Powered By Blogger

Wednesday, December 7, 2016

ငွေဆောင်(၉)







ငွေဆောင်(၉)
--
အဲ့ မှာ ၂ ဘီးဆိုင်ကယ်ရော၎ ဘီးဆိုင်ကယ်ပါ ငှားတယ် စက်ဘီးလည်းငှားတယ် မြင်းလည်းရှိတယ်.. တစ်နာရီဘယ်လောက် နာရီဝက်ဘယ်လောက်ပေါ့ လေ ဆိုင်ကယ်တွေက ကိုယ်တိုင်မောင်းချင်လည်း မောင်းတတ်ရင် ရော့ ယူသွားဆိုပြီး ပေးလိုက်တာပဲ သောင်ပြင်တင် စီးကြတာဆိုတော့  ခိုးပြေးသွားမှာ စိတ်မပူရဘူးနဲ့ တူလို့ ပေါ့ လေ..အဲ့ ငွေဆောင် သောပြင်တန်း အရှည်က သူတို့ ပြောချက်အရ ၉မိုင်ခွဲလောက်ကို ရှည်သတဲ့ ဗျာ..ဒါနဲ့  စီးဘူးတယ်ရှိအောင်နဲ့  သဲဆွဲလို့ မမှောက်လောက်ဘူးထင်တဲ့  ၄ ဘီးဆိုင်ကယ်တစ်စီးကို မေးစမ်းကြည့် တော့  နာရီဝက် ၈ထောင် တစ်နာရီ တစ်သောင်းခွဲတဲ့  ၄ယောက်လောက်စီးလို့ ရတယ်..မောင်းရတာလည်း လွယ်တယ် အဲ့ တော့  အကြာကြီးလည်း မစီးချင်ဘူး ကိုယ့်  အဆောင်ကနေ ဟိုး နဲနဲ လှမ်းတဲ့  ချစ်သူများကျွန်းဖက်ကိုသွားချင်ယုံလေးဆိုတော့  ၅ထောင်ဖိုးလောက် စီးလို့ ရမလား ချစ်သူများကျွန်းလေးဖက် အသွားအပြန်လောက်ပဲ စီးချင်တာလို့ ဆိုတော့  အငှားသမားလူငယ်လေးက ရသတဲ့  ( ခိခိ အဲ့ လိုတွေ ဈေးကွက်ဖြက်တာ ငိငိ)

ဒါနဲ့  အဲ့ လေးဘီဆိုင်ကယ်လေးကို ငှားစီးဖြစ်တော့ တာပါပဲ...ဆိုင်ကယ်က မဆိုးပါဘူး ရေစပ်စပ်ကနေမောင်းလိုက် သဲမာတွေအပေါ်ကမောင်းလိုက်ပေါ့  အဆောင်ကနေ ကျောက်ကလာင်စေတီလေးတွေကို ဖြတ် အဲ့ ကနေ ကျွန်းကို ဆက်သွားပေါ့ လေ...ရေကျနေတော့  သဲသောင်ပြင်လမ်းက ရေပေါ် ပေါ်နေလို့  ကျွန်းနားအထိရောက်တယ်..( ရေတက်ဆိုရင် အဲ့  သောင်လမ်းလေးက ရေမြုတ်သွားတာ အနက်ဆုံးနေရာက ရင်ခေါင်းလောက်အထိ ရှိတယ်လို့ ဆိုတယ်...အဲ့ အချိန်ဆို လှေနဲ့ ကူးရသတဲ့  အဲ့ မှာ လှေတွေလည်းတွေ့ ခဲ့ ရသေးတယ် တောင်သမန်အင်းထဲက လူအငှားလိုက်ပို့ တဲ့ လှေတွေစတိုင်မျိုးပေါ့ လေ.....ငှက်ပျောသီးလို့ ခေါ်ကြတဲ့ အပျော်စီးပဲ့ ထောင်ရောဘာလှေရှည်တွေလည်းရှိတယ်  စီးတော့ မစီးခဲ့ ပါဘူး


ဆိုင်ကယ်သမားဒေသခံကို ဟို နှစ်နှစ်လောက်က ဒီချစ်သူများကျွန်းကို ရေအတက်မှာ ရေထဲက လမ်းလျှောက်အပြန် ရေဆွဲထဲပါသွားလို့  အမျိုးသမီးလေး နှစ်ယောက် ဂိသွားတဲ့ အကြောင်းတောင် စပ်စုခဲ့ သေးတယ် ဟုတ်တယ်ကနေ အဲ့ အမျိုးသမီးလေးတွေအကြောင်း ရာဇ၀င်အူပေါက်ခင်းပြပါရောဗျာ...သူတို့ တကယ့် ခရီးစဉ်က ချောင်းသာကတဲ့  အဲ့ ကနေ ငွေဆောင်ကို ကူးလာကြတာလို့ ဆိုတယ် ( ချောင်းသာနဲ့ ငွေဆောင်က တိုက်ရိုက်ကူးရင် ၁၁မိုင်လောက်ပဲဝေးဆိုလားပဲ..) ..အဲ့ ချောင်းသာ ငွေဆောင်လမ်းခွဲကနေပဲ မော်တင်စွန်းဖက်လည်း သွားလို့ ရတဲ့ လမ်းခွဲရှိသေးတယ် မိုင်တော့ ဝေးတယ်ဆိုတယ်...၊ အဲ့ ချစ်သူများကျွန်းကနေပြန် ကိုယ့် အဆောင်ကျော်နောက်ထပ် ဟိုး ရှာတန်းရှည်ဖက် ဆက်မောင်းသွား ဟိုတယ်ဇုံတွေ အများကြီးဆုံးတဲ့ အထိလစ် အဲ့ ကနေပြန်ကွေ့ လာပေါ့ လေ...စီးချင်တာစီး သွားချင်တာ သွားလိုက်ရလို့  ၅ထောင်တော့  တန်သားပဲပေါ့ လေ...

