Powered By Blogger
Wednesday, December 7, 2016
လေးဘီးကားသမားဘ၀မှာ....( ၈ )
လေးဘီးကားသမားဘ၀မှာ....( ၈ ) ( ပညာသင်သားဘ၀ကို  အစပျိုးရပုံလေးပါ   :P    😁)
------
ဘော်ဒီရုံမှာ ကားပြန်ပြင်နေတုန်း အဲ့ သည်းထိပ်ရင်ဖို မသေကောင်းမပျောက်ကောင်း ဖွဟဲ့  ကျွဲခေါင်းနွားခေါင်းအကြောင်းတွေ ဖြုံပြီး ဆရာ့ ကိုပြန်ပြောတော့  ဆရာက အဲ့ မှာ စပြီး ကျနော့် အိပ်ချည်ကြိုးတွေ စလွယ်သိုင်းလို့  န၀င်းယတြာဆိုတာကြီး ရွှေတိဂုံဘုရားက  ဒဂုန်ခင်ခင်လေးတန်ဆောင်ထဲမှာ န၀င်းပွဲပြင်ပြီး ယတြာ ခြေပေးထားလိုက်တော့ တာပါပဲ  ဘာမှတော့ သိပ်ပြောမနေတော့ ပါဘူး
သူ့ တပည့် ရဲ့ သူငယ်ချင်းဖြစ်နေတာရဲ့  သူ့ ဆိုင်မှာ ကားမဆွဲပဲ ငုတ်တုတ်လာလာထိုင်နားထောင်နေတတ်တာကြောင့်  ရင်းနှီးသလိုဖြစ်နေတာကြောင့် ပေါ့ လေ..တစ်သက်လုံးမှာ ဟုတ်တိပတ်တိ လေးလေးစားစား ပထမဆုံး ယတြာခြေဖူးတဲ့ အဖြစ်ပေါ့ ...ကိုယ့်  အသက်နဲ့ တိုက်ရိုက်ပတ်သက်လာပြီဆိုတော့ လေ..၊ သူငယ်ချင်းက ဘေးကနေ သဘောကျနေလို့ ပေါ့  အဲ့ သူငယ်ချင်းက သူ့ ဆရာကို  စတိတ်တုန်းက သူနဲ့ ဆိုးဖက်သူငယ်ချင်းက လေးစားပြီဆိုတော့  သူက အဲ့ မှာ ပီတိတွေဖြာ ဘာညာတွေပါ ကျေနပ်နေတာမျိုး...၊ပြီးတော့  သူက ကျနော့် ကို  သူ့ ဆရာဆီမှာ လေ့ လာသူလိုလို သုတေသီလိုလို ၀ါသနာရှင်လိုလို ဟိုလိုလိုဒီလိုလိုကနေ ပေါ်တင် တပည့် ကို ခံစေချင်နေတာမျိုး.... 
