'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
'' စာခြောက်တန်း အခါတိုင် နဲ့  ပစ္စည်းပျောက် ''
'' စာခြောက်တန်း အခါတိုင် နဲ့  ပစ္စည်းပျောက် ''
--
ပစ္စည်းပျောက်လိုင်းက လာလာ မေးခဲလွန်းလို့  ထဲထဲဝင်ဝင်တော့ မလိုက်စားခဲ့ ဘူး ဒီလို့ ကေ့စ်တွေက တစ်နှစ်လုံး လက်တစ်ဖက်ချိုးလို့ မပြည့် ချင်ဘူး တစ်ချို့ နှစ်တွေဆို တစ်မှု့ မှတောင်မလာတတ်ဘူး..( ဒီတော့  စီးပွားရေး အမြင်ဖက်ကကြည့် ရင် စီးပွားရေးတွက်ခြေမကိုက်ဘူးပေါ့ ဗျာ )
ဒါပေမယ့်  အခါတိုင်နဲ့ ပတ်သက်တဲ့  စာခြောက်တန်း လင်္ကာတွေက အချက်အလက် ၃ ခုလောက်ကိုတော့ ပေါ့ ပေါ့ ပါးပါး ပြောပြလို့ ရတယ် ( ဘာအာရုံမှခံနေစရာမလိုဘူးပေါ့ လေ) ..၊ ဒိထက်လိုက်စားရင်တော့  အမည်အစတွေ ဘာညာနဲ့  ဒီ့ ထက် ဒီ့ ထက် ပိုပြောလို့ ရနိုင်ပါတယ်..
ဒီနေ့ သောကြာနေ့  မနက် ၉နာရီ စွန်းစွန်း ၁၀မီးနစ်လောက်မှာ မေးသူ အမျိုးသမီးလေး ၂ယောက်လာတယ် မွေးသက္ကရာဇ်ကို ပြောတယ် ( သူများအတွက်ပေါ့  )( ၅ရက် ၁လ ၈၆ တနင်္ဂနွေသမီး..အတွက်တဲ့  ( အိမ်မှာ ပစ္စည်းပျောက်လို့ တဲ့ ...ယတြာ မလိုချင်ဘူး ထိထိမိမိလေး ဘယ်သူလဲဆိုတာ သိချင်လို့ တဲ့  ) အဲ့ စကားလုံးတွေအတိုင်း အတိအကျပဲ ယတြာမလိုချင်ဘူးက ထားပါတော့  ထိထိမိမိလေးဆိုတာ ဘာမှန်းမသိဘူး အမှတ်တမဲ့ ဆို ပညာနဲ့ လူသတ်ပေးရမယ့် ပုံ ဟီးဟီး) ...ရွှေလားဆိုတော့  ဟုတ်တယ်တဲ့ 
အဲ့ ထိထိမိမိ ဆိုတဲ့ စကားကြောင့် နဲ့  ကိုယ်သိတာပဲ ပြောလေ့ ရှိတာ မသိတာကို ရမ်းမရွှီးဘူးဆိုတဲ့  သဘောထားကိုင်ထားလို့  ကျနော်ပြောနိုင်တာ ၃ချက်ပဲ ရှိတယ် ကျန်တာတော့ မပြောတတ်ဘူး ကျနော်ပြောတာထက်ပိုသိချင်ရင် အဲ့ လိုင်းသီးသန့် ဆရာ ဆရာမတွေရှိတယ် အဲ့ သွားမေးရင်ရတယ်...ဒီလိုင်းက ကျနော်တို့ လိုင်းမဟုတ်ဘူး..အမည်တွေဘာတွေလည်း မဖေါ်တတ်ဘူး နံလည်းမကောက်တတ်ဘူးလို့ အရင် စကားခံပြီးမှ နဂိုယာယီ စာခြောက်တန်း လင်္ကာကို စိတ်ထဲက ရွတ် အခါတိုင်လေး ကြည့် ပြီး အခါတိုင်က ပေးတဲ့  အချက် ၃ ချက်ကို ပြောပြလိုက်ပါတယ်...
