♫ ♪♫ '' အိုးလေးလှုပ်ပါဟေ့  ဟေ့  အိုးလေးလှုပ်ပါဟေ့  '' ♫ ♪
--------------
♫ ♪♫ '' အိုးလေးလှုပ်ပါဟေ့  ဟေ့  အိုးလေးလှုပ်ပါဟေ့  '' ♫ ♪ ဆိုတဲ့  သီချင်းက နေရာအတော်များများ ကလေးတွေ ပါးစပ်ထဲမကျန် ပေါက်သွားခဲ့ ပြီးမှ လတွေ အတော်ကြာတော့  နာဂစ် ဖြစ်လာတယ်။
အဲ့ မှာ တစ်ချို့ ကဆိုတယ် အဲ့  အိုးလေးလှုပ်ပါဦး ဆိုတဲ့  သီချင်းဟာ နာဂစ်အတွက်
နမိတ်တဲ့  အဲ့  ဒါကို အားဖြည့်  နမိတ်က အဲ့ ကာလက ခေတ်စားနေခဲ့ တဲ့  ခေတ် လူငယ်ထုရဲ့  ''' လန်နေတာပဲ '' အသုံး...။ အဲ့ ဒါကို အဓိပ္ပါယ်ဖွင့် ဆိုကြပုံက
( ပေါက်ဖေါ်လို့  ဆိုချင်ဆိုနိုင်မယ် အကြောင်းက ကြို အဓိပ္ပါယ် ဖွင့် ဆိုတာမျိုး မဖတ် မကြားခဲ့ ရဘူးလို့ )
အိုးလေးလှုပ်ပါဟေ့  ဆိုတာဟာ တိုင်းပြည်ရဲ့  ၀မ်းစာ စပါးကျီလို ဖြစ်နေတဲ့  ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်း ဘေးဆိုးကြီး ကျရောက်လာလို့  တိုင်းပြည်ရဲ့  ထမင်းအိုးကို ထိခိုက်ကုန်တဲ့  နမိတ်လို့ 
ဖွင့် ဆိုကြသလို ခေတ်ပေါ်မဒီလေးတွေ ရဲ့  ဖက်ရှင်ဒီဇိုင်း အသစ်လေးတွေကို ဘန်းစကားနဲ့  '''လန်နေတာပဲ '' ဆိုတာဟာလည်း နာဂစ်မုန်တိုင်း လေပြင်းကြောင့်  ခေါင်မိုးတွေ လန်ထွက်ကုန်တာပါပဲလို့  ပြောခဲ့ ကြတယ် အဲ့ အပြောတွေ အကုန်နီးပါးဟာ ဘေးဖြစ်ပြီးမှ ပြန်အဓိပ္ပါယ်ဖေါ်တာမျိုး များခဲ့ တာ
နမိတ် အတိတ်တဘောင် စနည်း ဘဝေါ သဘောတွေကို စိတ်ဝင်စားဖတ်မှတ်လေ့ လာနေခဲ့ တဲ့ သူတွေ သိလောက်မှာပါ။ ဒါကို လက်ခံတဲ့  သူလည်းရှိ ဘာမှမဆိုင်ဘူး ဆိုပြီး
ငြင်းပယ်ခဲ့ သူတွေလည်း ရှိပေါ့ 
ပြီးခဲ့ တဲ့ နှစ်က အကြီးအကျယ်ပေါက်ခဲ့ တဲ့ သီချင်းက ၀ါထှာဖါထီ ရေဖါထီ သင်္ကြန်သီချင်းပါပဲ......ရေပွဲသဘင်အကြောင်း ဖွဲ့ ဆိုခဲ့ သမျှထဲ ဒီဖက်ခေတ်မှာ အပေါက်ဆုံးလို့  ဆိုလို့ ရလောက်အောင်ပါပဲ...အဲ့  သီချင်းဟော့ ပြီး မိုးရာသီရောက်ချိန်မှာတော့  ဗမာပြည်အထက်ပိုင်းမှာ ထူးခြားရေကြီးချက်က မြို့ တစ်မြို့ လုံးပါ ရေအောက်ရောက်ခဲ့ ရတဲ့ အဖြစ် ဖွဘုတ် ပရိုဖိုင်တွေတောင်ချိန်းပြီး နိုင်ငံတကာအကူအညီလေးများရမလားလို့  တောင်ခံကုန်ကြတဲ့  အဖြစ် နိုင်ငံသားအများစု ကြည့် မနေနိုင်တော့ ဘူး ကိုယ်နိုင်ရာဝန် ၀င်ထမ်းကြ အဖြွ့ အစည်းအသီးသီးက ရေဘေးအကူအတွက် ရံပုန်ငွေတွေ ထွက်ကောင်ကြ စင်တင်ပွဲတွေနဲ့  ရေဘေးအကူငွေတွေ ခံကြပေါ့ ..