ လေ.. ။ အဲ့  ဖိုင်ကလစ်တွေကနေ သူ့ ကို ထိုင်းသားတွေ ဘယ်လောက်မြတ်နိုးကြ တန်ဖိုးထားခဲ့ ကြသလဲ ဆိုတာပါတွေ့ ရတော့ တာပါပဲ ထိုင်းတွေကလည်း ဒီကလိုပဲ သိပ်ကွာပုံမရဘူး သူတို့  သိပ်ချစ်တဲ့ သူဆို နတ်စိမ်းပေးဖြစ်လိုက်တာမျိုး နဲ့ တူတယ် တင်စားပြောရရင် အရွယ်နုတုန်း လူတွေ တအားအချစ်ခံရတုန်း လှတုန်းချောတုန်းမှာ ရုတ်တရက်ကြီး ကွယ်လွန်သွားတော့  သိုက်က ပြန်ခွာသွားသလိုလိုပေါ့ လေ... အမျိုးသမီး နာမည်ကြီး ရုပ်ချောအသံကောင်း လူချစ်လူခင်ပေါ ချိန် မထင်မှတ်ထားသေးချိန် ကွယ်လွန်ရင် သိုက်က ပြန်ခေါ်သွားတာ ဘာညာတွေ သဘောက ဒီမှာလည်း ဖြစ်တတ်မဟုတ်လား....
ယူကျု့ ထဲက ဗီဒီယို ကလစ် ဖိုင်တွေအရ သူ့ အကြောင်းဇာတ်လမ်းတွေ အရတော့  စတိတ်စင်တစ်ခုမှာ သီချင်းဆိုနေတုန်း ဂန်းရှော့ အလုပ်ခံရသလိုလိုဘာလိုလိုပါပဲ အသေအခြာတော့ မပြောနိုင်ဘူး...ဘာဘဲဖြစ်ဖြစ် ထိုင်းကျေးလက်ဂီတ နဲ့  ပေါ့  သီချင်းသည်တွေကြားမှာတော့  အဲ့  Pumpuang Duangjan ဆိုတဲ့  အဆိုတော်မလေးက ကျေးလက်ဂီတနဲ့ ပေါ့ သီချင်းတွေကြိုက်တတ်တဲ့  ထိုင်းလူထု ရဲ့  အထူးလေးစားကြည်ညိုခံရ အတုယူရတဲ့  ဂီတဘုရင်မတစ်ပါးလို ဖြစ်ကျန်ခဲ့ တာတော့ သေခြာတယ်ပေါ့ လေ.. .လိုဘိုတို့  ဟို ကျွဲခေါင်းကြီးနဲ့  မိတ်အင်ထိုင်းလန်း သီချင်းနဲ့  နာမည်ကြီးတက်ခဲ့ ဘူးတဲ့  ဘဲကြီးတွေကလည်း ထိုင်းဂီတမှာ..သပ်သပ်တစ်လိုင်ပေါ့ လေ.... အဲ့  ဂပေစလောင်း ကောင်းမှု့ နဲ့  ထိုင်းဂီတလောက ရဲ့  သဘောတွေ သံစဉ်တွေ အဆိုတော် အတော်များများ သိခဲ့ ရတယ် အဲ့  သူတို့ အမည်တွေ မသိတာက များလို့ ပေါ့ လေ...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..