'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
'' သရက်လှေ တောကုန်သည် မြို့ ပွဲစား အလုပ်သမား လက်လီဝယ်လက် နဲ့  ....''
'' သရက်လှေ တောကုန်သည် မြို့ ပွဲစား အလုပ်သမား လက်လီဝယ်လက် နဲ့  ....''
--------
အမေ့ ဖက်က အမျိုးဘကြီး မိသားစု တစ်စုက ကုန်စိမ်းလောကသားထဲကပေါ့ လေ၊ ရာသီအလိုက် သီးနှံကုန်တွေကိုလည်း အကြီးအကျယ်ရောင်းကြတယ် ၊ ပလို့ ပြောင်းလို့ ခေါ်ကြတဲ့ ပြည်အောင်လံကြားက ပြလို့ က ပြောင်းဖူးတွေဆို လော်လီကားကြီးနဲ့ ကားစီးလိုက် နောက်တံခါးဖွင့် ချပြီး ပြောင်းဖူးပြုတ်သည်တွေကို ရောင်းတာမျိုး ၊ ဖရဲသီးခင်းတွေချုပ်ပြီး ကားနဲ့ တိုက် မြေပေါ်ပုံ ရောင်းတာမျိုး ကီလီဈေးခေတ်ကနေ သီရိမင်္ဂလာဈေးခေတ် အထိပေါ့ လေ သရက်သီးကြတော့  လှေကြီးတွေနဲ့ လာပြီး ဆိပ်ကမ်းမှာကပ် အဲ့ ဆိပ်ကမ်းက လှေပေါ်တင် ထိုင် ရောင်းပေါ့ လေ...
အဲ့ မှာ သိပ်ပျော်ဖို့ ကောင်းတယ် ကျနော်တို့ အပျော်ဆုံးကတော့  သရက်လှေတွေပေါ်မှာ ထိုင်ပြီး လှိုင်းပုတ်တဲ့ လှေရဲ့  လှုပ်စိ လှုပ်စိ နဲ့ ဒန်းကို ဖြည်းဖြည်းလေးနဲ့ ငြိမ့် ငြိမ့် လေး စီးနေရသလို ဖြစ်နေတဲ့ မြစ်လေလေး တဖြူးဖြူးက တိုက်နေလိုက်သေးတဲ့ လှေစီးအရသာလေးနဲ့  ပြန်ရောင်းဖို့ သရက်သီး လာဝယ်ကြတဲ့  ဈေးသည်တွေရဲ့  စကားပြောဟန်ဆိုဟန်တွေ လူမှု့ ဆက်ဆံရေးစတိုင်တွေကို ထိုင်စပ်စုနေရတာကို အတော်ပျော်ခဲ့ တာ၊ သရက်သီးရာသီဆို အဲ့ လှေပေါ်လိုက်သွား တစ်နေကုန်ထိုင် စားလိုက်သောက်လိုက် လေပစ်လိုက် လူတွေကိုကြည့် လိုက် တစ်ခြား သရက်လှေတွေကို စပ်စုလိုက် ဆိပ်ခံဘောမှာ ကပ်ထားတဲ့  နှစ်ထပ်ကောင်တွေ မော်တော်ကြီးပေါ်တွေ လျှောက်သွားစပ်စုလိုက်ပေါ့ လေ စနေတနင်္ဂနွေလိုနေ့ မျိုးတွေပေါ့  ၊
သရက်သီးတွေက လှေ အရွယ်အစား လှေဝမ်းအကျယ် အကျဉ်းအလိုက် ရာချီထောင်ချီ ပါလာလေ့ ရှိတယ် ၊ ဘကြီးရဲ့  သားတွေက အဲ့ သရက်လှေပေါ်မှာ သရက်သီးတွေ ရောင်းရင်း ညအိပ်ရတတ်တယ် မိသားစုတွေတင် အလုပ် မနိုင်လို့  သရက်သီးတွေ လှေဝမ်းထဲကနေ ရေပေးဖို့  အလုပ်သမားတွေလည်း ငှားထားရသေးတယ် သရက်လှေပေါ် သွားလည်ရင်း သရက်သီးဆိုတာ အမုန်းစားရတယ်ပေါ့ လေ...အဲ့ မှာ တစ်ခါတစ်လေ သရက်သီး အမှည့် တွေစားတာမှာ ဓားနဲ့ ခွဲ စိပ်မွှာ ပန်းကန်ထဲထည့် တွေ ဘာတွေနဲ့  သပ်သပ်ရပ်ရပ်တွေ လုပ်မနေတော့ ပဲ သရက်သီး အခွံခွာတာ ငှက်ပျောသီး အခွံခွာသလို လက်နဲ့ ခွာ တန်းစား အစေ့ စုတ် ပြီးရင် မြစ်ထဲ ပစ်လိုက် အဲ့ မြစ်ရေနဲ့ ပဲ ပါးစပ်တွေ လက်တွေဆေးပစ်လိုက်တော့  ..အေးရောပေါ့ လေ...ဟီးဟီး...