ယုဇနရီဇော့ က မနက်မုန့် စာက ဖရီးကျွေးတယ် ၂ ယောက်ခန်းအတွက် တွတ်တီးစားလက်မှတ် ၂စောင်ပေါ့ လေ..။ ဒါနဲ့  သွားစားတာပေါ့  ဟိုရောက်တော့  ဘူဖေးမနက်မုန့် စာသဘောဖြစ်နေတယ် ကြာဇံကြော အုန်းနို့ ခေါက်ဆွဲ လဘက်ရည် အအေး စမူစာ ပြောင်းဖူးဖက်လိပ်ကြော် ကြက်ဥကြော်တွေ ဖရဲသီးစိတ်တွေ နောက် ဘာတွေလည်းမသိပေါ့ လေ..ကိုယ်စားနိုင်တာ စားချင်တာလောက်ပဲ ကိုယ့် ဟာကိုယ်ကောက်ထည့်  ၀ါးတီးဆွဲပေါ့ လေ...

အဲ့ မှာ ချောင်းသာနဲ့ ငွေဆောင် ဘာကွာလည်းတွေလျှောက်စပ်စုတာပေါ့  ချောင်းသာက စားရိပ်ပိုကုန်တယ်ဈေးကြီးတယ်လို့ ဆိုတယ် လူလည်းများတယ်လို့ ဆိုတယ် နောက် ဈေးသည်တွေပေါ်လို့  စည်းကမ်းနဲနဲ ပျက်နေတယ်လို့ ဆိုတယ်. ဒီတော့  ငွေဆောင်က စည်းလည်းရှိသေးတယ် လူက ချောင်းသာလောက်များလို့ သောင်ပြင်က သန့် နေသေးတယ်ပေါ့ လေ...ဒါပေမယ့် သဲသောင်ပြင် နင်းရတာမှာ ချောင်းသာသဲသောင်ပြင်က ငွေဆောင်က သဲသောင်ပြင်ထက် ပိုမာပြီး ပိုပြေပြစ်တယ်လို့ ဆိုတယ်  ငွေဆောင်ရေနဲနဲအနက်နေရာက သဲက နင်းလိုက်ရင် နဲနဲ ခွက်ခွက်သွားချင်သတဲ့   ဟုတ်မဟုတ်တော့ မသိဘူးပေါ့ လေ. ကျောက်ဆောင်ကြတော့  သိပ်မကွာလှပါဘူးလို့ ဆိုတယ်..ငွေဆောင်မှာတော့  ဈေးလွှတ်ကြီး အထပ်မြင့် တိုက်တွေနဲ့ ရေကူးကန်ကြီးတွေနဲ့  ရှိတဲ့ ရီဇော့ တွေလိုလို ဟိုတယ်ကြီးတွေလိုလိုဖက်ကတော့  ကျနော်တို့ တည်းတဲ့  ယုဇနရီဇော့ ဖက်ထက်ကျောက်ဆောင်နဲပြီး သောင်ပြင်ပိုကျယ်တာ သတိထားမိတယ်ပေါ့ လေ..အဲ့ ချစ်သူများကျွန်းနဲ့  ကျောက်ကလာပ်စေတီလေးတွေကြားမှာ  လွှတ်ဈေးကြီးတဲ့  ဒေါ်လာပေါက်ဈေးနဲ့ ယူတဲ့  ရီဇော့ တွေရှိတယ် ၊ အဲ့ မှာ တိုးရစ်တွေ အများဆုံးတွေ့ ရတယ်  ဈေးလွှတ်ကြီးမှ အကောင်းစားထင်တတ်တဲ့  ဘောစိအလွှာဆိုသဟာတွေလည်းအဲ့ မှာ အများဆုံးပေါ့ လေ  ဒီကအမြင်ဆို တဲအိမ်ပုလေးတွေ ပေါ့  တိုးတွေအတွက်တော့ အထူး အရှေ့ စတိုင် ဘန်ဂလိုတဲလေးတွေရှိတယ်  အလွတ်လပ်ဆုံး နေလို့ ရတဲ့  ခေတ်မှီစတိုင် တဲလေးတွေပေါ့ ဗျား.. ပင်လယ်ကတော့  ဒီပင်လယ်ပါပဲ.( အဲ့ လိုပဲ ပြောရတာပေါ့  ကိုယ် မှ တစ်ညကို တစ်သိန်းခွဲ ပေးမှ မပေးနိုင်တာလေ ..ခ်.) .။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..