
ငွေဆောင်(၃)
---
အမှောင်ထုကနေ အလင်းရောင်လေးက တစ်စတစ်စ ကားနောက်က လိုက်လာသလိုပါပဲ နေရောင်လာနေပြီပေါ့  လမ်းဘေးဝဲယာက မြင်ကွင်းတွေလည်း တဖြည်းဖြည်းမြင်လာရပြီ လူသွားလူလာ ဆိုင်ကယ်သွားဆိုင်ကယ်လာတွေလည်းမြင်လာရပြီ မကြာခင်တော့ ရွှေမင်္ဂလာဆိုတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာ မနက်မုန့် စားဝင်ခဲ့ ပြီပေါ့ ဗျာ ဆိုင်ကြီးက အတော်ကြီးပြီး အပေါ့ အလေးသွားရတာအတော်အဆင်ပြေတယ် ၊
အဲ့ ကနေ ဆက်ထွက်ရင်းကနေ ပုသိမ်အ၀င်ရောက်ပေါ့  လမ်းမှာ ဒါးကနားက သံလမ်းကျော်လေးမှာ ရထားလာနေတာနဲ့ ဆုံလို့ ကားရပ်ရင်း ဓါတ်ပုံလေးတစ်ပုံတောင် ရိုက်ခဲ့ လိုက်သေးတယ် ငွေဆောင်ခရီးရဲ့ လမ်းမှာရိုက်တဲ့ ပထမဆုံးပုံလေးပေါ့ လေ..အဲ့ ရထားကြည့် ပြီး တစ်ခါတုန်းက ကြံခင်းပုသိမ်ရထားစီးခရီးစဉ်တစ်ခု သွားခဲ့ ဘူးတာတောင်ပြန်သတိရလိုက်သေးတယ်..ပြည်တွင်းရထားလိုင်းတွေ စီးဘူးသမျှမှ အကျန်ခဲ့ ဆုံး ရထားလိုင်းတစ်လိုင်းလို့ ဆိုရင်တောင်မမှားလောက်ဘူးလို့ တောင်ထင်မိသေးတယ်..ခိခိ.
ပုသိမ် အ၀င်ကနေ လမ်းခွဲအတိုင်း ငွေဆောင်ဆီသို့ ပေါ့  မိုင်က ၂၉မိုင်ဆိုလားပဲ ၃၀၀န်းကျင်ပေါ့ လေ..အဲ့ နားက ချောင်းသာနဲ့  ငွေဆောင်လမ်းခွဲလေးနေရာရယ်. ချောင်းသာက ၃၃မိုင်ဆိုလားပဲ..ငွေဆောင်ကို သိပ်ကြာအောင် မောင်းရတယ်တော့ မထင်ပါဘူး. ပထမတော့ လမ်းက မြေပြန့် ပဲ လမ်းဘေးတွေမှာလည်း အိမ်ခြေတွေမပြတ်ဆိုင်ခန်းတွေမပြတ်ပေါ့ လေ..နောက်တော့  မြင်ကွင်းက ပြောင်းသွားတယ် တောင်တက်တောင်ဆင်းတွေ တောင်ကွယ်ကားကွယ် အကွေ့ တွေများလာတယ် (အကွေ့ မှာ ဟွန်းတီးပါ ဆိုတဲ့ ဆိုင်းဘုတ်တွေပါတွေ့ လိုက်ရသေးတယ်) ကားမမူးတတ်တဲ့ ကျနော်တောင် မူးတူးတူးဖြစ်လာချင်တဲ့ အထိ အတက်အဆင်းအကွေ့ အကောင်တွေက ဆက်နေတာပါပဲ ကမ်းခြေမရောက်ခင် တောင်ကြောကြီးကိုအဆင်ပြေသလိုဖြတ်ဖေါက်ထားတဲ့ လမ်းမျိုးပေါ့ လေ..