နောက်ဆုံးယာဉ်တိုက်မှု့ ဖြစ်လို့ ဘော်ဒီရုံကနေ ကားပြန်ထုတ်လာတော့ အဲ့ ကားဆွဲရတာကို တော်တော့် ကိုစိတ်မပါတော့ ဘူး အဲ့  ဆရာ့ ဗေဒင်ပဲ သင်ချင်နေတဲ့ စိတ်က အတော်ပြင်းနေပြီ အဲ့ မှာ အိမ်က အဖေက ကျနော်ပုံစံတွေက ပုံမလာဘူးဆိုတာ ရိပ်မိနေပြီ  ဟန်ပျက်နေပြန်ပြီပေါ့ လေ..( အဖေတွေဆိုတာ အဲ့ လို့  အမှတ်တမဲ နေသလိုလို သားသမီးတွေကို ချက်နေတာ အမြင်တော်တာ မတော်တာ တော်ယုံနဲ့  ဒဲ့ မလွှတ်တတ်သေးဘူး) ဒါပေမယ့်  ပွဲရုံအလုပ်တွေများနေတာက ကျနော် တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ သိနေပေမယ့်   တိုက်ရိုက်မလာသေးဘူးပေါ့ လေ ၊
အဲ့ လိုတွေ စိတ်တွေ ဖယိုဖရဲဖြစ်နေရာကနေ သိပ်မကြာခင် ဆရာ့ ကို အရင် ဒဲ့ ပြောလိုက်တယ်  သင်မယ်ပေါ့ လေ  ( အဲ့ မှာ သူငယ်ချင်းက ဆရာနဲ့ ကျနော့် ကြားပွဲစားလုပ်တာ သူက ကျနော့် ကို သူ့ ဆရာဆီကို ချွန်  ဆရာကိုတော့  ကျနော့် ကို တပည့် အဖြစ်လက်ခံပြီး  သင်ပေးလိုက်ဖို့ ဝင်ပြောလေး) အဲ့ မှာ ဆရာက သင်တန်းကြေးဆိုပြီး စတိလေးအယူပြပြီး သင်ပေးမယ်  ဒါပေမယ့်  မင်းအိမ်က မိဘတွေ သိမှ လက်ခံမှ သင်ပေးမယ် လုပ်ရောဗျာ....( အဲ့ မှာ နဲနဲတော့  ညစ်သွားတော့ တာပေါ့ လေ  ဟီးဟီး) ဒါပေမယ့်  ကျနော်တို့ စရိုက်တွေကလည်း တစ်ခုခုကို အာရုံကျလို့  လုပ်ပြီဆို ရေဆုံးကုန်းဆုံး ဇွတ်ကြီးတွေ ဆန်တယ် အဲ့ တော့  အမေ့ ကိုပြောကြည့် မယ်  ပြောလို့  ရရ မရရ သင်မှာပဲဆိုတဲ့  စိတ်ကတော့  ဖြစ်နေပြီ အဲ့ မှာ အိမ်ကို ဗေဒင်သင်မယ်ဆိုတဲ့ အကြောင်း ဖွင့် ပြောမယ်ပေါ့ လေ..ဆရာ့ ကိုတော့  ဟုတ်ကဲ့ ပေါ့ ...
အဲ့ မှာ အမေ့ ကို ကျနော်ဗေဒင် သင်မလို့  ရွှေတိဂုံဘုရားမှာ ဆရာက ဘယ်သူဘာညာတွေ ...သင်ချင်တယ်အမေရာ ပညာကကောင်းတယ် အိမ်အတွက်အကျိုးရှိတယ် ဘာညာတွေနဲ့  ကပ်ပြီး ငိုပြလိုက်တော့ 
အမေက ဗေဒင်ဆိုတာနဲ့  စိတ်ဝင်စားသွားပုံရတာနဲ့  နေဦး စဉ်းစားဦးမယ်ဆိုပြီး နောက်ါနေ့ ကြတော့ မှ  အဲ့ ဆရာ ဆီလိုက်တွေ့ ဦးမယ်တွေဘာတွေဖြစ်လာတယ်  ဆရာ့ အစွမ်းတွေကို သိထားတော့  အဲ့ မှာ ပျော်ပြီလေ ဖြစ်သွားတော့ တာပေါ့  ကိုယ့် ဆရာ ဖြစ်လာမယ့် ဆရာ့ ရဲ့ တော်ကီတွေမှာ မျောသွားမယ်ဆိုတာ ကြိုတွက်လို့ ရနေပြီလေ 