။ အဲ့ အဖြစ်မှာတော့  တစ်ချို့ တွေက ဒီ ၀ါထှာဖါထီ ရေဖါထှီ သီချင်းနမိတ်ဟာ ဗမာပြည် ရေကြီးမယ့် နမိတ် ဖြစ်လောက်တယ်လို့  ကြိုတွေး ဟောသလို နမိတ်ဖတ်သလိုလို လုပ်ပြတာ တွေ့ လိုက်ရပေမယ့်  ဘယ်အချိန် ဘယ်ကာလမှာ တိုင်းပြည်ရဲ့  ဘယ်နေရာမှာလို့  မပါကြဘူး အများစုကတော့  အဲ့  ၀ါထှာဖါထီ ရေဖါထီ သီချင်းကို ခေတ်အလိုက် ပေါက်ထွက်လာတဲ့  သီချင်းသဘော ခံစားမှု့ လောက်ကလွဲလို့  ဘာနမိတ်တွေ အတိတ်တွေ ယူဖို့ ကို အာရုံမရှိကြပါဘူး သင်္ကြန်အပြီး ၀ါထှာဖါထီလည်း ပြီးသဘောလောက်ပါပဲ...
အဲ့ လို သီချင်းတစ်ပုဒ်ဟာ မြို့ နေတွေကြားတင်မကဘူး ကျေးလက်သဘောအထိ အချိန်တိုတိုလေးအတွင်း အရှိန်ပြင်းပြင်းနဲ့  လူတကာ အများစုရဲ့  ပါးစပ်ဖျားနီးပါး ပျံ့ နှံ့ သွားဖို့ ဆိုတာ သီချင်းသမိုင်းတွေ ကို
လေ့ လာကြည့် ရင် လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး အကြောင်းကြောင်းတွေ အများကြီးဆုံမှ ထပေါက်သွားတတ်တဲ့ သဘောရှိပါတယ်
ခုလပိုင်း အတွင်း ကထိန်ပွဲ အများစုပါမကျန် လူတကာအများစုကြား ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဆိုစေ...ရှောင်မရအောင် ရှောင်ရခက်လောက်အောင် သတင်းကြီး ပျံ့ နှံ့ လာတဲ့  သီချင်းက
'' မနောရဲ့  ဗိုလ်အောင်ဒင် '' သီချင်း ပါပဲဗျာ...ဒီသီချင်းရဲ့ ပေါက်နှုံးက ၀ါထှာဖါထှီ ရေဖါထီ သီချင်းပေါက်နှုံးနဲ့  နင်လား ငါလားအထိ ဆိုရလောက်အောင် ပေါက်နှုံး မြင့် တာ တွေ့ နိုင်ပါတယ် တစ်ချို့ ဆို ခေတ်နောက်ကျကျန်ခဲ့ မှာဆိုလို့  အဲ့ ဗိုလ်အောင်ဒင်က ဘာကြီးတုံးတွေ မနောဆိုတာ ဘာလဲတွေအထိပါ စိတ်ဝင်စားမှု့ တွေ ပုံမှန်ထက်များပြားခဲ့ ပါတယ်
အဲ့ လောက် ပေါက်နေတဲ့  ဗိုလ်အောင်ဒင်သီချင်းက ဗမာပြည်အနာဂတ် အချိန်တစ်ခုခုမှာ တစ်ခုခု ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်လာတော့ မယ့်  နမိတ် သဘောအရာဝင်လောက်ခဲ့ ပြီလား တွေးစရာပေါ့ ....သဘင်သည်စကား သူရူးစကား ကလေးစကား လျှော့ မတွက်နဲ့  ရှေးစာဆိုတွေက ဆိုသကိုး....