အဲ့ လမ်းက လမ်းခင်းထားတာ အတော်ကောင်းလို့  မေးကြည့် တော့  အဲ့ က ငွေဆောင်လုပ်ငန်းရှင်တွေ သူတို့ ငွေဆောင်ကို လာအောင်လို့ သူတို့ ဟာသူတို့ လမ်းခင်းထားတာတဲ့  သြော်..ဂလိုလားပေါ့ လေ..၊ အဲ့ တောင်ဆင်းတောင်တက် လမ်းကြောင်းလေးကိုပဲ ပုံမှန်ထက်အတော်ကြာအောင်ကားစီးနေရတယ်လို့ ကိုထင်လာတဲ့ အထိပဲ ကမ်းခြေနားနီလာပြီဆိုတဲ့ အသိက စိတ်တွေကို လှုပ်ရှားလာတော့ တာပါပဲဗျာ...ပင်လယ်ကို မြင်ချင်လှပြီလေ...ဘယ်တောင်ကြားထဲကများ ပင်လယ် ဆိုတာကြီးကို ဘွားကနဲ မြင်ရမလဲဆိုတဲ့  ပင်လယ်မျှော် ဖီလင်ကလည်း တကယ့် ဖီလင်ပါပဲ..နီးလာလေလေ ကုမ္ပဏီပိုင် ဘာစိုက်ခင်းညာစိုက်ခင်းတွေ က အများကြီးမြင်လာရတယ် တောင်ကြိုတောင်ကြား တောင်တက်တောင်ဆင်းတွေက ကျိုက်ထီးရိုးက ကင်ပွန်းစခန်းကနေ ရသေ့ တောင်သွားတဲ့ ကားလမ်းခရီးက မြင်ကွင်းမျိုးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ ၊
အဲ့ ကနေ ရည်ရွယ်ခရီးစဉ်ရဲ့ ပန်းတိုင် ငွေဆောင် ဆိုတဲ့  ရွာလိုလို မြို့ လိုလို လူတွေစည်တဲ့  ကမ်းခြေရွာတန်းရှည်ကြီးကိုရောက်ခဲ့ ပါရောဗျာ....အဲ့ အချိန် မနက် ၁၀နာရီစွန်းစွန်းရှိနေပြီ...ရန်ကုန်က ထွက်လာတာ အာရုဏ်တက် မနက် ၄ နာရီလောက်ကနေပေါ့ လေ ။ ကျနော်တို့  ဘွတ်ကင် ကြိုတင်ထားတာက ယုဇနရီဇော့ မှာတဲ့ ..၊ စွတ်သွားလိုက်တာ ရွာတန်းရှည်ရဲ့  ဟိုဖက်စွန်းနားအထိရောက်သွားလို့  လမ်းက လူတစ်ယောက် မေးလိုက်မှ ကျော်လာခဲ့ ပြီတဲ့  အဲ့  အုပ်စုတွေက ဟိုဖက် အတန်းမှာဆိုလို့ ပြန်ကွေ့ မောင်းလာခဲ့ ရသေးတယ်...တော်သေးတာပေါ့  မေးမိတဲ့  ပါးစပ်ပါလို့  အဟီး... ဒါနဲ့  ကားပေါ်ကနေဖုံးဆက်မေးလိုက်တော့  အမ်ဘိုတို့ ဘာတို့ ညာတို့ အကျော် ဘယ်နှစ်ခုမြောက်မှာလို့ ပြန်ဖြေပေးလို့  မောင်းလာပြီးမှ အဲ့  ယုဇနရီဇော့ ဆိုတာကြီးကိုရောက်တော့ တယ်...အဟီး...