( အဲ့ မှာ နှစ်ကိုယ့် တစ်စိတ်လင်မယား သဘောက အဖေတို့ အမေတို့ လင်မယားမှာ ပေါ်လာတာပဲ အမေက သား ဗေဒင်သင်ချင်လို့ ဆိုတာ သားက သူ့ ကို နှစ်ကိုယ်ကြားလေး လာငိုပြနေတာ အင်းအင်းအဲအဲ လုပ်ထားပြီးမှ  အဖေ့ ကိုပြောလိုက်ရော အဖေက အဲ့ ဆရာကို လိုက် အကဲခတ်ကြည့် လို့  အမေ့ ကို ပြန်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာစားသွားပါသည် လုပ်လိုက်တာ ကျနော်က မသိခဲ့ ဘူး )
အဲ့ မှာ နောက်နေ့ ကြတော့  အမေ့ ကို ဆရာ့ဆီကို ခေါ်သွားတော့ တာပါပဲ...( အဲ့ မှာ မိဘတွေနဲ့  ကိုယ် လွှတ်ကြည်ညိုနေတဲ့  ဆရာကြား ကျနော် ဒိုင်လျို ခွင်ရိုက်ခဲ့ ရတာလေးရှိသေးတယ်..ကျနော်က ကျနော့် လူတွေ လို့ သတ်မှတ်လိုက်စိတ်ဝင်သွားရင် အဲ့ ကျနော့် လူတွေဖက်က နဲနဲဘက်လိုက်တတ်တဲ့ အကျင့် လေးရှိတယ်  ဒီတော့  ကိုယ့် ဆရာက အခကြေးငွေနဲ့  သင်ပေးတာ ဆိုတာ မိဘတွေကို မသိစေချင်ဘူး  အထူးသဖြင့်  ကုန်သည် ပေသီး အတွက်သမားဖြစ်နေတာ သိပ်မကြာခင်ကမှ လူသေလူဖြစ် ရှင်ဥက္ကဌတို့ သ္ခင်မြတ်ဆိုင်တို့ ရဲ့ အယူအဆတွေကနေ ကျွတ်တန်းဝင်လာသလိုဖြစ်တဲ့ လူကြီး  ( ရှင်ဥက္ကဌ၀ါဒီနောက်ပါသွားတုန်းက ဆရာတော် ပျံလွန်တော်မူတဲ့ နတ်မှီတော်ရကျောင်း ဈာပနပွဲတောင် ပြေးတက်ခဲ့ တဲ့ အထိပဲ  ကမ္ဘာအေးမှာ ဓမ္မအဓမ္မ ဆုံးဖြတ်ပွဲ လုပ်တော့လည်း တကူးတက သွားသွားနားထောင်ခဲ့ သေးတာမျိုး  )  ပြီးတော့   အဖေက ရဟန်းဒကာပေါ်ခါနီးမှ လူထွက် တောကနေမြို့ တက် စီးပွားလုပ် မိန်းမရလာတဲ့  လူခွစာဆန်ဆန်ကြီးဆိုတော့ သူနဲ့ ခေတ်ပြိုင် အသက်ချင်းသိပ်မကွာတဲ့  ဆရာ့ ကို အထင်သေးသွားမှာ မျိုး ကျနော်က  အဖြစ်မခံနိင်ဘူး...အဲ့ မှာ ဆရာ့ ဆီမှာ သင်တန်းကြေးပေးတက်တာဆိုတဲ့  အချက်ကိုတော့  ဒိုင်လျိုထားတာပေါ့ လေ..၊ 
ဆရာ့ ကိုကြတော့  အိမ်ကိုတော့ ပြောလိုက်ပြီးပြီဆရာ အိမ်က မီးစိမ်းပြတယ် အမေက ဆရာနဲ့ တွေ့ ချင်တယ်လို့ တော့ပြောတယ်  အဲ့ ဒါခေါ်လာခဲ့ မယ်နော်ဆရာတွေဘာတွေနဲ့  ရေမြောင်းသွားဖေါက်ပေါ့  အမေက ဆရာကို လိုက်ကြည့် သူ့ သားရဲ့  ဆရာက ဘယ်လိုဆရာမျိုးလဲ ဆိုတာ လိုက်ပြီး ချက်ကင်ဝင်မှာမျိုး ဆိုတာတော့  ဆရာ့ ကို ဒိုင်လျိုထားပေါ့ လေ  ဗေဒင်လာတွက်မလိုလိုဘာလိုလို နဲ့  ကြိုလမ်းကြောင်းထားလိုက်တာမျိုးပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..