(၁)
မေးတဲ့ အချိန်က တနင်္လာတိုင် (၀ါ) စန္ဒရော တိုင်ဖြစ်လို့  '' အင် တူ လက် မျှ နဂိုပ '' ခြေ စွပ် သိမ်း ယူ ယာယီယူ လော့ ''..ဆိုတဲ့  လင်္ကာအတိုင်း အိမ်အတွင်းလူမဟုတ်ဘူး အပြင်လူ လို့ အဖြေတစ်ခု ရတယ် အဲ့ ဒါကို နေ့ တိုင် (သောကြာနေ့ ဖြစ်လို့ သောကြာတိုင် ကလည်း ခြေစွပ်သိမ်းယူ ယာယီယူ လင်္ကာစဉ်ထဲမှာပဲ ဖြစ်နေတယ် ) ဒီတော့  နေ့ တိုင်ရော အခါတိုင်ပါ ယာယီ ၂ ထပ်ကိန်း ကျသွားလို့  အိမ်အတူနေမိသားစုထဲက မဟုတ်ဘူး အပြင်လူ (၀ါ) အိမ်ကိုလာလည်တဲ့  လူတစ်ယောက်ယောက်လက်ချက်ဆိုတာ အဖြေတစ်ခုထွက်တယ်
(၂)
အသက်ကြီးလား ငယ်လား လူကြီးလား လူငယ်လား သဘောကို အခါတိုင် စန္ဒရောတိုင်အတွက် '' ကြိုင် လှောက် မြဲ သို '' အရှင်ဂြိုလ် '' အ စ နှံ ရောင်း ကျွန်ဂြိုလ်ပေါင်း '' လင်္ကာအရ အသက်ကြီးပိုင်းထဲက (၀ါ) လူငယ်တွေထဲကမဟုတ်ဘူးပေါ့  နေ့ တိုင် သောကြာတိုင်ကလည်း ဒီလင်္ကာထဲပဲ ထပ်အကျုံးဝင်နေတော့  အသက်ကြီးပိုင်းထဲက (၀ါ) ပစ္စည်းရှင်နဲ့  ပညာ အသက် ဓန စသဖြင့်  တစ်ချက်ချက်မှာ လယ်ဘယ်တန်း (၀ါ) ပိုမြငိ့ နေသူဖြစ်ရမယ်ပေါ့  ( ယေဘူယျကတော့  အသက်လယ်ဘယ်တန်း ဒါမှမဟုတ်ကြီးရမယ် ပစ္စည်းရှင်ထက် အသက်မငယ်လောက်ဘူးသဘောက အနဲဆုံးသဘော ..
(၃)
ကျားလား မလားကို လိင်ခွဲတော့  အခါတိုင် စန္ဒရောတိုင်အတွက်က '' ခန်း နား သိမ်း ရ ဂြိုလ်မိန်းမ အောင် ဆု လည်း ပွား ဂြိုလ်ယောက်ကျား ''' လင်္ကာအရ မိန်းမတစ်ယောက်လက်ချက်လို့  အဖြေတစ်ချက်ရတယ် နေ့ တိုင်သောကြာတိုင်ကလည်း ခန်းနားသိမ်းရ ဂြိုလ်မိန်းမ လင်္ကာထဲ အကျုံးဝင်နေပြန်လို့  မိန်းမမှ မိန်းမစစ်စစ်လို့ အဖြေတစ်ခုထွက်လာတယ်...
ဒီတော့  ဒီရွှေကို မ သွားသူဟာ အသက်ကြီးပိုင်းထဲက အိမ်လာလည်တဲ့ အဝေးကလူ မိန်းမတစ်ယောက် မ သွားတာ ဖြစ်တယ် အတူနေ အိမ်သူအိမ်သားထဲက လူတွေ လက်ချက်မဟုတ်ဘူးလို့ တော့ ပြောပေးနိုင်တယ်ဗျား ဒီလောက်ပါပဲ ဒီ ထက်ပိုသိချင်ရင် အဲ့ ပစ္စည်းပျောက်လိုင်း သီးသန့် ဆရာတွေ ဆရာမတွေဆီသွားမေးလို့ ရတယ်လို့ ဆိုလိုက်တော့ .....