ကျနော်တို့  ငယ်တုံးက မနှစ်သက်သူတွေက လမ်းသရဲ သီချင်းလို့ ဆိုခဲ့ ကြတဲ့  အာလူးလာမပေးနဲ့ လေနဲနဲလျှော့  သီချင်းထဲမှာ ဘူတာရုံမှာ သင်္ဘောကြီးတွေဆိုက်လို့  ရယ် မယုံမရှိနဲ့  တကယ်ပါပဲကွယ့် တို့  လေယဉ်ပျံကို ဂဲနဲ့ ပေါက်ရင်ထိလိမ့် မယ် မယုံမရှိနဲ့  တကယ်ပါပဲကွယ့်  ဘာညာ သီချင်း ထဟော့ တော့  လူကြီးတွေက သဘောမကျကြဘူး မင်္ဂလာမရှိ ကျက်သရေမရှိတဲ့ .. အဲ့ တုန်းက အဲ့ လောက်ပါပဲ
သိပ်မကြာခင်...( ဘယ်လောက် သိပ်မကြာခင်လဲတော့ မမှတ်မိတော့ ဘူး ) ဗမာပြည် အထက်ပိုင်းမှာ ရေကြီးတော့  ရေကြီးမှု့  အဆိုးဆုံး အဖြစ်သမိုင်းမှတ်တမ်းဝင်သွားခဲ့ တာက ပြည်မြို့  ပါပဲ.....ပြည်ဘူတာကြီးပါ ရေမြုတ်လို့  ဘူတာပတ်လည်မှာ လှေဆိပ်လို ဖြစ်ကုန်ယုံတင်မကဘူး ပြည် ရွှေဆံတော်ဘုရား အဓိက မုဒ်ဦးက ခြင်္သေ့ ကြီး ခြေရင်းပါရေရောက်လို့  ပြည်မြို့ နေရာအနှံ့ လှေနဲ့  သွားခဲ့ ရတာတွေ ဖြစ်လာကုန်တယ်...ပြီးတော့  မပျက်ကျစဖူး လေယာဉ်ပါ ပျက်ကျလို့  အကျော်ဒေးယတွေ ဖြစ်ကုန်တယ်..၊ အဲ့ မှာလဲ အဲ့ ဒါ အဲ့  ဘူတာရုံမှာ သဘောင်္ကြီးတွေ ဆိုက်လို့ ရယ်သီချင်းကြောင့် တဲ့  အဲ့  သီချင်းက နမိတ်တဲ့ ...