ငွေဆောင်(၄)
----
အဲ့ တည်းခိုရာလေးရောက် သတင်းပို့  အခန်းပေး သော့ ယူ အခန်းရှိရာချီတက်တော့  ပင်လယ်ဖက်ကို မျက်နှာမူနေတဲ ကမ်းခြေနဲ့ အတော်နီးတဲ့ဆီဗျူးဘန်ဂလိုတန်းလေးဗျ အဲ့ မှာ အထုပ်အပိုးတွေကို ချတဲ့ သူက ချနေတုန်း ကျနော်က ကမ်းခြေကို တန်းဆင်းသွားပြီး ခြေဖျားတွေအပေါ် ပင်လယ်ရေ လှိုင်းတက်လာတဲ့ နေရာအထိ ဆင်းသွားပြီး လှိုင်းလာပုတ်တဲ့ နေရာမှာ ရပ်...လက်နှစ်ဖက်ကိုဘေးဆန့်  ပင်လယ်လေကို ရူချလိုက်ပြီး...ဟေး.....လို့  ပေါ့ လေ....ဟီးဟီး....( လေးဖြူရဲ့  ပင်လယ်အော်သံ ဆိုတဲ့  စီးရီးခေါင်းစဉ်လေးတောင် ဖြတ်ကနဲ သတိရလိုက်သေးတယ်)... ခြေဖျားတွေအပေါ်ပထမဆုံး ပင်လယ်လှိုင်းလေးတွေ လာထိတွေ့ လိုက်ချိန်ဟာ တကယ့် ဖီလင်ပါပဲ....ငါ....ပင်လယ်ကို ရောက်ခဲ့ ပြီပဲလေ ဆိုတဲ့ ဖီလင်ပေါ့ ...ခ်ခ်..
နောက်တော့  ညနေ နေကျမှ ပင်လယ်ထဲပြန်ရေစိမ်မယ်ဆိုပြီး အခန်းဆီပြန်တက်လာပေါ့ လေ..အခန်းတွေရော နေရာရော မဆိုးပါဘူးသဘောရှိတယ် ၊ မီးကတော့ မီးစက်မို့ မနက်၆ ည၆ တဲ့  ၊ အဲကွန်းလည်းပါတယ် ဘိုထိုင်အိမ်သာရေပန်းရေချိုးခန်း ရေစိမ်တဲ့  နွားစာခွက်ရေဇလုံရှည် သဘက်တွေ မာဆတ်တွေက မွေ့ ယာလို့  ၂ ထပ်ခင်းကြီးတွေနဲ့  ကုတင်နှစ်လုံးနဲ့  ( တူမတွေက အဲ့  စပလိမ်မွေ့ ယာပေါ်တက်တော့  အိဝင်သွားတာကို သဘောကျနေတော့  ကျနော်က ခုန် ခုန် လို့  လှမ်းပြောလိုက်တော့  ( အစကတည်းက ခုန်ချင်နေပုံရတယ် အဟီး ) အဲ့ မွေ့ ယာပေါ်မှာ တက်ခုန်ဆွ ခုန်ဆွလုပ်လိုက် ပစ်လှဲချလိုက်နဲ့  လွှတ်ပျော်နေတော့ တာပါပဲ..ခ်)
ဘီဒိုတစ်လုံး အ၀တ်လှမ်းစင် စာရေးစားပွဲ စားသောက်ခုံ ထိုင်ခုံကြီးနှစ်လုံး ဒရင်းဘက်ကြီးတစ်ခု တီဗွီက စကိုင်းနက်နဲ့  ရေခဲသေတ္တာပုလေးနဲ့ ပါတယ် ၊ အခန်းခက တစ်ည ၄သောင်း ထဲ (မဆိုးပါဘူး )
နောက်တော့  စပ်စုတော့  တစ်ခြား ရီဇော့ တွေလည်း ရှိတယ် ဈေးကအမျိုးမျိုး သိန်းချီတဲ့ အခန်းတွေလည်းရှိတယ် ဒေါ်လာနဲ့ ယူတာတွေလည်းရှိတယ်
