Powered By Blogger
Wednesday, December 7, 2016
လေးဘီးကားသမားဘ၀မှာ....( ၁၁ )
လေးဘီးကားသမားဘ၀မှာ....( ၁၁  )   ( ခေတ်ပြိုင်ဘ၀အခြေအနေတွေ နဲ့ ကျနော်တို့ စိတ်ခံစားမှု့ အခြေအနေတွေ  ....😁)
----------------
ကားကို အငှားချထားလိုက်ပြီး  ကားအတွက် သောက တစ်ရန်အေးလို့   ကိုယ်လိုချင်လွန်းနေတဲ့  ပညာရပ်အတွက်  နောက်ကြောင်းအေးအေးနဲ့    စိတ်ဖြောင့်  လက်ဖြောင့် နဲ့  ဆရာ့ အပါးတော်မြဲ 
တပည့် တွေ ဖြစ်လာခဲ့ ပေမယ့်   အရင်က အိမ် သိပ်မကပ်  အပြင် ကျင်လည်သူတွေ ဖြစ်လို့   လောကထဲက  ထမင်းစားရေသောက်  လုပ်မြဲ  အပြုအမူတွေနဲ့   ကျနော်တို့ တွေ အကျွမ်းတ၀င်တော့ မရှိခဲ့ ကြပါဘူး..၊ဒါပေမယ့်   အဲ့ ခေတ်က လူ့ အဖွဲ့ အစည်းဝင် အများစု စိတ်သဘော ဆရာကို ဆရာမှတ်မှတ် စိတ်သဘောတော့  ကျနော်တို့ မှာ  ရှိနေခဲ့ တယ်...။
 ကိုယ့် ဟာကိုယ် အပြင်မှာ  ဘယ်လောက် ဂျလေဘီကျကျ  ဆိုးပေတွေလုပ်နေနေ  မိဘကို မိဘမှန်း  ဆရာကို ဆရာမှန်း အသိစိတ်ကတော့  ရှိနေသေးတဲ့  စိတ်တွေနဲ့ ပေါ့ လေ....သူတကာကို  ဆရာသာ အလွယ်တကူ မတင်တတ်တာ  ဆရာတင်မိပြီဆို ကိုယ့် ဆရာဟာ ကိုယ့် ဆရာပါပဲ  ဘယ်မှာ ဘယ်အချိန် ဘယ်နေရာမှာတွေ့ တွေ့   ဆရာဟာ ဆရာပါပဲ ဆရာခေါ်လိုက်ဖို့  ၀န်လေးနေမယ်မဟုတ် စိတ်အခံတွေရှိနေတာမျိုးပေါ့    ဒီတော့   ဆရာ့ ဆိုင်ခန်းရောက်ရင်  ဆရာ့ ဝေယျာဝစ္စတွေ  ကျနော်တို့ တပည့် တွေက  ဘာများ လုပ်ပေးရမလဲ ဆိုတဲ့  စိတ်အခံက ရှိနေတယ်သဘောပါပဲ....
တစ်သက်လုံးက  အိပ်ချင်တဲ့ အချိန်ထိုးအိပ်  ထချင်တဲ့ အချိန်မှ ထ နဲ့    နေဖင်ထိုးအောင် အိပ်တတ်တဲ့ သူတွေ က  ဆရာမလာခင် ဆရာဆိုင်ခန်းကို  ကျနော်တို့ က အရင်ကြို ရောက်သွား   အမှိုက်တွေလှဲ  ခေါက်ခုံလေးတွေခင်း နဲ့ ဆရာလာမယ့်   ဆရာလာတတ်တဲ့ လမ်းကို ကြိုမျှော်စောင့် နေခဲ့ တတ်ပြီ....တစ်ခါကများ အိမ်မှာ  အမေ့ ကို ကူဖို့    မီးဖိုချောင်ထဲဝ်  တစ်သက်လုံး  မီးမွှေးပေးခဲ့ ဖူးမှန်း သိသာချက်က  ...