အဲ့ အခုရေးခဲ့ တဲ့  ပြည်ဘူတာရုံတွေ အိုးလေးလှုပ်ပါဟေ့ တွေ ၀ါထှာဖါထီ ရေဖါထှီတွေ ဟာ နမိတ် တကယ်ဖြစ်ခဲ့ မယ်ဆိုရင် နောက်ဆက်တွဲ အများစု ထင်ရှား အချက်က ပုံမှန်ထက် ပိုကြီးမားတဲ့  ရေဘေးတွေ ခံရခဲ့ တဲ့  သဘောချည်း တွေ့ နိုင်တာပါပဲ...၊ ဒါဆို အခု ဟော့ နေတဲ့  ဗိုလ်အောင်ဒင်ကရော နမိတ်တစ်ခု ဖြစ်လာမှာလား ဖြစ်လာရင် ဘယ်လို ကြီးကျယ်တဲ့ အခြေအနေမျိုးတွေ ( တစ်သက်နဲ့ တစ်ကိုယ် မကြုံဖူးထူးခြားအဖြစ်သဘောတွေ ) ဖြစ်လာမှာလဲ ဒီ့ ထက် ပိုမေးခွန်းထုတ်စရာက ဒါဟာ နမိတ်ကြီးတစ်ခုခု အတွက် ဖြစ်တယ်ဆိုရင် ဘယ်အချိန်ဘယါကာလမှာ ကြုံရမှာလဲ ၃လအတွင်းလ ၆လအတွင်းလား တစ်နှစ်အတွင်းလား သုံးလေးငါးနှစ်ကြာမှလား...တွေ ပြီးတော့  တိုင်းပြည်ရဲ့  အထက်ပိုင်လား မြစ်ဝကျွန်းပေါ်မှာလား အလယ်ပိုင်းမှာ ထူးခြားဖြစ်စဉ်တွေ ကြုံရမှာလား...မေးစရာ တွေးစရာတွေပေါ့ 
နောက်တစ်ချက်က ရှေးရှေးက နမိတ်ပါလို့  ဆိုခဲ့  သုံးသပ်ပြခဲ့ ကြတဲ့  ထူးခြား ပေါက်သီချင်းတွေအများစုဟာ '' လူ အမည် နာမကို ကိုယ်စားပြုပြီး ပေါက်ခဲ့ ကြတာမျိုး မဟုတ်ပဲ ဒီ အဆိုတော်မနောရဲ့ 
'' ဗိုလ်အောင်ဒင် '' သီချင်းကြမှ လူ အမည် ဗိုလ်အောင်ဒင် အမည်နဲ့  ပေါက်ခဲ့ တာဟာ ရှေးက နမိတ် ဆိုတဲ့  သီချင်းတွေနဲ့  ထူးခြား ကွဲပြားနေတဲ့  သဘောမဆောင်ဘူးလား ဒီထူးခြားမှု့ ဟာ နမိတ်ကို အဖြေလုပ်ပြတဲ့ နေရာမှာကော ကွဲပြားသွားနိုင်သဘော ရှိမလားနိုင်ဘူးလား..စသဖြင့် တွေးစရာတွေ...
နောက်တစ်ချက်ကတော့  မနောရဲ့  ဗိုလ်အောင်ဒင်ဟာ နမိတ်ဘောင် ၀င် မ၀င်ပါပဲ.....၀င်သည် မ၀င်သည်ကိုလည်း ဘယ်ကျမ်းနဲ့ တိုက် ဘယ်သူက သတ်မှတ်ဆုံးဖြတ်ပေးမှာပါလဲ.....။
ယေဘူယျသဘောတွေကို နမိတ်ကောက်ပြတာမျိုးတော့  ..အင်း တစ်မျိုးပေါ့ လေ....ကိုယ့် တစ်ယောက်ချင်းသဘောထက် တိုင်းပြည်ကြီးတစ်ခုလုံးအတွက် ထူးခြားဖြစ်စဉ်ဆိုတဲ့  နမိတ်သဘောဆိုတာမျိုးက
ဆိုပါတော့  အဲ့  လို ထူးခြားသီချင်းတစ်ပုဒ် က နိုင်ငံတ၀ှမ်း ပျံ့ နှံ့ သွားပြီး နောက် လအနည်းငယ်အတွင်း...'''စာဖတ်သူကြီး ဒီတစ်ခါတော့  တကယ်ဂိလေပြီ.'' ..ဆိုရင် သြော်.....ဟုတ်သားပဲ ဒီင်္သီချင်းက ဒါကိုး..ပေါ့ လေ...
------------------------------
အိုးလေးစာက ရှည်လွန်းလို့ နဲ့  မနက်က အာရုံမလာသေးလို့ ချန်ထားခဲ့ တဲ့  စာပုဒ်လေး ဒုအပိုင်းပေါ့ လေ..
