Powered By Blogger

Wednesday, December 7, 2016

ဖြတ်သန်းခဲ့ ဘူးတဲ့  နှောင်းခေတ်ကြေးမုံလေး တစ်ခုပါ..... :P 😁😁


ဖြတ်သန်းခဲ့ ဘူးတဲ့  နှောင်းခေတ်ကြေးမုံလေး တစ်ခုပါ..... :P 😁😁
----
လူတစ်ယောက်နဲ့  တစ်ယောက် ဗီဇသဘောဆန်ဆန် အကြိုက်ချင်းတွေ မတူညီတတ်ခဲ့ ကြဘူး...၊ ကျနော်တို့ ခေတ်မှာ ကျနော်က စတိတ်ကျောင်းမှာ ဘင်ခရာ သမားတစ်ယောက်ဖြစ်ခဲ ဘူ့းတယ် ထရမ် ခေါက်သမားဆိုတဲ့  တြိဂံ သုံးမြှောင့် သံချောင်းလေး ခေါက်ရတဲ့  ( သံချောင်းခေါက်တယ်လို့  ခေါ်ပါသဗျ ငိငိ) အဆင့် ကနေ ဘင်ခရာ တစ်ဖွဲ့ လုံးကို ဦးဆောင်ရတဲ့  ရှေ ဆုံးကနေ ကျိုင်းကိုင်ရတဲ့  ဆရာကြီး အဆင့် အထိပါပဲ ခ်....ငိငိ ( ကြွားစရာမရှိ ကြံဖန်ကြွား ခ် ..ငိငိ ....ဟီး.....)

ရှေ့ ဆုံးကနေ ကောင်းကင်မြှောက်ပြလိုက် ပြန်ဖမ်းပြလိုက် လက်ထဲ ကုလား တုတ်သိုင်းကစားသလို ကျိုင်းကို ကစားပြလိုက်နဲ့  ကျိုင်းကိုင်သမား ဖြစ်မလာသေးခင် ကြားထဲမှာ ပါးစပ် နှုတ်ခမ်းဖျားထားပြီး တည့် တည့် မှူတ်ရတဲ့  စီပုလွေ နဲ့  ပါးစပ်နှူုတ်ခမ်းမှာ ဘေးစောင်းထား မှူတ်ရတဲ့  ဘီဖလက် ပုလွေတွေ ကလဲနက်ဆိုကြတဲ့  လေမှုတ်ပစ္စည်းတွေ ဘူုဘူ ဘော်ဘော်တွေနဲ့  ဖင်လိပ်ခေါင်းထွက်လုမတတ် မှုတ်ရတဲ့  ထရမ်းပက် အကြီးအသေး ဆိုသဟာတွေ ယကွင်းတီးသမား ဘင်ထုသမား ဒရမ်တီး ဒရမ်စတစ် ကစားပြသမားဘ၀တွေကို အဆင့် ဆင့်  နဲ့  ကျော်ဖြတ်ခဲ့ ရတယ် ။

အဲ့ ဘင်ခရာဝိုင်းတွေ အဓိက ပွဲဝင်ခဲ့ ရတာက ဒီဇင်ဘာ ပြည်သူ့  အားကစားလဆိုတဲ့  ဆောင်းရာသီ စနေ နဲ့  တနင်္ဂနွေ မနက်အစောကြီး မြူတွေ နှင်းတွေကျစ အချိန်တွေနဲ့  ကျိုက္ကစံကွင်းမှာ ၀ှဲချီး ကျင်းပခဲ့ တဲ့  ပြည်ထောင်စုနေ့  အလံတော်ကြိုဆိုပွဲတွေနဲ့  ပြည်ပ က လာတဲ့  ဧည့် သည်တွေကို ကြိုဆိုပေးရတဲ့  နိုင်ငံတော် ကြိုဆိုပွဲတွေမှာ ပါလေရာ ရာဖြစ်ခဲ့ တဲ့  တီးဝိုင်း သဘောတွေပေါ့  ...။

အဲ့ လိုပွဲတွေမှာ ရန်ကုန် ဒေါင်းတောင်းက စတိတ်ကျောင်းတွေက ဘင်ခရာ ၀ိုင်းတွေက ပွဲတိုင်းပါလေရာတွေ သဘောပါပဲ ဒေါင်းတောင်းက စတိတ် ကျောင်းတွေက ကျောင်း ရံပုံငွေတောင့် လို ရယ် စတိတ် ကျောင်းအုပ် ဆရာကြီး ဆရာမကြီးချင်း ပြိုင်နေကြတာရယ်ကြောင့်  က ကျောင်းတွေက ဘင်ခရာ ပစ္စည်းဆို ခေတ်ပေါ် အကောင်းဆုံးတွေ ၀ယ်နိုင်ထားကြသလို .၊ ကျနော်တို့  ဘင်ခရာ အဖွဲ့ သားတွေကို လာလေ့ ကျင့် ပေးသူတွေကိုက နိုင်ငံတော် စစ်တီးဝိုင်းက တပ်ကြပ်ကြီး ဆရာကြီးတွေ......။