ခပ်သွက်သွက် အမျိုးသမီးလေးတစ်ယောက်က မိန်းမလား ? လို့  အာမေဋိတ်သံတစ်ချက်နဲ့  မျက်လုံးလေးပြူးပြီး ပြန်မေးလိုက်ပါတယ် သူ့ အမူအယာလည်း တစ်မျိုးဖြစ်သွားပါတယ်...ကျနော်က ဟုတ်တယ် မိန်းမပဲ အဲ့ ပစ္စည်းရှင်ထက် အသက်မငယ်ဘူး ပြီးခဲ့ တဲ့ရက်ပိုင်းလေးကမှာ အိမ်လာလည်သွားတဲ့ အထဲကမျိုးလို့ ဖြေလိုက်တော့ ...
အဲ့ အမျိုးသမီးလေးက သူ့ အဖေါ်နောက်အမျိုးသမီးလေးဖက်ကို ဖြတ်ကနဲ လှည့် ကြည့် လိုက်တော့  အဖေါ်အမျိုးသမီးလေးက သူ့ ပြန်ကြည့် လိုက်တော့  အဲ့ မှာ သူတို့ အချင်းချင်း ပြောလိုက်ပုံက
'' ဟိုနေ့ က အဲ့ မိန်းမတစ်ယောက်ထဲ အိမ်လာသွားတာ ဘိန်းမုန့် တွေတောင် ၀ယ်လာသေးတယ်လေ သုံးခွကမိန်းမလေ ''' တဲ့ ....
ကျနော်ကတော့  ဘာမှ ၀င်မပြောတော့ ပါဘူး လာမေးကတည်းက ပစ္စည်းပျောက်လာမေးရင် မေးသူတွေဟာ သူတို့ စိတ်ထဲ့ ယိုးစွပ်ထားတဲ့  အထင်တစ်ယောက်ယောက်ကို ထင်ပြီးသားတွေ များတတ်တယ်ဆိုတော့ လေ.....
နောက် နဲနဲပါးပါးဆက်ပြောလိုက်တာ အဲ့ တနင်္ဂနွေသမီး အသက် ၃၁ ကိုက ကံဆိုးနေတဲ့ နှစ်မို့ ပါ ရွှေ ကတော့  ပြန်ရဖို့ မလွယ်လောက်တော့ဘူး အခုလောက်ဆို ရောင်းတောင် တုတ်လိုက်ပြီလား မပြောတတ်ဘူး ဘာညာတွေပြောလိုက်တာလဲပါပါသေးတယ် ( စန္နရောတိုင်မှာ ပစ္စည်းရှင် တနင်္ဂနွေသမီးက ခိုက်မှာ ရွှေဆိုတဲ့  ဟူးနံက ထွက်ပျက် တိုင်ခြေမှာ လူရော ပစ္စည်းပါ တိုင်အောက်မှာချည်းပဲ)
သူတို့  သိလိုတာ သိသွားကြပုံရပါတယ် ကြက်သွန် အဓိကသုံးတဲ့  သူခိုးဖမ်းယတြာ တိုစိလေးတွေတောင် သိပ်စိတ်ဝင်စားပုံမရတော့ ပါဘူး စကားနဲနဲပါးပါး ပြောပြီးတော့  ဥာဏ်ပူဇော်ခပေါ့ လေ....ကျနော်က ဒီအတွက် ဗေဒင်ခ ပေးစရာ မလိုပါဘူးဗျား ဒီလောက်ကလေးပဲ ပြောပေးရတာဘာညာနဲ့  ရယ်ရယ်မောမောနဲ့  ငြင်းပယ်လိုက်ပါတယ်....သူတို့ လည်း အံ့ အားတွေသင့်  ပျော်ပြီး လာရာအရပ်သို့ ပြန်လေသတည်းပေါ့ ဗျာ...
အဲ့ လို ထိုင်ပြောနေတဲ့  အခု သောကြာနေ့  မနက် ၉နာရီကျော်မှာ ကျနော်မျက်နှာမသစ်ရသေး မနက်မုန့် မစားဖြစ်သေးဘူး အခါတိုင်အတွက် နာရီတစ်ချက်လှမ်းကြည့် ပြီး ရေတစ်ခွက်သောက်ပြီး ထိုင်ပြောနေတာပါဗျား... :P 😁
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..