ဆရာ လာရင် အဆင်သင့် အမော်ပြေ  ရေနွေးကြမ်းလေး သောက်ရအောင်ဆိုတဲ့  စိတ်လေးနဲ့    ဆိုင်ခန်းက  အုပ်ခဲ သံခွေပတ် မီးဖိုးလေးကို  ရေနွေးအိုး တည်ထားပေးမယ်လေ ဆိုတဲ့  စိတ်နဲ့  မီးထမွှေးပေးတာမှာ   မီးမွှေးစလေး  နဲနဲ သုံးရတဲ့  ထင်ရူးဆီချောင်းကို  ထင်းဆိုက်သလို  မီးမွှေးတော့  မီးခိုးတွေဆိုတာ မနဲ  အူထွက်လာ မွှန်ထွန်ကုန်တော့ တာပေါ့   အဟီး   အဖြစ်က  မီးစမွှေးရင် သုံးတဲ့  ထင်းရူးဆီချောင်းနဲ့  
မီးဖိုတဲ့ ထင်းချောင်း မခွဲခြားတတ်ခဲ့ တဲ့ အဖြစ်က )   အဲ့ အချိန်ကြမှ ဆရာက လက်ဆွဲအိပ်မဲမဲလေးတစ်လုံးနဲ့   လှုပ်စိ လှုပ်စိနဲ့  နောက်ကနေ    ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ....မီးခိုးတွေ အူထွက်နေတဲ့ မီးဖိုရှေ့  ယပ်တောင် တဖြတ်ဖြတ်နဲ့ ထိုင် ယပ်ခပ်ရင်း ငုတ်တုတ်ထိုင်  အသည်းအသန် မီးမွှေးနေတဲ့  ကျနော်ခေါင်းကို တစ်ချက် လှမ်းခေါက်လိုက်ပြီး  တဟားဟား ရယ်ရင်း  မင်းတို့ ကောင်တွေ  မီးဖိုချောင် မ၀င်ဖူးမှန်း သိသာလိုက်တာ လို့ ပြောရင်း ရယ် ...ကျနော်တို့ ကိုယ် အိမ့်  အတွက်  လက်မကြောမတင်းခဲ့ ဘူးတဲ့   ဆိုးပေတစ်ပိုင်း တပည့်  တွေလည်း ဆရာနဲ့ ရော ရယ် မိပေါ့ လေ.....
အရွေ့ တွေ ဖြစ်လာဖို့  တွန်းအားတစ်ချက် သဘောဖြစ်လာခဲ့ အခြေအနေတွေ တစ်ချို့ ကလဲ  ခေတ်ကြီး တစ်ခုလုံးက အပြောင်းအလဲကြီး  အခြေအနေတစ်ခုနဲ့  ကြုံနေရတဲ့  အနေအထားသဘောတစ်ခုလည်းပါပါတယ်.၊
အဲ့ ကာလမှာ  ( အာဏာမသိမ်းခင်လေးနဲ့  အာဏာသိမ်းပြီးစ နှစ်ဦးပိုင်းတွေမှာ )   ကျောင်းနေဖက် သူငယ်ချင်းတွေ အများစုဟာ  တစ်ချို့  သင်္ဘောသားတွေဖြစ်ကုန်ကျ တစ်ချို့  ဂျပန်တို့ လို နိုင်ငံတွေ ထွက်ကျနဲ့  ရန်ကုန်မှာ ကျန်နေတဲ့   သူငယ်ချင်းအရင်းကြီးတွေဆိုတာ လက်ချိုးရေလို့ ရလောက်အောင်  အတော်နဲသွားခဲ့ ပြီ
 ပြည်ပထွက်ခွာနေကြတာများ  တစ်ပြည်လုံး အနေအထားအရဆို   အစုလိုက်အပြုံလိုက်ကြီးကို  တိုင်းပြည်ကနေ ပြည်ပကို ထွက်ခွာကုန်တဲ့ အနေအထားမျိုးနဲ့  ကြုံနေရတဲ့  ခေတ်အခြေအနေမျိုးပါပဲ အဲ့ လို ခေတ်ထဲမှာ ကျနော်တို့ က   ပိုက်ဆံ နောက်မလိုက်ပဲ    လောကီပညာဆရာနား ကပ်ပြီး တပည့် လုပ် ပညာယူနေသေးတယ်ဆိုတာ  ဆရာနဲ့  ဆရာ့ ပညာအပေါ်  တော်ယုံ စိတ်ပါမှု့ မျိုးတော့ မဟုတ်ခဲ့ ဘူး...