ဒါက အရင်ခေတ်က သမိုင်းကြောင်းသဘောတွေပါ အဲ့ မှာ ကျနော်တို့ ဆိုးပေ ဘင်ခရာသမားတွေက အဲ့ လို ပွဲကြီးတွေရှိပြီဆို....အိမ်ကို အကြောင်းပြချက်က ပွဲကြီးတွေ ရှိလို့ ဆိုပြီး စတိတ်ကျောင်းမှာ
ည အိပ်ကြတယ်...( တကယ်က တစ်ညလုံး မအိပ်ပါဘူး ။..) ( အဲ့ မှာ စတိတ်ကျောင်းရဲ့  သရဲ ပုံပြင်တွေ လဲ အများကြီး ကြုံခဲ့ ရပေါ့ လေ)..
( အဲ့ ခေတ်က ဘင်ခရာ အဖွဲ့ ဝင်အများစုကလည်းကျောင်းစာမဖတ်ရပြီးရော စိတ်တွေက ပိုများနေတတ်ပြီး ခပ်ကဲကဲတွေက ပိုများပါ့ ဗျာ )
( အဲ့ မှာ ဘင်ခရာအမှတ်ဖြင့်  ကြက်ခြေနီ အမှတ်ဖြင့်  အောင်သည် ဆိုတာတွေ ဖြစ်လာတော့ တာပါပဲ )

ည မအိပ်ဆိုတာက နဂိုကကို ညအိပ်ဖို့  အစီအစဉ်မရှိခဲ့ ပဲ( တကယ်ဆိုလဲ ကျောင်းမှာ ညအိပ်စရာကို မလိုတဲ ညအခြေအနေပါ အိမ်က ည ဖက် အပြင်ထွက် ကဲချင်လို့ သာ အကြောင်းပြတာမျိုးပါပဲဗျာ မနက်စောစော လာလဲ မီတာပါပဲဗျား ငိငိ ) သဘောကဗျာ မိဘ ကွယ်ရာမှာ ကဲချင်လို့  အကြောင်းပြ စတိတ်ကျောင်းမှာ ည သွား အအိပ်ပြတာမျိုးလောက်လေ..။
အဲ့ မှာ ကိုယ့် ထက် ကျောင်းဆွေးဆွေး လူဆွေးဆွေးနဲ့  အတန်းစဉ် စာမေးပွဲတွေ တဖုတ်ဖုတ်ကျပြီး အရွယ် အကောင်ကြီးနေပြီး ဘင်ခင်ရာ အဖွဲ့ မှာ ဆရာကြီးတွေ ဖြစ်နေတဲ့  ကျောင်းသားကြီးတွေက
အဲ့ လို ညမျိုးတွေမှု ဆေးခြောက်တွေ ရှုကျ ဆေးခြောက်တွေနဲ့  ကြက်သား ရော ကာလသားဟင်းတွေချက်စားကျနဲ့  ပျော်ချင်တိုင်းပျော်နေကြတော့ တာပေါ့ လေ..

အဲ့ မှာ ကျနော်တို့ က ခေးတွေဆိုတော့  အဲ့ ဆေးခြောက် ရူချိန်ထွက်လာတဲ့  အနံ့ ဆိုးတွေကို မကြိုက်ကြဘူး ပျော်တာကလဲ ပျော်ချင် ညလုံးပေါက်ကဲကလည်း ကဲချင်ဆိုတော့  ဆေးခြောက်အရွက်တွေနဲ့  ကြက်သား ရောချက်ထားတဲ့  ကာလသားဟင်းတွေသာ တီးပေါ့ လေ.။

ဆေးခြောက်ရူတဲ့  လိုင်းသမားတွေနဲ့  တစ်ခြား ရီဝေ လိုင်းသမားတွေ မတူကြဘူးသဘောပေါ့ လေ...အဲ့ တုန်းက ဆေးခြောက်ကို ဆရာကြီးပင့် တယ်လို့  အသုံးအနှုံးနဲ့  နာမည်ကြီးနေပြီး ကျနော်တို့ ဘင်ခရာဝိုင်းခေါင်းဆောင်ကျောင်းသားကြီး တစ်ယောက်ဆို အဲ့ ခေတ်က နာမည်ကြီး မြန်မာသံ အဆိုတော်ကြီးတစ်ယောက်ရဲ့ 
သားတောင် ဖြစ်နေတာမျိုးပဲ. (သူလည်း ကျောင်းစောထွက်သွားပြီး စီးရီတွေဘာတွေ ထုတ်ခဲ့ ဘူးသေးတယ်လို့ ဆိုတယ်) ။ စကားစပ်လို့ ပြောရရင် ဟို ကုလားသံစဉ်တွေနဲ့  နာမည်ကြီးခဲ့ တဲ့  ကျနော်တို့ လည်းကြိုက်ခဲ့ ကြတဲ့  အဆိုတော်ကြီးဆို ဆေးခြောက်သမား (၀ါ) ဆရာကြီး ပင့် သူ လို့ တောင် လူသိများ နာမည်ကြီးခဲ့ တာမျိုး သူတကာ အဖြူတွေနဲ့  နာမည်ကြီးခဲ့ တာမှာ သူ့ တစ်ယောက်ထဲ အဲ့  ဆေးခြောက်ဆိုတဲ့  ဆရာကြီးနဲ့  သတင်းဟော့ ခဲ့ တာမျိုးပဲ ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..