---
တစ်ခုတော့  ဆိုလို့ ရတယ် အများဆိုင်ရာ တိုင်းပြည်လုံးဆိုင်ရာ နမိတ်ကောင်းဆိုး ဆိုင်ရာ သဘောတွေ ဖြစ်လာရင် အဲ့  ရောသုပ်ထဲ ကိုယ့်  တသီး ကိုယ့် တသီးမိသားစု ပါချင်ပါမယ် မပါချင်မပါနိုင်ဘူး...
အများဆိုင်ရာသဘောတွေမှာ တစ်သီးချင်းအနေနဲ့  မပါချင်ပါဘူး တွေဘာတွေလည်း ကြိုလုပ်လို့ မရနိုင်ဘူး....
ဥပမာ ၈၈ အရေးအခင်းမတိုင်ခင်မှာ တက္ကသိုလ်ထဲမှာ ၀ါးတွေသီးတယ် ( ၀ါးပင်က အသီးသီးတာကလည်း မကောင်းတဲ့  အတိတ်နမိတ်ထဲပါသတဲ့  အဲ့ မှာ ဘယ်တက္ကသိုလ်ကျောင်းထဲက ၀ါးပင်တွေလဲ ဘယ်တုန်းက သီးတာလဲ ဘာညာမပါဘူး ၈၈ ပြီးမှာ ပြန်ကြားရတာ။ နောက် တစ်ခုကတော့  ကျနော်တို့ ကိုယ်တိုင်ပါ မြင်ခဲ့ လိုက်ကြည့် ခဲ့ ကြတာ ကျောက်ဆင်းတုရုပ်ပွားတော်တွေ ရင်ဘတ်တော်တွေမို့ ဖေါင်းလာတာ...ဒါလဲ ၈၈ မတိုင်ခင်က ရန်ကုန်မှာအတော်ကြီးမားတဲ့  ဟော သတင်း ၊ အဲ့ ကျောက်ဆင်းတုရုပ်ပွားတော်တွေရဲ့  ရင်ဘတ်တော်တွေက အများအားဖြင့်  ကျောက်ဆစ်သင်္ကန်းရွှေနားရေးအတွန့် အတွန့် တွေ များတော့  တကယ်မို့ ဖေါင်းတာလား စိတ်ထင်တာလားတော့  မဝေခွဲနိုင်ဘူး...အဲ့ ဒါလဲ ၈၈ ပြီးမှာ ဒါတွေ ဒါတွေ အတိတ်နမိတ်တွေ ဖြစ်ခဲ့ တယ်လို့ ပြန်သုံးသပ်ကြတာများတယ် ၈၈ မဖြစ်ခင် ၈၈ ကြီး ဖြစ်လာလိမ့် မယ်လို့  ဘယ်ကမှ တစွန်းတစ နမိတ်ဖတ်တာမျိုး အကျယ်အပြန့် လူကြားထဲ မကြားခဲ့ ရဘူးဘူး... တစ်ခြားတွေကိုလည်း နမိတ်လိုလို ဘာလိုလိုတွေ ပြောခဲ့ ကြသေးတယ် ကျောပိုးအိပ်တွေပေါ်လာတာ လူတွေရဲ့  ဘ၀ပင်ပမ်းတော့ မယ့် လက္ခဏာ သရီးကွာတာဘောင်းဘီတွေခေတ်စားလာတာ လူတွေ ဖတ်သီဖတ်သီနဲ့ အပြေးအလွှား ရှာဖွေစားသောက်ကြရတော့ မယ် တက္ကသိုလ်ကျောင်းဝင်းတွေထဲမှာ တက္ကသိုလ်ကျောင်းသားတွေကွမ်းစားတာများလာတာကျောင်းဝင်းတွေထဲ သွေး ဘာညာပေါ့  ဒါတွေလည်းပါသေးတယ်