သရက်သီးလက်လီပြန်ရောင်းမယ့် သူတွေဆိုတာ အများအားဖြင့် မနက်စောစောတွေ မှာ စုပြုံကျလာလေ့ ရှိတယ် တောင်းကြီးတောင်းငယ်တွေနဲ့  အလုံးရေ ရာချီပြီး ၀ယ်လေ့ ရှိပြီး အများအားဖြင့် ကလည်း ခေါက်ပြန်ကြေးတွေ များပါတယ်..( တောက သရက်ကုန်သည် ဆိပ်ကမ်းကနေ ကြားကနေ ဖြန့် ပေးတဲ့  ပွဲစား ( တစ်ချို့ သရက်လှေတွေက ပွဲစား တစ်ချို့  သရက်လှေတွေက ခြံချုပ်ထားတဲ့ လှေတွေ) နဲ့  မြို့ ဈေးတကာကို ဖြန့် ရောင်းမယ့်  လက်လီဝယ်လက် ဆိုပြီး ၃ ပွင့် ဆိုင် အလုပ်သဘောမှာ သရက်သီးတွေ ရေပေးရတဲ့  အလုပ်သမားတွေရဲ့ ကဏ္ဍကလည်း ပေါ့ သေးသေးတော့ မဟုတ်ဘူး သူတို့  အကြံအဖန်လုပ်ရင် ပညာပြရင် တောကုန်သည်တွေ ကြားပွဲစားတွေ လက်လီသမားတွေ ခံလိုက်ရ ပြသနာတွေ တက်ကုန်ကျတွေ ဖြစ်ကုန်တတ်လေ့ ရှိတယ်...
လက်ဖက်ရေဖိုးလေး နှစ်ပဲခြောက်ပြားလောက်တောင် ကွမ်းယာလေးတစ်ထုပ်လောက်တောင် ကြံရေလေး တစ်ခွက်လောက်တောင် အလုပ်သမားကို တိုက်ဖို့ ကျွေးဖို့ လေးတောင် ကပ်စေးကုတ်နေတတ်တဲ့ တောကုန်သည်ရဲ့  သရက်သီးတွေကို ရောင်းပေးရတဲ့ အခါ အဲ့ အလုပ်သမားတွေက အမြင်ကပ်ပုဒ်မနဲ့  ပညာပြလွှတ်လိုက်လေ့ ရှိတယ် အလုပ်သမားတွေအများစု နဲ့  လက်လီလာဝယ်တဲ့ သူတွေဆိုတာ မိတ်ရင်းကြီးတွေသဘောဆန်တယ်....သူတို့ ပညာပေးပုံထဲက တစ်ကွက်က ....
သရက်သီးတွေကို လှေဝမ်းထဲကနေ နှစ်လုံးစီပူးပြီး လက် နှစ်ဖက် အပေါ်က နောက်အလုပ်သမားစီလှမ်းပေး အဲ့ အလုပ်သမားက လှေပေါင်းမိုး အစပ်မှာချထားတဲ့ လက်လီသမားဆီ လှမ်းပေး လက်လီသမားက သူ့ တောင်းထဲ စီထည့် ပေါ့ လေ...လှေပဲ့ က သစ်သားလှေအိမ် ပိစိလေးထဲမှာ ဘောစိစတိုင် လူလည်ကြီးစတိုင်နဲ့  ရေနွေးကြမ်းသောက်ရင်း အလုပ်သမားရဲ့  ရာရေ ရေတဲ့ အသံကို နားရွက်မခတ် မျက်တောင်မခတ် ဘယ်သူ့ မှမယုံ ဆိုတဲ့  အမူအယာနဲ့  ထိုင်နားထောင်နေတတ်တယ်...အသီးတွေ လက်ကားရောင်းတဲ့  ဆိပ်ကမ်းလောကမှာ အဲ့ အသီးတွေ တစ်နှစ်သုံးလေး ရာရေ ရေတာကို အသံကျယ်ကျယ်ထွက် ရေပေးရလေ့ ရှိတယ်
အဲ့ မှာ အထာကြီး ဆရာကြီးစတိုင်ဖမ်းနေတဲ့ တောကုန်သည်ကို ပညာပေးအချင်တဲ့  အလုပ်သမားက လက်လီသမားကို မျက်စိတစ်ဖက်မှိတ်ပြပြီး လှေဝမ်းထဲက သရက်သီး ၂ လုံးကို ကိုင်ပြီး လှမ်းပေးလိုက်တဲ့ အခါ တစ် လို့  ကျယ်ကျယ်အော်ပြီး လှမ်းပေးလိုက်တယ်.၊ နောက် သရက်သီး ၂ လုံးကို ထပ် ကောက်တော့  နှစ်ပေါ့  ၊ ဒီလိုနဲ့  သရက်သီး အလုံးတစ်ရာ ၀ယ်သူအတွက် ရာရေ ရေပေးရရင် ''တစ်ကနေ ငါးဆယ်'' အထိ ရေပေးလိုက်ရင် နှစ်လုံးပူးတွေ ကိုင်ရေတာမို့  သရက်သီး အလုံး ၁၀၀ ရေပေးလိုက်သလိုပေါ့ လေ...အဲ့  မှာ အလုပ်သမားက ရေပုံက ပထမပိုင်း တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် တွေမှာ ခပ်မှန်မှန် ရေပေးနေတယ် ရေနေရင် မျက်လုံးက ခိုးခိုးပြီး တောကုန်သည်ကို လှမ်းပြီး ကြည့် နေတယ်ပေါ့ ဗျာ....တောကုန်သည်ကလည်း ပထမတော့  နားလည်းထောင် မျက်ခြေမပျတ်လည်း ကြည့် နေပေါ့ လေ..