နောက်နေ့ လိုက်ကြည့် တော့  ရေကူးကန်အကြီးကြီး နဲ့ ရီဇော့ လိုလို ဟိုတယ်လိုလိုတွေလည်းရှိတယ် အထပ်မြင့် တွေလည်းရှိတယ် ( အထပ်မြင့် တွေတော့  သဘော မကျပါဘူးဗျား ပင်လယ်လာတယ်ဆိုမှတော့  ကမ်းခြေနဲ့ နီးလေး ကမ်းခြေကို မြန်မြန်ဆင်းသွားလို့ ရလေ ကြိုက်လေပဲ ) အဲ့ မှာ အတွင်းပိုင်းမှာလည်း တည်းခိုခန်းတွေရှိသေးတယ် သူတို့ ကဈေးသက်သာတယ် ကမ်းခြေအဆောင်တွေတောင်မှ အတွင်းထဲက အဆောင်တွေက ဆီးဗျူး ဆိုတဲ့ ပင်လယ်ကို မျက်နှာချင်းဆိုင်နေတဲ့  အဆောင်တွေထက် ဈေးသက်သာတယ်လို့ ဆိုတယ်ဗျား...ပင်လယ်ကို မြင်နေရတာမမြင်ရတာနဲ့  ကမ်းခြေနဲ့  နီးတာ မနီးတာက ဈေးကို အဲ့ လိုကွာသွားသေးတယ်...တယ်တန်ခိုးကြီးတဲ့ ပင်လယ်ပါလားပေါ့ လေ...အဟီး.. အဲ အဲ့  မှာက ၂ ယောက်ခန်းဆိုပေမယ့်  ပိုနေလို့ လဲရသတဲ့  ( ဒါကတော့  အင်တာနေရှင်နယ်သဘောအရဆို ဒီက လူနေမှု့ စတိုင်တွေအရ ချွင်းချက်သဘောပါတဲ့  သြော..ဟုတ်လားပေါ့ လေ... )
နဲနဲ နားပြီးတာနဲ့  အဲ့  ယုဇနက စားသောက်ဆိုင်သွား တွတ်တီးပေါ့ လေ..( ဒါကတော့  ပိုက်ဆံပေးရတယ်)..ဘီယာတွေဘာတွေလည်းရတယ်လို့ ဆိုတယ် မှာစားတာက ထမင်းပေါင်းဆီးဖုနဲ့ ဆိုတော့  မဆိုးပါဘူး လက်ရာလည်းကောင်းသား ဈေးလည်းမဆိုး စားပျော်သားပေါ့ လေ ဆီးဖု ဆိုပြီး ပုဇွန်တွေ ဒလဟော ကျန်တာခိုမဟုတ်ပဲ အစုံပါပြီး ဂုံးတွေအများကြီးထည့် ပေးတော့ လေ..။ တွတ်တီးပေးပြီး...အဟင်း...နာရီ တကြည့် ကြည့် နဲ့ ပေါ့  နေချိုချိန်ကို စောင့် ရတာ အတော်စိတ်ရှည်ယူရတယ် လူက ပင်လယ်ကို ဆင်းချင်လှပြီလေ..ခိခိ....ဇွတ်ကြီး နေပူထဲ ဆင်းချသွားရင် အပူရှပ်နေမှ ဟုတ်ပေ့ ဖြစ်မှာကလည်း စိုးရသေးကိုး...ပင်လယ်ကို ဆင်းချင်လို့ နာရီတကြည့် ကြည့်  ဖြစ်ရတာ ဒီတစ်ခါပဲ ကြုံဖူးသေးဆိုသလိုပါပဲဗျာ...သွားချင်ပြီဆို စိတ်က အဲ့ လိုတွေ....ခ် ဒါနဲ့  ခပ်လှမ်းလှမ်းက လင်ပန်းခေါင်းရွက် အော်သွားတဲ့ အသည်ကို လှမ်းခေါ်တော့  ပုစွန်နဲ့  ငါးကင်ချောင်းတွေ...အဲ့ မှာ နေကျချိန်စောင့် ရင်း အကင်ဝယ်စားနေလိုက်တော့ တာပေါ့ လေ...မဆိုးဘူး...ဒေသ လက်ရာ အချဉ်စပ်နည်းလေးနဲ့ ဆိုတော့ လေ..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..