ဒါတွေဟာ နမိတ်တွေ ဟုတ်ဟုတ်မဟုတ် ၈၈ ကတော့  တကယ်ဖြစ်သွားခဲ့ တာတော့ သေခြာတယ်.၊ အဲ့ မှာ စောစောက နမိတ်တွေပါ လို့  လက်ခံလိုက်ပြီဆိုပါတော့  ဒီနမိတ်တွေဟာ တိုင်းပြည်လုံးဆိုင်ရာ သဘောကို ဆောင်နေတဲ့  သဘောပေါ့  လူတစ်ဦးတစ်ယောက်အတွက် ထွက်ပေါ်လာတဲ့  နမိတ်သဘောမဆန်ဘူးပေါ့ ....ဒီလိုဆို ၈၈ မှာ လူဘယ်နှစ်ယောက်သေဆုံးခဲ့ လဲ လုံးဝ ဘ၀တွေ ပျက်သွားတဲ့ လူတွေ ဘယ်နှစ်ယောက်ရှိခဲ့ လဲ ( အဲ့ တုံးက ဖတ်ဖူးတဲ့  သန်း ၄၀ကျော် လူဦးရေထဲကနေပေါ့ လေ)။ အဲ့ မှာ စောစောက နမိတ်တွေက အကြီးကြီး ဆိုပါဦးတော့  တိုင်းပြည်ရဲ့  ပကတိ လူဦးရေနဲ့  ရာနှုံးချကြည့် ရင်
အဲ့  ၈၈ ထဲမှာ အတိဒုက္ခရောက် သေကျေပျက်ဆီးခံခဲ့ ရတဲ့  လူဦးရေ ရာနှုံးက နဲနဲလေးလို့ တွေ့ နိုင်တယ်....အဲ့  နဲနဲလေးဟာ အဲ့  ၈၈ မှာ ပျက်ဆီးရဖို့ အကြောင်းက နဂိုကကိုပါလာတာမျိုးတွေ သဘောရှိတယ်ပေါ့ လေ..( သမိုင်း အချိုးအကွေ့ ကြီးတစ်ခုဖြစ်လာဖို့ အတွက် သမိုင်းရဲ့  ဓားစားခံတွေလို့ လည်း သုံးနှုံးကြတယ် ) ဒီလို အကြောင်းတွေ ပါလာမလာကိုလည်း ဘယ်လိုမှ ကြိုမှန်းမဆနိုင်ဘူး အဲ့ လို အများဆိုင်ရာ ဘေးကြီးတွေ ဆိုက်ရောက်လာရင် အဲ့ ဘေးကြီးထဲ ကိုယ်ပါသွားမသွား ကြိုမှန်းရခက်တယ် ကံ ပဲလို့  သဘောထားလိုက်ရတယ်ပေါ့  ပါမယ်ဆိုရင်လဲ ဘာနဲ့ မှ ကာလို့ မရနိုင်ဘူးသဘောပေါ့ 
ဒီတော့ သဘောက ကပ်ဘေးသဘောတွေ တကယ်လာဦးမယ်ဆိုပါတော့  အဲ့ ထဲ ကိုယ်ပါ သွားမသွားက သိဖို့ ခက်တဲ့  သဘောရှိမှတော့  အဲ့ မသေခြာမှု့ တွေ သဘောအတွက် တွေးပူနေစရာမလိုဘူး စိတ်ပူတတ်ရင် ကိုယ် စိတ်ကူးရှိသလောက် ဘာဘာညာညာ အစီအမံတွေလုပ် ကာထားကြည့် မယ် ကာထားတဲ့ ကြားက လူဦးရေသန်း လေးငါးဆယ်ထဲမှာမှ ကံကွက်ကြား ကိုယ်ပါသွားလည်း မတတ်နိုင်ဘူးပေါ့ ( မပါသွားဘူး ပါသွားမယ်လဲ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး ) ..ချုပ်လိုက်တော့ အများဆိုင်ရာ ဘာမကောင်းမှု့ တွေ ထိတ်လန့် တကြားဟောကိန်းကြီးတွေ နမိတ်ကြီးတွေ ထုတ်ထုတ် ဖတ်ဖတ် တွေးပူ ကြံကြောက် လှည်းအောက် မနေသာ ဆိုတာမျိုးအထိ ပျားတုတ်နေစရာ ကြောက်နေစရာမလိုဘူးသဘောပေါ့ လေ...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..