''''ဒီလိုနဲ့  တစ် နှစ်သုံးလေးငါးခြောက်ကနေ......ဆယ့် လေး ဆယ့်ငါး ဆယ်ခြောက် ဆယ့် ခွန် ဆယ့် ခွန် ဆယ့် ရှစ် ဆယ်ကိုး နှစ်ဆယ် .....တွေ ရောက်လာချိန် ''''မှာ တောကုန်သည့် အာရုံက ခဏတဖြုတ် တစ်ခြားရောက်သွားတဲ့ အခါမှာ သရက်သီး ၂ လုံး ပိုရေပေးလိုက်ပြီပေါ့ လေ.. အဲ့ လို လစ်ရင်လစ်သလို သရက်သီး နှစ်လုံး နှစ်လုံး ပိုရေပေးလိုက်တဲ့ အခါ လေးဆယ့် ရှစ် လေးဆယ့် ကိုး ..ရော့ ဗျား ငါးဆယ် အထိ ရာရေလည်းပြီးသွားရော လက်လီသမားရဲ့ သရက်သီးတောင်းထဲမှာ သရက်သီး ၁၀လုံးလောက်တော့  အပိုပါသွားပြီပေါ့ လေ...လက်လီသမားရော အလုပ်သမားရော ပြုံးပြုံး ပြုံးပြုံးတွေနဲ့ ပေါ့  လှေပဲ့ စင်က ဆရာကြီး တောကုန်သည်က တော့  အလုံး ၁၀၀ ရောင်းလိုက်ပြီ စာရင်းတို့ ပေါ့ လေ....ဟဲဟဲ.. အဲ အဲ့ အလုပ်သမားကို လက်လီသမားက လက်ဘက်ရည်တစ်ခွက်တို့  ကွမ်းယာတစ်ထုပ်တို့ ဘာညာလေးတွေ ကျွေးတတ်မွေးတတ် ( အမျိုးသမီးငယ်ငယ် လက်လီသမားလေးတွေနဲ့  အလုပ်သမား အငယ်တွေဆို အဲ့ လိုတွေ လုပ်ရင်းနဲ့ ပျော်နေတတ်ပြီး ခြေဆော့ လက်ဆော့ ပါးစပ်အရသာခံတွေလည်း ရှိတတ်တယ်)
အဲ့ လို သဘောတွေဟာ အသီးတွေကို ရာရေ ခိုးနည်းတွေထဲက တစ်နည်းလေးပါပဲဗျာ..ဒီသဘောတွေကို မြို့ ပွဲစားက အလိုတူအလိုပါသဘောလည်း တစ်ခါတစ်လေ ပါတတ်လေ့ ရှိပါတယ် တစ်ခါတစ်လေ တောကုန်သည်ကိုရောမြို့ ပွဲစားကိုပါ အလုပ်သမားနဲ့  လက်လီဝယ်လက်သမားက ပေါင်းရိုက်တာမျိုးလည်း ရှိပါတယ် ။
အပေါ်က စာပိုဒ်ထဲမှာ ရာရေ ခိုးသွားပုံလေး ထည့် ရေးခဲ့ ပါတယ်ဗျား (( ဒီလိုနဲ့  ''' တစ် နှစ်သုံးလေးငါးခြောက်ကနေ......ဆယ့်လေး ဆယ့်ငါး ဆယ်ခြောက် ဆယ့် ခွန် ဆယ့် ခွန် ဆယ့် ရှစ် ဆယ်ကိုး နှစ်ဆယ် ..တွေ ရောက်လာချိန် မှာ ''' )) ဆိုတဲ့  စာကြောင်းထဲမှာ ''' ဆယ့် ခွန် '' ကို ''' ဆယ့် ခွန် ဆယ်ခွန် ''' လို့  နှစ်ခါ ရေးခဲ့ တာက ( ပိုရေလိုက်တာ) ရာရေခိုးနည်းလေးပေါ့ လေ :P 😁 )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..