ကိုယ်လိုချင်နေတဲ့ ပညာတွေ ကိုယ်လျှောက်ချင်နေတဲ့   လမ်းတွေ  လျှောက်လှမ်းခဲ့ ရတာ  ဘယ်လောက် ခက်ခဲသလိုဆိုရင် အဲ့ ခေတ်က   ကိုယ်နဲ့   ခေတ်ပြိုင်သူငယ်ချင်းတွေ  စီးပွားရေး သရဲမင်းရဲစီးကုန်ကြ ခွင်တွေ ရိုက်ကြ  သစ်တွေ ကျောက်တွေနောက် လိုက်ကြ   လူ့ အဖွဲ့ အစည်း တစ်ခုလုံး  လိုလိုရဲ့  စိတ်ထားတေံပြောင်းလဲသွားမှု့ ပုံစံတွေ အများစုက    ပိုက်ဆံမှ ပိုက်ဆံတွေဖြစ်  အကောင်းစားကားတွေ အပြိုင်အဆိုင်ဝယ်စီးလာကြ  ကားအကောင်းစားတွေ  ကားသော့ ချိတ်ကို ခါးချိတ် ဖေါ်လျှိုးတွေနဲ့ ပဲထုပြကြ    စင်တင်ဂီတစားသောက်ဆိုင်တွေမှာ ညည  ရူးကြမူးကြ ပျော်ပွဲတွေ ဆင်နွှဲလာကြ နဲ့  
ပိုက်ဆံချမ်းသာတာဟာ လောကထဲမှာ  မင်္ဂလာတစ်ပါးပဲ  လို့ ဆိုသလိုပါပဲ...
ဒီတော့   သန်တုန်းမြန်တုန်း ခေတ်ပြိုင် လူငယ်တစ်ယောက် အနေနဲ့  ခေတ်ထဲက သူတကာတွေလို ကျောင်းနေဖက်  သူငယ်ချင်းတွေ တစ်ချို့  ခွင်ရိုက်  ဖြစ်ထွန်း နေတာကို အားကျနေတတ်တဲ့   ဘ၀စတိုင်မျိုးတွေကို စိတ်ထဲက တပ်မက်မောမိနေတတ်သလိုမျို ဖြစ်နေတတ်ချိန်....
ကျနော်တို့ က အဲ့ ဒါတွေကို စိတ်မ၀င်စားပဲ ( တကယ်က   စိတ်မ၀င်စားချင်သယောင် ဆောင်ခဲ့ ရတဲ့ ဘ၀တွေပါ   ခ်   ငိငိ  ) ...ကိုယ်လိုချင်တဲ့  ပညာမှ ပညာဆိုပြီး   ပညာနောက် သည်းသည်းမဲမဲ လိုက်နေတဲ့ 
 စိတ်က  အဲ့ ခေတ်ကဖြစ်လာနေတဲ့ လူနေမှု့ ဘ၀စတိုင်တွေကို ဘယ်လောက်တောင် ဂရုမစိုက်ခဲ့ ဘူး  ငါတို့ တွေလည်း  လူငယ်တွေပဲ   မင်းတို့ လို့  ငါတို့ တွေလည်း  မင်းတို့ လို   လောကီ ချမ်းသာစည်းစိမ်တွေ  သဘော လိုချင်ပါသေးတယ် ဆိုတဲ့   စိတ်ကို  အတင်းချိုးနှိမ်ခဲ့ ပြီး..........
အဲ့ လိုတွေ ကိုယ့် အသက်ပိုင်းအလိုက် ကိုယ်တိုင်နဲ့  အတူ ကိုယ့်  ခေတ်ပြိုင် လူနေမှု့ ဘစတိုင်က ဖြစ်တည်လာနေတဲ့  အခြေအနေတွေ နဲ့  ကိုယ်သွားချင်နေတဲ့  လမ်းနဲ့  သီးခြားကြီးလို ကွဲထွက်နေတဲ
့  အခြေအနေ ဆန့် ကျင်ဖက်သဘောတွေကို  ရင်ဆိုင်ကျော်လွှားခဲ့ ရတာ သိပ်ကို ခက်ခဲ ခဲ့ ကြတယ်  ...
ပညာသဘောကိုသာ   အလိုရှိသူတွေအဖို့  ခေတ်က ဖြစ်နေတဲ့ အခြေအနေတွေကို ဂရုမစိုက်တော့  ငွေ အကြောင်းတွေ ဘ၀အနာဂတ်တွေ ထည့် မတွေးတော့ ပေါ့ လေ..။
ပြီးတော့   ကျနော်တို့  အာရုံတအားလာနေလို့   လုပ်နေကျ အလုပ်တွေ ငွေရှာနေတဲ့  သဘောတွေကို ခေါက်ထားပြီး  ငတ်ငတ်ပြတ်ပြတ်ဆိုပြီး   တစိုက်မတ်မတ် လိုက်ပြီဆိုတဲ့  လောကီပညာတွေ ဗေဒင်တွေဆိုတာ  ဗမာပြည်မှာ အများစု  လူ အထင်ကြီးမခံရတဲ့  ပညာရပ်တွေ သဘောတွေထဲမှာ စာရင်းမရှိ  မဟုတ်လား...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..